Friday, February 6, 2015

ပြည်မြို့နယ် စည်ပင်သာယာ အခွန်ငွေတစ်နှစ်တာအတွင်း ကျပ်တစ်သိန်းလေးထောင်ကျော် ရ၇ှိ

Leave a Comment

By
ဇော်မင်းထိုက်
ပြည်
Issue No.
No.647 Saturday, February 7, 2015

ပြည်မြို့နယ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း စည်ပင်သာယာအခွန်ကောက်ခံငွေသိန်း ၁၄,၀၀၀ကျော် ကောက်ခံရရှိကြောင်း ပြည်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သတင်းရရှိသည်။
အဆိုပါအခွန်ငွေများသည် ၂၀၁၅ မတ်လ ၃၁ ရက်အထိ ကောက်ခံရရှိထားသော အခွန်ငွေများဖြစ်ပြီး ၉၇ ရာခိုင်နှုန်းခန့်ရရှိထားကြောင်း သတင်းရရှိသည်။

‘‘အရင်တုန်းက အခက်အခဲဖြစ်ခဲ့တဲ့ အမှိုက်စွန့်ပစ်တဲ့နေရာကို ဒီနှစ်ထဲမှာ မြေနေရာဝယ်ယူပြီး အကောင်အထည်ဖော်နိုင်ခဲ့လို့ အ ဆင်ပြေသွားတယ်’’ဟု ပြည်မြို့ နယ်စည်ပင်သာယာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး သူရဦးမြင့်သူက ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အ တွင်း ရရှိသော စည်ပင်အခွန်ငွေ များဖြင့် ပြည်မြို့နယ်စည်ပင်သာ ယာရေးဖွံ့ဖြိုးတိုးတက်ရေးအ တွက် မြို့ပြလုပ်ငန်းတွင် ကွန်က ရစ်လမ်းသုံးလမ်း၊ ကတ္တရာလမ်း ၃၁ လမ်း၊ ကျောက်ချောလမ်း ခြောက်လမ်း၊ မြေနီလမ်း တစ် လမ်း  ခင်းကျင်းခဲ့ကြောင်း၊  စက်ရေတွင်းများတူးခြင်း၊ ကမ်းနားလမ်း လှပရေး ကျောက်စီနံရံများ တည်ဆောက်ပေးခြင်း၊ မြို့ထဲလမ်းမ များတွင် ပလက်ဖောင်းများတည်ဆောက်ပေးခြင်း၊ လမ်းပေါက်ဖာထေးခြင်း၊ ကျေးလက်တွင် လမ်းများဖောက်လုပ်ခြင်းစသည်တို့ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်ရှိနေသေးကြောင်း သတင်းရရှိသည်။
7Day Daily

0 comments:

Post a Comment

Facebook Like Page