(၇)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာကြသော နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ဂျပန်လွှတ်တော် ဥက္ကဋ္ဌများ တွေ့ဆုံ
တိုကျို ဇူလိုင် ၃
(၇)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး
အစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအဝင်
နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် လွှတ်တော် ဥက္ကဋ္ဌများသည် ယနေ့
ညနေပိုင်းတွင် ဂျပန်နိုင်ငံ လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံ ဆွေးနွေးကြသည်။
ညနေ ၄ နာရီတွင် နိုင်ငံအကြီးအကဲ၊
အစိုးရအဖွဲ့ အကြီးအကဲများနှင့် ဂျပန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ
တာဒါမိုရီ အိုရှီးမာ တို့တွေ့ ဆုံဆွေးနွေးကြသည်။
ဆက်လက်၍ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဂျပန်နိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ မာဆာကီ ယာမဇာကီတို့ တွေ့ဆုံ ဆွေးနွေးကြသည်။
ထို့နောက် သမ္မတနှင့် အဖွဲ့ဝင်များသည်
အောက်လွှတ်တော် ကျင်းပရာနေရာကို လှည့်လည်ကြည့်ရှု လေ့လာပြီး
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့သည်။
မြ၀တီ.. Written by
ရွှေတည်
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
0 comments:
Post a Comment