Monday, April 6, 2015
ပြည်သူ လူထုအများစု၏သဘောတူညီချက်ဆန္ဒရယူမှုမရှိပဲ ဗိုလ်ကျစနစ်ဖြင့် လေလံပြစ်ရောင်း ချမည့် ပြည်ဟော်တယ်ကိစ္စ ကန့်ကွက်ဆန္ဒပြမည် ပြည့်သဲမောင်(ပြည်) 09 4236 71883
ပြည်သူ လူထုအများစု၏သဘောတူညီချက်ဆန္ဒရယူမှုမရှိပဲ ဗိုလ်ကျစနစ်ဖြင့် လေလံပြစ်ရောင်း ချမည့် ပြည်ဟော်တယ်ကိစ္စ ကန့်ကွက်ဆန္ဒပြမည်
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပြည်မြို့နေ ပြည်သူ ပြည်သားများပိုင်ဆိုင်သော ပြည်သူပိုင်နေရာဖြစ်သည့်ယ္ခင်ပြည်ဟိုတယ်၊ယ္ခုအခါ စည်ပင်သာယာရုံးနေရာအဖြစ်အသုံးပြုထားသော အဆောက်အဦးနှင့် မြေနေရာအားပြည်သူ လူထုအများစု၏သဘောတူညီချက်ဆန္ဒရယူမှုမရှိပဲ ဗိုလ်ကျစနစ်ဖြင့် လေလံပြစ်ရောင်းချမည်ကို
အများပြည်သူ/ပြည်သားများအသိပင်ဖြစ်ပါသည်။
သို့ပါသောကြောင့် အများပြည်သူပိုင်အဆောက်အဦးနှင့်မြေနေရာအားလေလံပြစ်ရောင်းချခြင်းကို
မပြုလုပ်ကြပါရန် ပြည်စည်ပင်အဆောက်အအုံနဲ့မြေနေရာကိုမူလအတိုင်းထားရှိပေးဖို့နဲ့ရောင်းချမဲ့ ကိစ္စကိုသဘောမတူညီကြောင်း ပြည်မြို့ရှိနိုင်ငံရေးတက်ကြွလှုပ်ရှားသူကိုဝင်းလှိုင်မှဦးဆောင်
ဆန္ဒထုတ်ဖော်ကန့်ကွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဧပြီလ(၁၀)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ဗိုလ်ချုပ်ကျောက်ရုပ်၌
စုဝေးပြီး ဒီမိုကရေဒီဖော်ဆောင်နေသောပွင့်လင်းမြင်သာသည့်ခေတ်တွင် ပြည်သူလူထုအများ
စု၏ သဘောဆန္ဒနှင့်သာလုပ်ဆောင်သင့်ပြီး ပြည်သူလူထုအများစု၏ဆန္ဒကိုလေးစားလိုက်နာ
လုပ်ဆောင်သင့်ကြောင်းစသည့် အကြောင်းအရာများဟောပြောသွားမည်ဖြစ်ကြောင်းသိရသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883
0 comments:
Post a Comment