Wednesday, July 8, 2015

မိုးမေတ္တာနာရေးကူညီမှုအသင်း(၅)နှစ်မြောက် နှစ်ပတ်လည်အမှတ်တရ ပရဟိတစွမ်းဆောင်ရည်ဆုပေးအပ်ပွဲနှင့်မိတ်ဆုံစားပွဲအခမ်းအနားကျင်းပ ပြည့်သဲမောင်(ပြည်)09423671883

Leave a Comment



မိုးမေတ္တာနာရေးကူညီမှုအသင်း(၅)နှစ်မြောက် နှစ်ပတ်လည်အမှတ်တရ ပရဟိတစွမ်းဆောင်ရည်ဆုပေးအပ်ပွဲနှင့်မိတ်ဆုံစားပွဲအခမ်းအနားကျင်းပ

ပြည့်သဲမောင်(ပြည်)09423671883
ပဲခူးတိုင်းဒေသကြီး ပြညခရိုင် ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)၏ (၅)နှစ်မြောက် နှစ်ပတ်လည်အမှတ်တရပရဟိတစွမ်းဆောင်ရည်ဆုပေးပွဲနှင့်မိတ်ဆုံစားပွဲ
အခမ်းအနားကို ရွာဘဲရပ်ကွက် ရတနာမာရ်အောင်ဘုန်းတော်ကြီးကျောင်းဝန်းရှိ နာရေးကူညီမှုရုံး၌
နံနက် ၉ နာရီအချိန်ခန့်တွင်ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။


“မိုးမေတ္တာနာရေးကူညီမူအဖွဲ့ကို ၂၀၁၀ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တယ်။
စတင်ဖွဲ့စည်းတဲ့အခါမြို့မှာရှိတဲ့ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အဆင်မပြေမှုများကြုံတွေ့ခဲ့ရပြီး နာရေးကူညီမှုအသင်းမှ ဦးစီးသော သုခကုသိုလ်ဖြစ်ဆေးခန်းအား (၂)ကြိမ်တိုင်တိုင် ပိတ်သိမ်းတားမြစ်မှုများလည်းကြုံတွေခဲ့ရတယ်’’ဟု ဥက္ကဌ ကိုစိုးမိုးနိုင် ကပြောသည်။
အသင်းတွင်(၅)နှစ်တာကာလတွင်း သွေးအလုံးရည်(၅၉၆၃)လုံး ၊နာရေးပေါင်း(၂၀၀၀)ကျော်၊ အခြားလူမှုကူညီ ရေးလုပ်ငန်းများစွာတို့ကိုဆောင်ရွက်ခဲ့ပြီး လူနာများအားအောာက်စီဂျင်(၃၈)လုံးအားကူညီပေးနိုင်ခဲ့ကြောင်း ၄င်းကဆက်လက်ပြောသည်။

အဆိုပါအခမ်းအနားကို ဒီနေ့ 7 July နေ့မှာပြုလုပ်ရခြင်းနှင့်ပတ်သက်၍အသင်း အတွင်းရေးမှူး ကိုညီညီအောင် က“ဒီနေ့ကဟာ ကျောင်းသားတွေသွေးမြေကျတဲ့နေ့ဖြစ်ပါတယ်။ဒီနေ့လိုနေ့
မျိုးမှာကျွန်တော်တို့အသင်းရဲ့ငါးနှစ် ပြည့်အခမ်းအနားကိုတိုက်ဆိုင်စွာကျင်းပနိုင်ခဲ့တဲ့နေ့တစ်နေ့ဖြစ်
ပါတယ်။အစိုးရအနေနဲ့ ကျောင်းသားတွေကို အကြွေးဆပ်စရာရှိတယ် ဒီအကြွေးကို ခုလိုနေ့မျိုးမှာ ဖမ်းစီးခံကျောင်းသား တွေပြန် လွှတ်ပေး တာတို့ ၊ကျောင်း သားတွေတောင်းဆိုတဲ့ပညာရေးပြင်ဆင်မှု
အချက်တွေကို ပြင်ပေးတာတို့နဲ့ပြန်ပြီးအကြွေးဆပ်ရမယ်’’ဟု ကိုညီညီအောင် ကပြောသည်။
ဒီမြို့မှာကျွန်တော်တို့အဖွဲ့နဲ့ညီနောင်အဖွဲ့ဖြစ်တဲ့ ခေတ္တရာလူငယ်နာရေးအသင်းတရှိတို့ရှိတယ်။
ကျွန်တော်တို့အသင်းမှာလူနာတင်ယာဉ်သုံးစီး ခေတ္တရာအသင်းမှာသုံးစီးနဲ့ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ
ဆောင်ရွက် နေ တယ်။အဲဒီလိုမျိုး ပြည်သူ့ဆေးရုံကြီးကသာ ဒီလိုလုပ်ငန်းတွေလုပ်မယ်ဆိုရင်  ပရဟိတ
အဖွဲ့တွေပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိပါဘူး။ပရဟိတအဖွဲ့တွေပေါ်လာတာ ပြည်သူ့
အတွက်ကောင်းပေမယ့် နိုင်ငံတော် အတွက်မကောင်းဘူး။ ပြည်သူတွေလို အပ်ချက်တွေကို
အစိုးရက တာဝန်မကြေလို့ ကျွန်တော်တို့လိုအဖွဲ့ တွေက ပရဟိတအလုပ်တွေလုပ်နေရတာပါလို မိုးမေတ္တာနာရေးကူညီမှု အသင်း(ပြည်) အတွင်းရေးမှူး ဦးညီညီအောင်မှဆက်လက်ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့သူတို့အာဏာကိုထိပါးမယ်ဆိုရင် လုံးဝလက်ခံမှာမဟုတ်ဘူး။သူတို့လုပ်ရပ်တွေ
ကကောင်းလား မကောင်းလား ကျောင်းသားတွေအသိဆုံးပဲ။ဒါကြောင့်ကျောင်းသားတွေကို အဆောင်စည်းကမ်းတွေတင်းတင်း ကျပ်ထားခဲ့တယ် ၊အဲဒါတွေမကြေနပ်လို့ဆန္ဒပြရာကစခဲ့
တာ။ဒီအစိုးရအနေနဲ့ ကျောင်းသားမရှိမှ ပညာတတ်မရှိမှ သူတို့လုပ်ချင်တိုင်းလုပ်လို့ရအောင်
လို့ခေတ်အဆက်ဆက်နှိပ်စက်ခဲ့ရာက ဇူလိုင် ၇ မှာကျောင်းသားတွေသွေး မြေကျခဲ့ရတာ 
လူတိုင်းသိတယ်။ အခုလဲလက်ပံတန်းမှာ ကျောင်းသာတွေကို ဒီဘက်လက်ထက်အထိ ဆက် လက်နှိပ်စက်ခံနေရတာဟာ ကိုယ့်နိုင်ငံချစ်မြတ်နိုးတဲ့အစိုးရမဟုတ်ဘူးဆိုတာထင်ရှားတယ်။
မိုးမေတ္တာ အသင်းအနေနဲ့ခုလိုနေ့မျိုးမှာကျင်းပတဲ့ ပွဲအတွက်ကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
အနေနဲ့ရော ပြည်သူအနေနဲ့ရော ၀မ်းမြောက်စွာဂုဏ်ယူတယ်။ဒီလိုအသင်းအဖွဲ့တွေပေါ်လာတာဟာ အစိုးရဲ့လိုအပ်ချက်တွေရှိနေသေး တယ် ဆိုတာပြသလိုက်တာပဲ။”ဟု ပြည်သူ့အထောက်ကူပြုကွန်ရက် မှဥက္ကဌ ဦးကျော်ဆွေကပြောသည်။

ပြည်ခရိုင်အတွင်းနိုင်ငံရေးတက်ကြွလှုပ်လှုပ်ရှားသူများ နှင့်ကျောင်းသားအများစုမှ ဇူလိုင် ၇ ရက်နေ့ အမှတ်တရအဖြစ်အောင်းမေ့သတိရပွဲများ၊ဆွမ်းကပ်ပွဲများ၊ဆုတောင်းပွဲများ၊ဆိုင်းဘုတ်တင်ပွဲများ၊ဖမ်းဆီး
ခံကျောင်းကျောင်းသားများနှင့်ဝန်းရံပြည်သူများ လွှတ်ပေးရေး ဆန္ဒပြပွဲများအားကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။

ပြည့်သဲမောင်(ပြည်)၇/ပမန(နိုင်)၁၃၈၇၃၆



0 comments:

Post a Comment

Facebook Like Page