Thursday, February 5, 2015

ဆေးလိပ်တိုထားခဲ့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment







































ဆေးလိပ်တိုထားခဲ့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွာဘဲရပ်ကွက် ကွင်းအမှတ်(၁၃/I)၊
အမှတ်(၂၈/၁၀)ရှိမမေပုလဲဇင်၏သွပ်မိုး ၊အုတ်ခင်း၊အုတ်ကာ၊ဆိုင်ကယ်ဂိုထောင်
တွင် ဇန်န၀ါရီလ(၅)ရက်နေပ နံနက်(၉)နာရီအချိန်ခန့်က ဆေးလိပ်တိုထားခဲ့ရာမှ
ဆိုင်ကယ်ထည့်သည့် ကတ္တူချပ်ဖာအခွံများကို မီလောင်မှုဖြစ်ပွားခဲ့သည်ဟု မီသတ်
ဦးစီးဌာနမှသိရသည်။

အဆိုပါမီလောင်မှု ဖြစ်ပွားရာသို့သန္ဓေမီးသတ်ကား(၃)စီး၊အရန်မီးသတ်ကား(၆)
စီးနှင့်မီးသတ်တပ်ဖွဲ့ဝင်များအများပြည်သူများဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သဖြင့် အခြား
နေအိမ်အဆောက်အဦးများသို့မီးကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း မီးလောင်
ဆုံးရှုံးမှုတန်ဖိုးမှာ (၅၀၀၀)ခန့်ရှိကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ နေအိမ်ပိုင်ရှင် မမေပုလဲဇင်အား အရေးယူပေးပါရန်ပြည်မြို့
နယ်မီးသတ်ဦးစီးမှုးဦးဝင်းညွန့်မှတိုင်ကြားသဖြင့် ပြည်မြို့မရဲစခန်း(ပ)၉၆/၂၀၁၅ ပြစ်
မှုပုဒ်မ -၂၈၅ အရအမှုဖွင့်လျှက်ရှိပြီးအမှုအား ဒုရဲအုပ်ဇော်မင်းမှလက်ခံစစ်ဆေးလျှက်
ရှိကြောင်းသိရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)09 4236 71883


0 comments:

Post a Comment

Facebook Like Page