ဖေ့စ်ဘွတ်ခ် အကောင့်များ ပိတ် သိမ်းရန် အတွက် တိုင်ကြားသည့် စနစ်(Report)ကို မြန်မာနိုင်ငံ အ တွက် ဖေ့စ်ဘွတ်ခ်မှ သီးသန့်ပြင်
ဆင်ရေးဆွဲပေး သွားမည်ဟု တရား ဝင် ချိတ်ဆက် ဆောင်ရွက်နေသည့် မြန်မာ့
ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိုင်စီတီအဖွဲ့(မီဒို)ထံမှသိရသည်။
အမုန်းပွားဖွယ် စကားများ ဖြန့်ဖြူး ရေးသားနေသည့် အကောင့်များ၊ ဘာသာရေး အရ လှုံ့ဆော်မှု များပြုလုပ်နေသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာများကို ဖေ့စ်ဘွတ်ခ် အနေ နှင့် မြန်ဆန် သည့် လုပ်ဆောင်မှု များဖြင့် ပိတ်သိမ်းပစ်နိုင်ရန် ယင်း သို့ ပြင်ဆင် ရေးသားနေခြင်း ဖြစ် သည်ဟု သိရသည်။
ယခင်ကတည်း ကပင် ဖေ့စ် ဘွတ်ခ်သို့ တိုင်ကြားနိုင်သည့် စနစ် (Report) ကို ထည့်သွင်း ပေးထား သော်လည်း အချက်အလက် ရွေး ချယ်စေသည့် နေရာတွင် ရှုပ်ထွေး မှုများ ရှိနေသည့် အတွက် ပြည်တွင်း မှအသုံးပြုသူများ အနေနှင့် နားလည်နိုင်ရန် ခဲယဉ်းသည့် ပြဿနာ ရှိနေခဲ့သည်ဟု မီဒိုမှ ပရိုဂရမ် မန်နေဂျာ မထိုက်ထိုက်အောင် က ပြော သည်။
”ရီပို့ ဘာကြောင့် လုပ်ရတယ် ဆိုတဲ့ အချက်မျိုးတွေကို တိကျတဲ့ အနေအထား နဲ့ ရှင်းပြမထားနိုင် ဘူး။ ဘယ်လို အချက်တွေက အ ကောင့် ပိတ်သိမ်းပစ်ဖို့ အကျုံးဝင် တယ် ဆိုတာမျိုးတွေ ကိုလည်း သုံး တဲ့သူတွေက မသိရဘူး။ ဒါကြောင့် အခုမြန်မာနိုင်ငံ အတွက် သီးသန့် အနေနဲ့ ရှင်းလင်းတဲ့ အချက်အ လက် ပါဝင်တဲ့ ရီပို့ပေးခြင်း ကို ဖေ့စ် ဘွတ် က ရေးသားနေပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
အကောင့် ပိတ်သိမ်းပစ်ရန် တိုင်ကြားရာတွင် ပိတ်သိမ်း လိုသည့် အကောင့် သို့မဟုတ် ဖေ့စ်ဘွတ်ခ် စာမျက်နှာသို့ ဝင်ရောက်ကာ ရီပို့ အကောင့်ဟူ သည့် ခေါင်းစဉ် ကို ရွေးချယ် ရမည် ဖြစ်သည်။ ရွေးချယ် ပြီးပါက အဆိုပါ အကောင့်မှာ အမည်မှန် အသုံး မပြုထားခြင်း၊ အခြားသူ တစ်ဦးကို ၄င်းအကောင့် ပိုင်ရှင်က စိတ်အနှောင့် အယှက် ဖြစ်စေခြင်း၊ တခြားသူ တစ်ဦးဦးအ ဖြစ်ဟန်ဆောင် အသုံးပြုခြင်း၊ လိမ် လည် သုံးစွဲနေသည့် အကောင့်ဖြစ် ခြင်း စသည့် အချက်များ ထပ်မံ တွေ့ရမည် ဖြစ်ပြီး ယင်းတို့ အတွင်း မှ တစ်ချက်ချက်ကို ရွေးချယ်ကာ တိုင်ကြားရမည်ဖြစ်သည်။
သို့သော် အချို့သောနေရာ များတွင် ပြည်တွင်းနှင့် မကိုက်ညီ သည့် အချက်အလက်များ၊ လိုအပ် သည့် အချက်များ ရှိနေဆဲ ဖြစ်သည့် အတွက် မြန်မာနိုင်ငံ အတွက် သီး သန့် တိုင်ကြားမှု ပုံစံကို ရေးဆွဲနေရ ခြင်းဖြစ်သည်ဟု သိရသည်။
”မြန်မာနိုင်ငံက အသုံးပြုတဲ့ သူတွေ နားလည်မယ့် အသုံးအနှုန်း မျိုးနဲ့ ဘယ်လို မျိုးတွေကို တိုင် ကြားလို့ရတယ် ဆိုတာ ရှင်းပြထား မှာဖြစ်တယ်။ ပြီးရင်တော့ တိုင် ကြားတာ ကို သူတို့ဘက်က တတ် နိုင်သမျှ ပိုပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက် ပေးနိုင်မှာပါ”ဟု မထိုက် ထိုက်အောင်က ဖေ့စ်ဘွတ်ခ် မှတိုင် ကြားမှုစနစ် အသစ် ရေးဆွဲနေခြင်း ကို ရှင်းပြ သည်။
ထို့အပြင် ဖေ့စ်ဘွတ်ခ်က ၄င်း ၏အချက်အလက်နှင့် အသုံးပြုမှု အပေါ် လိုက်နာရမည့် အခြေအနေ များကိုလည်း မြန်မာ ဘာသာဖြင့် ထုတ်ဝေရန် ရေးသား ပြင်ဆင်နေ သည်ဟု လည်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ အနေ ဖြင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှ ထိပါး စော်ကားခြင်း၊ အမုန်းစကား ပြောဆိုခြင်း၊ လိင်ပိုင်း ဆိုင်ရာ ကိစ္စ များ ဖြန့်ချိရေးသားနေခြင်း ကို တွေ့ရှိပါက တိုင်ကြားမှု အားနည်း နေဆဲဖြစ်ပြီး အဆုံးတွင် ဘလော့ခ် ပစ်လိုက်သည့် အနေအထားသာ ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် တိုင်ကြားမှု ပြုလုပ်နိုင်သည့် အနေအထား ကို ပြည် တွင်းမှ အသုံးပြုသူများ အကြား အသိပညာပေးမှု များပြုလုပ်ရန် လိုအပ်ပြီး ဖေ့စ်ဘွတ်ခ် မှလည်း မြန် မာနိုင်ငံ မှအသုံးပြု သူများ ပိုမိုအ ဆင်ပြေစေရေး ပူးပေါင်းဆောင် ရွက်မှု များ ပြုလုပ် သွားရန် ရှိသည် ဟုလည်း သိရသည်။
သုတလင်း
Popular Myanmar News Journal

ပြည်သတင်းသို့ သတင်းပေးပို့လိုပါက 09430 47862 သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
0 comments:
Post a Comment