ရန်ကုန်၊ ဒီဇင်ဘာ ၉
ပြည်မြို့ တွင်ပြုလုပ်ခဲ့သည့် အမျိုးသားပညာ ရေးဥပဒေအား သပိတ်မှောက်ဆန္ဒ ပြပွဲတွင်ပါဝင်သည့် ကျောင်းသား ငါးဦးအား ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ပြည်မြို့နယ် အမှတ်(၃)ရဲစခန်းမှ သိရသည်။
ဒီဇင်ဘာ ၈ရက်က ပြည်မြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက်ရာတွင် ပါဝင်သော ခေါင်းဆောင်ငါးဦးဖြစ် သည့် ကိုသန့်ဇင်ထွန်း၊ ကိုရန်နိုင်ကျော်၊ ကိုမင်းဇော်၊ ကိုအောင်နေပိုင်နှင့်ကိုဇင် မင်းထိုက်(ခ)ပန်းသီးတို့အား ပုဒ်မ- ၁၈ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
ပြည်မြို့နယ် အမှတ်(၃) ရဲစခန်း မှ ဒုရဲအုပ်သက်နိုင်က''သပိတ်မှောက် တာမှာပါတဲ့ ငါးယောက်ကို ပုဒ်မ-၁၈ နဲ့မနေ့က ညနေကအမှုဖွင့်ထားတယ်။ လမ်းကြောင်းတွေများနေတဲ့အတွက် အကြောင်းတော့ မကြားရသေးဘူး''ဟုပြောသည်။
အမျိုးသားပညာရေးဥပဒေအား ပြည်ခရိုင်ကျောင်းသားသမဂ္ဂမှ ဦး ဆောင်၍ အင်အား ၁၅ဝ ဝန်းကျင် ဖြင့် ဒီဇင်ဘာ ၈ရက်တွင် သပိတ် မှောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင် နေပိုင်က''အမျိုးသားပညာရေး ဥပဒေ ကို သပိတ်မှောက်တာဖြစ်တဲ့အတွက် သူတို့ဆီမှာ ခွင့်ပြုမိန့်လဲမတင်ဘူး။အမှုဖွင့်ထားတာကိုလဲ တိုက်ရိုက်မ ပြောဘူး။ ကျွန်တော်တို့က ပြောပြီး သား အမှုရင်မဆိုင်ဘူး။ လာဖမ်းရင် ဖမ်းလဲအဖမ်းခံမှာပေါ့''ဟုပြောသည်။
အမျိုးသားပညာရေးဥပဒေအား မုံရွာ၊ မြင်းခြံ၊ မန္တလေး၊ တောင်ငူ၊ ပြည်နှင့်စစ်ကိုင်းတို့တွင် သပိတ် မှောက်ဆန္ဒပြခဲ့ပြီး တောင်ငူမြို့တွင် သပိတ်မှောက်ဆန္ဒပြခဲ့သည့် ကျောင်း သားခေါင်းဆောင်ခြောက်ဦးကို လည်း ပုဒ်မ-၁၈ ဖြင့်အမှုဖွင့်ထား ကြောင်း သိရသည်။
HM
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment