Monday, January 12, 2015

ရန်ဖြစ်နေတဲ့လင်မယားကိုဖြန်ဖြေရာမှ သမီးယောက်ဖနှစ်ဦးစကားများ လူသတ်မှုဖြစ်ပွားခဲ့ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

ရန်ဖြစ်နေတဲ့လင်မယားကိုဖြန်ဖြေရာမှ သမီးယောက်ဖနှစ်ဦးစကားများ လူသတ်မှုဖြစ်ပွားခဲ့
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်းအုပ်စု၊ ရေစုပ္ပင်ရွာတွင် သမီးယောက်ဖအချင်းချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၁၁)ရက်နေ့ ည (၇း၀၀)နာရီအချိန်ခန့် ဒေါ်စန်းအေးသည် တစ်ရွာ တည်းနေ မောင်ဖြစ်သူဝင်းထွန်းနှင့် ၄င်း၏ဇနီးမအုံးကြိုင်တို့ လင်မယားချင်းစကားများ
 ရန်ဖြစ်နေသဖြင့် ခင်ပွန်းဖြစ်သူ ဦးသန်းကြိုင်နှင့်အတူ သွားရောက်ဖြန်ဖြေခဲ့ရာ ခင်ပွန်း
ဖြစ်သူနှင့် မောင်ဖြစ်သူတို့ ရန်ဖြစ်မည်စိုးရိမ်၍ ခင်ပွန်းဖြစ်သူ ဦးသန်းကြိုင်အား ခေါ်ပြီး
နေအိမ်သို့ ပြန်လာခဲ့ရာ ၀င်းထွန်းမှနောက်ကလိုက်လာပြီး နေအိမ်ခြံဝင်းအတွင်းဝင်
ရောက်ကာ လောက်လေးခွနှင့်ပစ်သဖြင့် ကိုသန်းကြိုင်မှ ဒုတ်ဆွဲပြီးရိုက်ရန်လိုက်ရာ အိမ်နီးချင်းဦးမြင့်သောင်းခြံရှေ့အရောက်တွင် ၀င်းထွန်းမှဓားမြှောင်နှင့်ထိုး၍ ၀ဲဘက်
ရင်အုံဘေး ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိသွားခဲ့သဖြင့် သဲကုန်းဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားခဲ့ကြောင်း သဲကုန်းမြို့မရဲစခန်းမှ သိရသည်။ 


ထို့ကြောင့် ပြစ်မှုကျူးလွန်သူ ၀င်းထွန်းအား ဖမ်းဆီးရမိရေးအတွက် သဲကုန်းမြို့မရဲစခန်း
မှူး ရဲအုပ်အောင်ရဦးစီးအဖွဲ့နှင့် ပုတီးကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ်သိန်းနိုင်ဦး ဦးစီးအဖွဲ့ တို့မှ ပြစ်မှုကျူးလွန်သူ ထွက်ပြေးတိမ်းရှောင်နိုင်သောလမ်းကြောင်းတလျှောက် ၀ိုင်းဝန်း ပိတ်ဆို့စုံစမ်းရှာဖွေဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူဝင်းထွန်း (၂၆)နှစ်၊တောင်ယာလုပ်
၊ ဗြဟ္မာ့အင်းအုပ်စု၊ ရေစုပ္ပင်ရွာနေသူအားအင်တိုင်းကုန်းကျေးရွာအနီး ရွှေကျောင်း
ဆောင်အောင်မြေတောရ၊ အင်ကြင်းတောအတွင်း ဇန်န၀ါရီ (၁၂)ရက်နေ့ နေ့လည်
(၁း၀၀)နာရီအချိန်ခန့် ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ ၀င်းထွန်း (၂၆)နှစ်၊ တောင်ယာလုပ်၊ ဗြဟ္မာ့အင်းအုပ်စု
၊ ရေစုပ္ပင်ရွာ၊ သဲကုန်းမြို့နယ်နေသူအား အရေးယူပေးပါရန် ဒေါ်စန်းအေးမှ သဲကုန်းမြို့မ
ရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် သဲကုန်းမြို့မရဲစခန်း (ပ) အမှတ် ၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ
(၃၀၂)အရ အမှုရေးဖွင့်ခဲ့ပြီး အမှုအားခေတ္တစခန်းမှူး ရဲအုပ်အောင်ရမှ လက်ခံစစ်ဆေး
လျှက်ရှိကြောင်း သိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page