မြေနီတင်စဉ် မြေနီတောင်ပြိုကျပြီးပိရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့
ပိုင်ထူး(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊မြို့မရဲစခန်းအနောက်တောင် (၁၀)မိုင်(၂)ဖာလုံခန့် ကျောက်ထရံအုပ်စု၊လက်ပံကပ်ကျေးရွာမြောက်ဘက်
မြေနီကျောက်စရစ်ကုန်း တွင် အမျိုးသားတစ်ဦး (၅.၅.၂၀၁၅)ရက်နေ့တွင်
မြေပိသေဆုံးကြောင်းသိရသည်။
ဖြစ်စဉ်မှာ ရွှေတောင်မြို့နယ်၊ မြို့မရဲစခန်းအပိုင် ကျောက်ထရံအုပ်စု၊
လက်ပံကပ်ကျေးရွာ မြောက်ဘက်မြေနီကျောက်စရစ်ကုန်းတွင် မြေပြို၍ အမျိုးသားတစ်ဦးမြေပိသေဆုံးကြောင်း သတင်းအရရွှေတောင်မြို့မရဲစခန်း
မှ ဒုစခန်းမှူး ရဲအုပ်သိန်းဆက်ခိုင်နှင့်အဖွဲ့သည်သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးရာ လက်ပံကပ်ကျေးရွာမြောက်ဘက် ပေ(၂၀)ခန့်
အကွာ အလျား (၁၅)ပေ ၊ အမြင့် (၁၀)ပေခန့်ရှိ ကျောက်စရစ်မြေနီတောင်
တွင် စစ်ကျွန်းကျေးရွာ၊ ရွာလယ်လမ်းအားခင်းရန်အတွက် ရှားပင်စင်းအုပ်စု၊ ကုန်းကြီးရွာနေသူများဖြစ်သော နေလင်းအောင် (၂၈)နှစ်၊ (ဘ) ဦးညွန့်၊
ကျဘမ်းလုပ်သူနှင့် ကိုနိုင်ထွန်း (၃၃)နှစ်၊ (ဘ) ဦးဝသာ၊ ကျဘမ်းလုပ်သူ
တို့ပါ(၈)ဦးသည်ယာဉ်မောင်းချစ်ငြိမ်း (၂၈)နှစ်၊ (ဘ) ဦးကြည်မြင့်၊ မအူကန်ရွာ၊
တံခွန်တိုင်အုပ်စု၊ အင်းမနေသူ၏ 3G/....... ဖောကားအပြာရောင်ပေါ်သို့
မြေနီတင်နေစဉ် ရုတ်တရက်မြေနီတောင်ပြိုကျပြီး နေလင်းအောင်အပေါ် ဖုံးအုပ်မိသွားသဖြင့် နေလင်းအောင်မှာ ဦးခေါင်းကြေမွဒဏ်ရာ၊ ခါးကျိုးဒဏ်ရာ၊ ဇက်ကျိုးဒဏ်ရာများရရှိသေဆုံးသွားခဲ့ပြီး၊ နိုင်ထွန်းတွင် ခါးတစ်ဝက်ခန့်
မြေနီဖုံးအုပ်မိ၍ ယာဘက်လက်ညှိုး၊ လက်ခလယ်၊ လက်သကြွယ်
ကျိုးကြေမွ ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့၏မှတ်တမ်းအရ သိရသည်။
ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ နေလင်းအောင်သည် ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးပေးပါရန် ရဲအုပ်သိန်းဆက်ခိုင်မှ
သတင်းပေးချက်အရရွှေတောင်မြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၅
ဖြင့် အမှုရေးဖွင့်ထားရှိပြီး အမှုအားဒုရဲမှူးအောင်နိုင် မှ လက်ခံစစ်ဆေးလျှက်
ရှိကြောင်းသိရသည်။
သတင်း ပိုင်ထူး(ပြည်)
ဓါတ်ပုံ ကိုဝင်းဇော် ပရဟိတ နာရေးကူညီမှုအသင်း ( ရွှေတောင် )
သေဆုံးခြင်းဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးပေးပါရန် ရဲအုပ်သိန်းဆက်ခိုင်မှ
သတင်းပေးချက်အရရွှေတောင်မြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၅
ဖြင့် အမှုရေးဖွင့်ထားရှိပြီး အမှုအားဒုရဲမှူးအောင်နိုင် မှ လက်ခံစစ်ဆေးလျှက်
ရှိကြောင်းသိရသည်။
သတင်း ပိုင်ထူး(ပြည်)
ဓါတ်ပုံ ကိုဝင်းဇော် ပရဟိတ နာရေးကူညီမှုအသင်း ( ရွှေတောင် )
0 comments:
Post a Comment