အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်မွေးနေ့ကို
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် အလှူပွဲ ၊ ဇာတ်ပွဲ ၊ အားကစားပွဲ ၊ စာပေဟောပြောပွဲ
များဖြင့် ဖေဖော်ဝါရီ ၁၂ရက်နေ့ မှ ၁၄ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပပြုလုပ် သွားမည်ဟု ဗိုလ်ချုပ်မွေးနေ့ အကောင်အထည်ဖော်ရေး ဦးစီးကော်မတီဝင် ဦးကြည်အေးက ပြောသည်။
“သဘင်ကောင်စီက ဒဲ့ဒိုး တို့ စိစိ တို့ကိုလဲအကူအညီတောင်းထားတယ်။
စာပေဟောပြောပွဲ နဲ့ တရားပွဲ တွေလဲပါတယ်” ဟု ဗိုလ်ချုပ်မွေးနေ့ အကောင်အထည်ဖော်ရေး ဦးစီးကော်မတီဝင်
ဦးကြည်အေးက ပြောသည်။
ကျောင်းသား ကလေးများ၏ စာစီစာကုံးပြိုင်ပွဲ ၊ ကျပန်းစကားပြောပြိုင်ပွဲ
၊ သရုပ်ပြပြိုင်ပွဲများ ၊ ပြေးခုန်ပစ် ၊ ခေါင်းအုန်းရိုက်
၊ ချောတိုင်တက် ပြိုင်ပွဲများကိုသာမက လူထုလှုတ်ရှားမှုအနေဖြင့် မာရသွန် ပြိုင်ပွဲများကိုပါထည့်သွင်းကျင်းပသွားမည်ဟု
၎င်းကပြောသည်။
ပြပွဲ ၊ ပြိုင်ပွဲ ၊ အခမ်းအနားပွဲများ ပြုလုပ်ရန် ပြည်မြို့
အထက(၁) ကျောင်း ဘောလုံးကွင်း ၊ လွတ်လပ်ရေး ကျောက်တိုင်ကွင်း နှင့် ယဉ်ကျေးမှု ပြဇာတ်ရုံ
တို့ကိုရွေးချယ်ထားသည်ဟုလည်း ဦးကြည်အေးက ပြောသည်။
09 430 47862
0 comments:
Post a Comment