Wednesday, February 4, 2015

ယာဉ်တိုက်မှုဖြစ်ခဲ့သည့် စခန်းမှူးအား ရဲတပ်ဖွဲ့စည်းကမ်းဥပဒေအရ အရေးယူရန် ခုံရုံးဖွဲ့စစ်ဆေး

Leave a Comment

ယာဉ်တိုက်မှုဖြစ်ပွားခဲ့ သည့် ပြည်မြို့ အမှတ်(၁)ရဲစခန်း မှူး ရဲအုပ်မျိုးဝင်းကို ရဲတပ်ဖွဲ့ စည်းကမ်းဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေး ရေးခုံရုံးဖွဲ့ကာ စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁ ရက် ည ၁၁ နာရီက ပြည်အမှတ်(၁)ရဲစခန်း မှူးရဲအုပ်မျိုးဝင်း မောင်းနှင်လာ သောကားသည် အရှိန်မထိန်းနိုင် ဘဲ နာရီစင်ရှိ စတီးလက်ရန်းများ ကို ၀င်တိုက်ခဲ့ပြီးနောက် လမ်းဘေးတွင်ရပ်ထားသော စက်ဘီးတစ်စီး၊ ကွမ်းယာဆိုင်တို့ကို တိုက်မိခဲ့သ ဖြင့်  ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ 
 
ကွမ်းယာဝယ်နေသည့်    အမျိုး သားတစ်ဦးနှင့်    အမျိုးသမီး တစ်ဦးတို့ကိုလည်း ပွတ်တိုက်မိ ခဲ့၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း ပြည်မြို့နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ယာဉ်တိုက်မှုတွင် သက်ဆိုင် ရာ ကာယကံရှင်များက ကျေအေး ခဲ့ကြသဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ ခြင်း မရှိသော်လည်း ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်နေ၍   တပ်ဖွဲ့စည်း ကမ်းဥပဒေအရ အရေးယူနိုင်ရန် ခရိုင်ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စစ်ဆေးနေပြီး ပြစ်မှု ထင်ရှားပါက လုပ်သက်နှစ်လျှော့ချခြင်း၊ ရာထူးတိုးမြှင့်မှု ရပ်ထား ခြင်းတို့ အရေးယူခံရနိုင်ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

0 comments:

Post a Comment

Facebook Like Page