သောက်သုံးရေပျက်၍
အခက်အခဲဖြစ်နေသောရပ်ကွက်နေပြည်သူများအား အရံမီးသတ်မှရေလှူဒါန်း
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင် ပြည်မြို့ ရွာဘဲနယ်မြေ ပွင့်လှသိမ်ကုန်းအနောက်(ခြမ်း)ရပ်ကွက် တွင် သောက်သုံးရေပျက်နေသောရပ်ကွက်နေပြည်သူများ
ဆံတော်ရပ်ကွက်အရံမီးသတ်မှရေလှူဒါန်းခဲ့
ကြောင်းသိရသည်။
ပွင့်လှသိမ်ကုန်းအနောက်ခြမ်း(ပိုင်း)ရပ်ကွက်သည်သင်္ကြန်အတက်နေ့
မနက်ထဲကရေပျက်နေကြောင်း၊
ရေပက် ဖို့မပြောနဲ့သောက်သုံးရေအတွက်ပါအခက်ခဲရှိနေကြောင်း၊ကုန်းမြင့်ဖြစ်၍ပိုဆိုးကြောင်း၊ယခုလို
မီးသတ် ကားဖြင့်လာရောက်လှူဒါန်းသူများနှင့်ဆီဖိုးလှူသောအလှူရှင်အား
ကျေးဇူးတင်ကြောင်းရပ်ကွက်
နေပြည်သူ များကပြောသည်။
“ကျနော်တို့ဆံတော်မီးသတ်ကို
ပြည်သူတစ်ဦးဖြစ်တဲ့ မခိုင်ကရပ်ကွက်ထဲမှာရေမလာသဖြင့် ရပ်ကွက်နေသူများ အခက်အခဲဖြစ်နေကြောင်းပြောတယ်။သူအနေနဲ့
မီးသတ်ကားအတွက်
ဆီလှူပေးမယ်ကျနော်တို့အဖွဲ့ကပါဝင် ကူညီလှူဒါန်းပေးပါတဲ့။ကျနော်က ခရိုင်မီးသတ်ဦးစီးမှူး
ဦးဝင်းညွန့်ကိုအဲဒီအတိုင်းသတင်းပို့တယ်။ဦးစီးက သွားလှူလိုက်ပါပြီးရင် မှတ်တမ်းဓါတ်ပုံရိုက်
ထားလိုက်ပါလို့ဆိုပြီးခွင့်ပြုလို့
သောက်သုံးရေအခက်အခဲဖြစ်နေတဲ့ ရပ်ကွက်နေပြည်သူများ
ကိုမီးသတ်ကားဖြင့် ရေလှူဒါန်းခဲ့တယ်”ဟု
ဆံတော်ရပ်ကွက်အရံမီးသတ် တပ်စုမှူး ကပြောသည်။
အဆိုပါ ဆံတော်ရပ်ကွက် အရံမီးသတ်တပ်ခွဲ(၂)
တပ်စု(၅)မှတပ်စုမှူး ကိုအောင်ကျော်မိုး ဦးစီး၍တပ်ဖွဲ့ဝင်များ သည် သောက်သုံးရေပျက်နေသောရပ်ကွက်သူရပ်ကွက်သားများအား
(၁၈.၄.၂၀၁၅)ရက်နေ့တွင် မီးသတ်ကား ဖြင့်ရေ(၂)ခေါက်လှူဒါန်းခဲ့ပြီး(၁၉.၄.၂၀၁၅)ရက်နေ့
တွင်လဲ
ရပ်ကွက်နေပြည်သူများ၏အကူညီတောင်းခံချက်အရ နောက်ထပ်သွားရောက်ရေ
လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။
သတင်းနှင့်ဓါတ်ပုံ
ပြည့်သဲမောင်(ပြည်) 09 4236 71883
0 comments:
Post a Comment