စတုတ္ထအကြိမ်ဘားကမ့်(ပြည်)ဖွင့်ပွဲအား ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးတက်ရောက်ဖွင့်လှစ်
ပြည့်သဲမောင်(ပြည်)09 423671883
ပဲခူးတိုင်းဒေသကြီး ကွန်ပျုတာပညာရှင်အသင်းတို့မှကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် ဘားကမ့်(ပြည်)၂၀၁၅ ကို ပြည်ခရိုင် ပြည်မြို့ အမှတ်(၁)အထက်တန်းကျောင်း ဆောင်သုံးထပ်ကျောင်း ရတနာဆောင်၌ ဇူလိုင်(၁၁)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်စန္ဒာခင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ကျင်းပပြုလုပ်ခဲ့သည်။
ဘားကမ့်(ပြည်)အခမ်းအနားတွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်က
အမှာစကားပြောကြားခဲ့ပြီး စတုတ္တအကြိမ်မြောက်ဘားကမ့်(ပြည်)တွင် ရှေးဟောင်းယဉ်ကျေးမှု
ဆိုင်ရာအနုပညာ အကြောင်းများ၊လူငယ်လူရွယ်များ စိတ်ဓါတ်ထက်မြတ်မြင့်မားစေမည့်
အားပေးစကားများကိုထည့်သွင်းပြောကြားခဲ့သည်။
“ဒီပွဲကလူငယ်တွေအိုင်တီနည်းပညာတွေနဲ့ပတ်သတ်ပြီးအခြေခံဖွင့်ထားတဲ့ပွဲတစ်ပါ။
နည်းပညာတစ်ခုထဲမဟုတ်ပဲပညာရေး ကျန်းမာရေး လူမှုရေး စည်းပွားရေး နည်းပညာတွေ
ယဉ်ကျေးမှုတွေစသည့်အချက်အလက်တွေ အားလုံးကိုအုပ်စုဖွဲ့ပြီးဆွေးနွေးနိုင်တယ်ဆိုတဲ့အနေ
အထား ရှိပါတယ်။ ကျွန်မတို့နိုင်ငံက ဘာနိုင်ငံလည်း၊ဘာတွေလုပ်နေ လည်းဆိုတာ လူငယ်တွေ
ကိုသိစေချင်တယ်။ ပထမအနေနဲ့ ဒီမိုကရေစီနိုင်ငံရေး အသွင်ပြင်နိုင်ငံရေးပြောင်းလည်းလာတယ်။
ဒုတိယစီးပွားရေးပြောင်းလည်းလာတယ်။အဓိက အသေးစားအလတ်စား လုပ်ငန်းတွေများစွာ
ပေါ်ပေါက်လာစေချင်တယ်။ ဆင်းရဲမွဲတေမှုပပျောက်ရေး အခြေခံလူတန်းစာတွေ အတွက်နိုင်ငံတော်က ဦးစားပေးစေချင်တယ်။ ယဉ်ကျေးမှုနဲ့သဘာဝကြွယ်ဝတယ်။ဒါတွေကိုဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်
နေကြရပါတယ်။လူငယ်တွေအနေနဲ့ဒါတွေသိထားသင့်ပါတယ်။” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်မှပြောသည်။
ဘားကမ့်(ပြည်)တွင် လူငယ်လူရွယ်များ၊လုပ်ငန်းရှင်မျာ၊အသိပညာရှာဖွေနေသောသူများ၊နည်းပညာ
သမားများ အတွက် မိမိသိလိုသည်များအားလုံးကိုပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိုင်တဲ့ ပွဲဖြစ်ကြောင်း
သိရသည်။
“ကျွန်မ ဒီပွဲကိုလာရတဲ့အတွက် ကွန်ပျူတာနဲ့ပတ်သတ်တဲ့ အကြောင်းတွေသိရမယ်။မသိသေး
တာတွေ ကို လဲမေးခွင့်ရမယ်။အသိပညာဗဟုသုတရမယ်လို့မျှော်လင့်လို့လာခဲ့တာပါ။ဒီလိုပွဲမျိုးတွေ များများလုပ်သင့်ပါတယ်။ ဒါမှလဲကျွန်မတို့လူငယ်တွေအတွက် အများကြီးကောာင်းတဲ့အခွင့်အလမ်း
ပါ။ကျောင်းမှာသင်တဲ့ သင်ခန်းစာတွေ ထက်အပြင်ဗဟုသုတအများကြီးရလို့ပါ။”ဟု ကွန်ပျူတာသက္ကသိုလ်
ပထမနှစ်ကျောင်းသူ မကေဇင်နွယ်ဦးကပြောသည်။
ဘားကမ့်(ပြည်)ကိုလာတာက ကျွန်တော်သိတာလေးမျှဝေပြီး မသိတာတွေနားထောင်ဖို့ပါ။
နည်းပညာပိုင်းဆိုင်ရာတွေလာလေ့လာတာပါ။ဒီလိုပွဲတွေလုပ်တာအင်မတန်ကောင်းတယ်။
သူငယ်ချင်းတွေအဖြစ်ဆုံတွေ့ခွင့်ရသလို နည်းပညာပိုင်းဆိုင်ရာဗဟုသုတတွေများစွာရပါတယ်။
” ရန်ကုန်မှလာရောက်လေ့လာသူ Android Appalicatiol ပညာရှင် ကိုဝင်းထိုက်အောင် မှပြော
သည်။
အဆိုပါအခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်နှင့် သက်ဆိုင်ရာနယ်မြေ ဌာနဆိုင်ရာအသီးသီးနှင့် ဆရာ/မ များ၊ကျောင်းသား/သူများ၊နည်းပညာရှင်များ၊ စိတ်ပါဝင်စား သူများ၊
အင်အားထောင်နှင့်ချီတက်ရောက်ခဲ့ပြီး နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)09 423671883

0 comments:
Post a Comment