Monday, July 20, 2015

တနေ့တာလုပ်အားခ နှစ်ထောင်ကျပ်ရရှိရန် အလုပ်သမား ၁၇၀၊ခန့်တောင်းဆို

Leave a Comment
တနေ့တာလုပ်အားခ နှစ်ထောင်ကျပ်ရရှိရန် အလုပ်သမား ၁၇၀၊ခန့်တောင်းဆို



ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဈေးချိုမြောက်ရပ်ကွက်၊မင်းလမ်းမှာ ဇာဖောက် စက်ရုံအလုပ်ကသမားတွေ၊လုပ်ခလစာတိုးမြှင့်ပေးဖို့းအတွက်၊သပိတ်မှောက်တောင်းဆိုခဲ့ကြကြောင်းသိရသည်။

ကြို့ပင်ကောက်မြို့ တင်ဟော့ အထည်ဇာဖောက် စက်ရုံမှဝန်ထမ်းအလုပ်သမားများ(၁၇၀)ကျော်အား တစ်နေ့ လုပ်ခ(၁၀၀၀)ကျပ်ပဲရသောကြောင့် အနည်းဆုံး တစ်နေ့တာလုပ်အားခငွေ(၂၀၀၀)တိုးမြင့်ပေးဖို့ အနေနဲ့ အခြားတောင်းဆိုချက်(၁၂)ချက်ကို တောင်းဆိုရင်း အဆိုပါအလုပ်ရုံထဲမှာ အလုပ်မလုပ်ပဲ ဇူလိုင် ၁၀ရက် နေ့လည် ၁၁၊နာရီခန့်မှာစတင်သပိတ်မှောက်နေခဲ့တာဖြစ်ကြောင်းသိရသည်။

 “တနေ့ကိုအလုပ်ချိန်(၈)နာရီ ပဲထားဖို့ နဲ့ လုပ်ခ(၂၀၀၀)ကျပ်ပေးဖို့၊ပန်းထိုးကြေးကိုလဲ၊ပုံမှန်ရှင်းပေးဖို့၊တောင်းဆိုနေတာ။အခုကခေါင်းပုံဖြတ်ထားတာ။တနေ့တစ်ထောင်ပဲရတယ်။တနင်္ဂနွေနေအလုပ်မဆင်းရင်ရက်မှန်ကြေးတွေထဲကဖြတ်ကြတယ်။၊လူမှုဖူလုံရေးဖိုးဆိုပြီး၊တစ်လကို(၆၀၀)ကျပ်ဖြတ်သေးတယ်၊လူမှုဖူလုံရေးဆေးခန်းတော့သွားပြလို့မရဘူး၊လုပ်အားခတစ်ထောင်နဲ့ဘာမှလုပ်စားလို့မရလို့ခုလိုလုပ်ကြတာပါ။” ဟုဇာထိုးပန်းထိုးဝန်ထမ်း မချယ်ရီ မှသမဂ္ဂဂျာနယ်သို့ပြောသည်။

  ဇူလိုင်လ(၉)ရက်နေ့တွင် ၊ဇီးကုန်းမြို့(တင်ဟွာ ဇာထိုးပန်းထိုး)စက်ရုံက၊အလုပ်သမား(၄၀၀)ကျော်၊လုပ်ခလစာတိုးပေးရေးကိုသပိတ်မှောက်ခဲ့ကြပြီး ဇူလိုင် ၁၀၊ရက်နေ့မှာ ကြို့ပင်ကောက်မြို့ တင်ဟော့ (ဇာဖောက်)စက်ရုံကအလုပ်သမား(၁၇၀) ကျော်က၊တောင်းဆိုခဲ့ကြတာဖြစ်ကြောင်းသိရသည်။အဆိုပါစက်ရုံ(၂)ရုံစလုံးက၊နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့စက်ရုံတွေဖြစ်ကြောင်းသိရသည်။ကြို့ပင်ကောက်မြို့မှာရှိသည့် စက်ရုံကို ၂၀၁၄-ခုနှစ်၊နိုဝင်ဘာ(၁၉)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး၊စက်ရုံ(၂)ရုံစလုံးမှာ တရားဝင်ခွင့်ပြုမိန့်မရှိ သေးပဲဖွင့်လှစ်နေခဲ့တာဖြစ်ကြောင်းသိရသည်။

“လိုင်စဉ်မရှိသေးတာကတော့၊အမြန်တင်ခိုင်းထားပါတယ်၊ခရိုင်ထဲမှာဖြစ်တဲ့အတွက်သက်ဆိုင်ရာတွေအားလုံးမှာတာဝန်ရှိပါတယ်။အလုပ်သမားနဲ့ အလုပ်ရှင်ကြားဝင်ရောက်ညှိနိုင်းဖြေရှင်းမှုတွေလုပ်ထားပြီးပါပြီ။နှစ်ဦးနှစ်ဘက်အဆင်ပြေစေဖို့ပါပဲ။”ဟု သာယာဝတီခရိုင်ဦးစီးမှူး အလုပ်သမားဝန်ကြီးဌာန ဒေါ်သန်းစော မှသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါစက်ရုံတွင် အလုပ်သမားဝန်ထမ်းများတောင်းဆိုထားသည့်အချက်များစွာထဲမှ တချို့အချက်တွေကိုကြေနပ်မှုမရှိသော်မိမိတို့ရည်မှန်းထားသော လုပ်အားခတိုးမြှင့်ပေးမှုများနှင့်အလုပ်သမားအခွင့်ရေးအနည်းငယ်ရရှိခဲ့သဖြင့်ညှိနိုင်းဖြေရှင်းမှုများကို ထိုနေ့ ညနေ(၆)နာရီထိုးတွင် အလုပ်သမားထဲမှကိုယ်စားလှယ်တွေ အလုပ်ရှင်တွေနှင့် အာဏာပိုင်တွေ (၃)ပွင့်ဆိုင်ညှိနှိုင်းခဲ့ပြီး၊အလုပ်သမားတွေ တောင်းဆိုထားတဲ့အချက်တွေထဲမှ တနေ့တာလုပ်အားခ (၁၅၀၀)ရရှိသွားခဲ့သည်။ အလုပ်သမားတွေ၊လူစုခွဲပေးလိုက်ကြပါတယ်။နိုင်ငံတော်အနေနှင့်တနေ့တာလုပ်အားခ ၃၆၀၀၊ကျပ်အား လွှတ်တော်တွင်းတင်သွင်းထားခဲ့ရာ လာမည့်စက်တင်ဘာလတွင် အတည်ပြုဆုံးဖျက်ပေးမည်ဖြစ်ကြောင်းသိရပြီး လတ်တလောတနေ့တာလုပ်အားခ ၁၅၀၀-ကျပ်ဖြင့်ရပ်တန့်ကာ လွှတ်တော်မှာ တစ်နေ့တာလုပ်အားခ ၃၆၀၀-ကျပ်အတည်ပြုပြီးပါကဆက်လက်တောင်းဆိုသွားမှာဖြစ်ကြောင်းသိရသည်။

မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်..
တင်ဆက်..ပြည်သတင်းလူငယ်(09253311019)

0 comments:

Post a Comment

Facebook Like Page