Friday, May 8, 2015

ပြည်သူလူထုအတွက် ၀န်ဆောင်မှုပေးရာတွင်ထိရောက်သောဝန်ဆောင်မှုဖြစ်စေရန် အတွက် ပြည်မြို့နယ် လျှပ်စစ်မှစီစဉ်ဆောင်ရွက် ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment






ပြည်သူလူထုအတွက် ၀န်ဆောင်မှုပေးရာတွင်ထိရောက်သောဝန်ဆောင်မှုဖြစ်စေရန်
အတွက် ပြည်မြို့နယ် လျှပ်စစ်မှစီစဉ်ဆောင်ရွက်

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ လျှပ်စစ်ဓါတ်အားသုံးစွဲသူ မိဘများအား ထိရောက် သောဝန်ဆောင်မှုဖြစ်စေရန်အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင်
Call Center ကို မေလ (၈)ရက်နေ့မှစတင်ကာ ဖွင့်လှစ်ထားရှိကြောင်းသိရသည်။

အဆိုပါ Call Center သည် မိမိမြို့နယ်အတွင်း ဓါတ်အားပြတ်တောက်ရသည့် အကြောင်းအရင်းများ၊ မိမိတို့နေအိမ်တွင် ဓါတ်အားပြတ်တောက်မှုများအား အလျင်အမြန်ဆောင်ရွက်ပေးနိုင်ရေးအပြင် သဘာဝဘေး အန္တရာယ်မီးဘေး၊
လေဘေးကျရောက်လာပါက အချိန်နှင့်တပြေးညီ ပြည်သူများအန္တရာယ် 
ကင်းရှင်းရေးကို အထူးအလေးထားဆောင်ရွက်ကာ  Call Center ကိုဖွင့်
လှစ်ထားရှိခြင်း ဖြစ်ကြောင်း ပြည်မြို့နယ် လျှပ်စစ်ဓါတ်အားရုံးမှသိရပြီး သဘာဝဘေးအန္တရာယ်နှင့် မိမိတို့၏ နေအိမ်ဓါတ်အားပြတ်တောက်မှုရှိပါက
၀၅၃ ၂၄၅၀၁ သို့ ဆက်သွယ်နိုင်ကြောင်းကိုလည်း သိရသည်။ 

 ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page