Sunday, December 14, 2014

(၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲ ကျင်းပမည်

Leave a Comment


ပြည်မြို့နယ် ဂီတအစည်းအရုံးမှ ကြီးမှူးပြီး (၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သော သီချင်းဆိုပြိုင်ပွဲကို ယဉ်ကျေးမှုရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အဆိုပါပွဲနှင့်ပတ်သက် ပြည်မြို့နယ် ဂီတအစည်းအရုံးသို့ဆက်သွယ်မေးမြန်းရာ အတွင်းရေးမှုး ဦးကျော်လွင်မှ " ပြိုင်ပွဲဝင်မည်ဆိုပါက ကြိုတင်စာရင်းပေးရန်လိုအပ်မည်ဖြစ်ပြီး စာရင်းပေးလိုပါက ဦးကျော်လွင် ရွှေတစ်ချောင်းလမ်း၊ အိမ်အမှတ် (၅) ဘုတ်ဆုံမဆိုင်းဘုတ်ရှေ့နှင့် ဦးကျော်ကျော်နိုင် တစ်လမ်းမောင်းကွေ့ Music Kingdom တို့တွင် စာရင်းပေးသွင်းနိုင်ပါတယ်။ ယခုအချိန်ထိ ပြိုင်ပွဲဝင် စုစုပေါင်း (၆၀) ခန့် စာရင်းပေးသွင်းထားပြီးဖြစ်ပြီး ( ၂၄.၁၂.၂၀၁၄ ) တွင် စာရင်းပိတ်မှာ ဖြစ်ပါတယ်။ ချီးမြှင့်မည့် ဆုအရေအတွက်ကို (၁၀) ဆု သတ်မှတ်ထားပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၇) ဆုတို့ကို ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဆုံးဖြတ်အမှတ်ပေးမည့် ဒိုင်များကိုတော့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) မှ ဒိုင်သုံးဦးက ဆုံးဖြတ်အမှတ်ပေးသွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်များအတွက် ၂၆ ရက်နေ့ နံနက် (၉) နာရီ၊ ယဉ်ကျေးမှုရုံတွင် သီချင်းတိုက်လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး ယခုပွဲလေးကို လုပ်ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲလေးလည်းဖြစ်အောင် ပြည်မြို့ရှိ ဂီတလောကသားများ၏ သာရေးနာရေးရန်ပုံငွေအတွက်အသုံးပြုနိုင်အောင် လုပ်ဆောင်ရခြင်းဖြစ်ပါသည် '' ဟု ပြည်သတင်းသို့ ပြောကြားခဲ့ပါသည်။

ပြိုင်ပွဲကို ၂၇/၂၈/၂၉.၁၂.၂၀၁၄ ရက်များတွင် ည (၆) နာရီမှ (၁၀) နာရီအထိ ခေတ္တရာယဉ်ကျေးမှုရုံတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်ကြေး တစ်ဦးလျှင် ၅၀၀၀ိ/ကျပ် သတ်မှတ်ထားပြီး ဆုကြေးငွေများမှာ - ပထမဆု - ၂၀၀၀၀၀ိ/ကျပ်၊ ဒုတိယဆု - ၁၅၀၀၀၀ိ/ကျပ်၊ တတိယဆု - ၁၀၀၀၀၀ိ/ကျပ်နှင့် နှစ်သိမ့်ဆု - ၃၀၀၀၀ိ/ကျပ် ချီးမြှင့်မည်ဖြစ်ပါသည်။

ဆက်သွယ်ရန် - ဦးမြင့်လွင် (ဦးအရှုတ်) - ၀၉ ၅၃၁၀၃၀၀၊ ဦးချိုချဉ် -  ၀၉ ၅၃၆၃၄၅၆၊ ဦးကျော်လွင် - ၀၉ ၄၃၀ ၈၄၆၃၄၊ ဦးကျော်ကျော်နိုင် - ၀၉ ၅၃၁၀၂၀၀

ပြည်သတင်း - 09 430 47862

0 comments:

Post a Comment

Facebook Like Page