Tuesday, May 5, 2015

န၀ဒေးတံတားပေါ်တွင် ကားစက်ပျက်၍ ရပ်တန့်ထားသောယာဉ်အား ၀င်တိုက်မိခဲ့ သဖြင့် နှစ်ဦးသေ တစ်ဦးဒဏ်ရာရ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

န၀ဒေးတံတားပေါ်တွင် ကားစက်ပျက်၍ ရပ်တန့်ထားသောယာဉ်အား ၀င်တိုက်မိခဲ့
သဖြင့် နှစ်ဦးသေ တစ်ဦးဒဏ်ရာရ

ပြည့်သဲမောင်(ပြည်) 09 4236 71883
(၄.၅.၂၀၁၅)ရက်နေ့ ည (၈း၃၀)နာရီအချိန်ခန့် ပဲခူးတိုင်းဒေသကြီး၊
 ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ န၀ဒေးတံတားပေါ်တွင် ကားစက်
ပျက်၍ စက်အဖုံးဖွင့်ရပ်တန့်ထားသော ဖောကားအား  ဆိုင်ကယ်ဖြင့်
ဝင်တိုက်မိခဲ့သဖြင့် ကလေးနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း
သိရ သည်။

ဖြစ်စဉ်မှာ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြို့မရဲစခန်းအရှေ့ဘက်
(၁၀)မိုင်ခန့်အကွာ ရွှေဘုံသာ အုပ်စု၊ န၀ဒေးတံတားပေါ်တွင် ယာဉ်
တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ် (၁၀) ယာဉ်ထိန်းတပ်ဖွဲ့စု
 (ပြည်)မှ ဒုရဲအုပ်ကျော်စိုးဦး၊ ပန်းတောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် မြဇော်အောင်
 နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ
န၀ဒေးတံတား ရေလယ်တိုင်အမှတ် (၂) နှင့် (၃)အကြားတွင် ဒုတပ်ကြပ်
ကိုနိုင်၊ က.ပ.စ (၁၆) မသုန်းတပ်နေ သူမောင်းနှင်လာသည့် ကြယ် - xxxx
  (န)  စစ်စိမ်းရောင်၊ ဖောအမျိုးအစားယာဉ်မှာ ကားစက် ပျက်၍ စက်အဖုံးဖွင့်
ရပ်တန့်စစ်ဆေးနေစဉ် ထက်ခိုင် (၁၆)နှစ်၊ သစ်စိမ့်ပင်ကျေးရွာ၊ ရွှေဘုံသာ အုပ်စုနေသူမောင်းနှင်ပြီး နောက်မှဇော်မျိုးထက် (၁၃) နှစ်၊(၇)တန်းကျောင်း
သား၊အ.ထ.က ဆင်တဲ၊ သစ်စိ့မ်ပင်ကျေးရွာ၊ ရွှေဘုံသာအုပ်စု၊ ပန်းတောင်းမြို့
နယ်နေသူနှင့် ဖိုးပြည် (ခ) ကျော်ဖြိုးလင်း (၁၈)နှစ်၊ သစ်စိမ့်ပင်ကျေးရွာ၊
 ရွှေဘုံသာအုပ်စု၊ ပန်းတောင်းမြို့နယ်နေသူ လိုက်ပါလာသော ၃၂ယ / xxxx
Dream 125 ခဲ/နက်ကြား ဆိုင်ကယ်သည် ကြယ် xxxx  (န) စစ်စိမ်းရောင်
ယာဉ်၏ ၀ဲဘက်နောက်ခြမ်းအား နောက်မှဝင်ရောက်တိုက်မိခဲ့ကြောင်း
ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ယာဉ်အားနောက်မှ ၀င်ရောက်တိုက်မိခဲ့သဖြင့် ထက်ခိုင်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊
ဝဲခြေသလုံးရိုးကျိုးဒဏ်ရာ၊ ၀မ်းဗိုက်ပေါက်ပြဲ ဒဏ်ရာ၊ ပါးစပ်သွေး
ထွက်ဒဏ်ရာများရရှိပြီး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံ
တွင် သေဆုံးခဲ့သည်။ ထို့အပြင် ဇော်မျိုးထက်တွင် ဦးခေါင်းနောက်ေ
စ့ကျေမွဒဏ်ရာ၊ မျက်လုံး သွေးထွက်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာ
တွင် သေဆုံးခဲ့သည်။  ဖိုးပြည့် (ခ) ကျော်ဖြိုးလင်းတွင် ယာနဖူး ဖူးရောင်
ဒဏ်ရာ၊ နားအတွင်းသွေးထွက်ဒဏ်ရာ၊ ခေါင်းမူး၊ရင်ဘတ်အောင့်သည့်
ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရသိရသည်။

ထို့ကြောင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ထက်ခိုင်အား အရေး
ယူပေးပါရန် ဒုရဲအုပ် ကျော်စိုးဦးမှ တရားလိုပြုလုပ်တိုင်တန်းချက်အရ
 ပန်းတောင်းမြို့ မရဲစခန်း၊ ယာဉ် (ပ) ၁၃/၂၀၁၅ ပြစ်မှုပုဒ်မ - ၃၀၄ -
က / ၃၃၈ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ကာ အမှုအားဒုရဲအုပ် မြဇော်အောင်
မှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883



0 comments:

Post a Comment

Facebook Like Page