Monday, July 13, 2015
ပထမဦးဆုံးအကြိမ် ရပ်/ကျေးရုံးများမှ တစ်အိမ်တက်ဆင်းမဲစာရင်း ပြုပြင်ပြန်လည် ကောက်ခံပေးနေ
ပထမဦးဆုံးအကြိမ် ရပ်/ကျေးရုံးများမှ တစ်အိမ်တက်ဆင်းမဲစာရင်း ပြုပြင်ပြန်လည် ကောက်ခံပေးနေ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း အခြေခံဆန္ဒမဲစာရင်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှနယ်မြေအလိုက် တစ်အိမ်တက်ဆင်းလိုက်လံစာရင်းပြုပြင်ဆင်မှုများပြုလုပ်လျှက်ရှိကြောင်းသိရသည်။
အဆိုပါမြို့နယ်လုံးကျွတ်မဲစာရင်းများ ဖြည့်စွတ် အမှားပြင်ဆင်ချက်များပြုလုပ်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင် ၂ရက်နေ့တွင် ရွှေတောင်မြို့နယ် ရှေးဟောင်းသမိုင်းဝင်ရွှေမျက်မှန်ဘုရားကြီးရင်ပြင်တော်ပေါ်တွင် ယွန်းတန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးလမ်းညွှန်အကြံပြုချက်များအရစည်းဝေခေါ်ယူကာဇူလိုင်လ ၄၊ရက်နေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်အိမ်တက်ဆင်းလိုက်လံ အမှားပြင်ဆင်လိုအပ်တာများဖြည့်ဆည်းကောက်ယူနေခဲ့တာဖြစ်ကြောင်းသိရသည်။
“စာရင်းတိကျခိုင်မာအောင်မဲမမေးလိုက်ရမရှိလေအောင်စီစဉ်လိုက်တာပါ။ ကောက်ကွက်နယ်မြေ၁၅၊ခုရှိတယ်။သူအဖွဲ့နဲ့သူလိုက်ကောက်ကြတာပါ။မဲစာရင်းလာကြည့်တဲ့သူလည်းနည်းတယ်။လက်လုပ်လက်စားသမားတွေလာမကြည့်ဘူး။ဒါ့ကြောင့်ခုလို တစ်အိမ်ဆင်းတက်လိုက်လံကောက်ယူခဲ့တာအမှားစာရင်းတွေပြန်လည်ဖြည့်စွတ်ပြင်ဆင်ပေးပါတယ်။ကျွန်တော်တို့လိုနည်းစနစ်လေးနဲ့ တစ်နိုင်ငံလုံးက ရပ်/ကျေးအုပ်ချုပ်ရေးရုံးတွေပြုလုပ်ဆောင်ရွက်သွားစေချင်ပါတယ်။”ဟု ဦးချစ်လှ ယွန်းတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မှသမဂ္ဂဂျာနယ်သို့ ပြောသည်။
အဆိုပါရွှေတောင်မြို့နယ်အတွင်း အမှတ်(၁)၊အမှတ်(၂)မဲရုံစုစုပေါင်း ၁၁၃၊ရုံရှိပြီးး ဆန္ဒမဲပေးပိုင်ခွင့်လူဦးရေစာရင်းမှာ ၉၂၉၁၉(ကိုးသောင်းနှစ်ထောင်ကိုးရာဆယ့်ကိုး)ဦးရှိကြောင်းသိရသည်။မြန်မာနိုင်ငံအတွင်းယခုကဲ့သို့ မဲဆန္ဒရှင်စာရင်းအမှန်ရရှိရန်နှင့် တိကျခိုင်မာသော မဲဆန္ဒရှင်စာရင်းများကို ရပ်/ကျေးရုံးများအနေဖြင့် ပထမဦးဆုံး ရွှေတောင်မြို့နယ်မှာ စတင်ကောက်ယူခဲ့တာဖြစ်ကြောင်းသိရသည်။
“အခုလိုလိုက်ကောက်တော့ ကျွန်မတို့ပြည်သူတွေအလုပ်မရှုပ်ရတော့ဘူးပေါ့။မဲစာရင်းသွားကြည့်ဖြစ်ပါတယ် အမှားတွေပါနေတယ်။ခုရုံးသွားပြီး ပုံစံစာရွက်တွေမလိုပဲပြင်ဆင်လိုက်တော့ အချိန်တိုအတွင်းစာာရင်းအမှန်ရတယ်။လက်လုပ်လက်စားအလုပ်သမားတွေပိုအဆင်ပြေတဲ့နည်းပါ။အခုလိုလိုက်ပြီး စာရင်းကောက်ပေးတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေကို ကျေးဇူးတင်မိသလို ၀မ်းသာလို့လည်းမဆုံးပါဘူး။”ဟု ယွန်းတန်းရပ်ကွက်နေထိုင်သူ ဒေါ်ခင်ဝင်းချို မှသမဂ္ဂဂျာနယ်သို့ပြောသည်။
ရွှေတောင်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်ကြီး(၃)ရပ်ကွက်အပါဝင် (၅၁)ရပ်ကွက်ရှိရာ ယခုကဲ့သို့ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များမဲဆန္ဒရှင်စာအမှန်ရရှိရန်ဆောင်ရွက်နေမှုသည် ရွှေတောင်တစ်မြို့နယ်လုံးပြုလုပ်နေလျှက်ရှိကြောင်းသိရသည်။
မောင်ပန်ကာ(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်..09253311019
0 comments:
Post a Comment