အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ ဆိုင်ကယ်အားဝင်တိုက်မိခဲ့သဖြင့်
ဒဏ်ရာအသီးသီးရရှိ
ပြည့်သဲမောင်(ပြည်)
(၁၄.၁၂.၂၀၁၄)ရက်နေ့ ညနေ(၆း၀၀)နာရီအချိန်ခန့် ရွှေတောင်မြို့နယ်၊
ရွှေတောင်မြို့မရဲစခန်းအရှေ့ (၂)ဖာလုံခန့် အကွာ ကြာနီကန်ရပ်ကွက်၊ ဘီအို
စီလမ်းဆုံတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားကာ ဒဏ်ရာများအသီးသီးရရှိကြောင်း
သိရသည်။
ကြာနီကန်ရပ်ကွက် ဘီအိုစီလမ်းဆုံတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်းသတင်း
အရ တာဝန်မှူးဒုရဲအုပ်သော်ဇင်နှင့်အဖွဲ့ သည် သက်သေများနှင့်အတူ သွားရောက်
စစ်ဆေးခဲ့ရာ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်မှတ် (၁၇၁/၁) နှင့် (၁၇၁/၂) ကြား
တွင်ဖိုးခေါင်-ရှမ်းတန်းလမ်းထိပ်မှ ကိုဇော်ထွန်း (၃၃)နှစ်၊ အောင်မြေသာယာ၊ ဆည်
ကြီးကုန်းအုပ်စု၊ ရွှေတောင်မြို့နယ် နေသူမောင်းနှင်ပြီး နောက်မှဝင်းနိုင် (၃၀)နှစ်၊
အောင်မြေသာယာရပ်၊ ဆည်ကြီးကုန်းအုပ်စု၊ ရွှေတောင်မြို့နယ်နေသူလိုက်ပါ
လာသော ၃၉ယ / --------- 125 အနက်ရောင် ဆိုင်ကယ်မောင်းနှင်ပြီး ဖိုးခေါင်-ရှမ်း
တန်းလမ်းမှ ရန်ကုန်-ပြည်လမ်းသို့ တက်ရန်ပြုစဉ် ပြည်ဘက်မှရန်ကုန်ဘက်သို့
ဆန်းနှစ်ဦး (၂၄)နှစ် ၊ ရေပြာရွာ၊ အင်းမနေသူမောင်းနှင်ပြီး မျိုးနိုင် (၂၇)နှစ်၊ ကြံ
တိုင်းအောင်တိုးချဲ့ကွက်သစ်၊ အင်းမမြို့နေသူလိုက်ပါလာသောဆိုင်ကယ်သည်

အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော ရောက်ရှိကာ ၀င်တိုက်မိခဲ့ကြောင်း ရဲတပ်
ဖွဲ့၏မှတ်တမ်းအရ သိရသည်။
ဖွဲ့၏မှတ်တမ်းအရ သိရသည်။
ထိုသို့ဝင်တိုက်မိခဲ့သဖြင့် ဆန်းနှစ်ဦးတွင် ယာခြေဖမိုးပွန်းပြဲဒဏ်ရာ၊ မေးစေ့ပွန်းပြဲဒဏ်
ရာ၊ ယာမျက်ခုံးပွန်းပြဲ ဒဏ်ရာ၊ ၊ မျိုးနိုင်တွင် ၀ဲ/ယာတင်ပါးဆုံပွန်းပြဲ ဒဏ်ရာ၊ ၀ဲဘက်
ချိုစောင်းပေါက်ပြဲဒဏ်ရာ၊ ၀ဲခါးပွန်းပြဲဒဏ်ရာ၊ ထွန်းဇော်တွင် ဦးခေါင်း ယာဘက်
ဖူးရောင်ဒဏ်ရာ၊ ယာခြေထောက်ပွန်းပြဲဒဏ်ရာ၊ ၀င်းနိုင်တွင် ထိခိုက်ဒဏ်ရာမရရှိကြောင်း
သိရသည်။
ထို့ကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဆန်းနှစ်ဦးအားအရေးယူပေးပါရန် ဒုရဲအုပ်သော်ဇင်မှ
တရားလိုပြုလုပ်တိုင်တန်း ချက်အရ ရွှေတောင်မြို့မရဲစခန်း ယာဉ် (ပ) ၂၈/၂၀၁၄၊ ပြစ်မှု
ပုဒ်မ ၃၃၈/၃၃၇ အရ အမှုရေးဖွင့်ကာ အမှုအား ရဲအုပ် သိန်းဆက်ခိုင်မှစစ်ဆေးလျှက်ရှိ
ကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင်(ပြည်)
ပြည်သတင်း - 09 430 47862
0 comments:
Post a Comment