ဦးကျော်သူ၏ Facebook စာမျက်နှာတွင် မိုးမေတ္တာနာရေးကူညီမှုအသင်း (ပြည်) နှင့် ပူးပေါင်းပြီး မစင်စုတ်မော်တော်ယာဉ် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ဖော်ပြထားပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၁၄.၁၂.၂၀၁၄ တွင် ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမိုးကြီးထံသို့ ဆက်သွယ်မေးမြန်းရာ " ကျွန်တော်တို့ အသင်းအနေဖြင့်ကတော့ မော်တော်ယာဉ်လှူမည့် အလှူရှင်လည်းရရှိထားပြီးဖြစ်ပါတယ်။ အသင်းအနေဖြင့်လည်း အစည်းအဝေးပြုလုပ်ဆုံးဖြတ်ပြီး ဆောင်ရွက်ပေးနိုင်သည့် အခြေအနေရှိသဖြင့် သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ကာ ညှိနှိုင်းဆောင်ရွက်သွားမှာပါ " ဟု ပြန်လည်ပြောကြားခဲ့ပါသည်။
ဦးကျော်သူ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်မှာ ...
တရားဝင်ကြေငြခြင်း
နာရေးကူညီမှုလုပ်ငန်းစတင်ခဲ့တုန်းက နှာခေါင်းရှုံ့ခဲ့တဲ့သူတွေ
ကျန်းမာရေးဝန်ဆောင်မှုလုပ်တုန်းက အပြစ်ဆိုခဲ့တဲ့သူတွေ
ပညာရေးပံ့ပိုးမှုလုပ်တုန်းက ဝေဖန်ခဲ့တဲ့သူတွေ
အမှိုက်ကောက်တုန်းက ကိုယ်နဲ့မဆိုင်ဘူးလို့ အတ္တကြီးခဲ့တဲ့သူတွေ
သူတို့ ကပြောသေး. .ကျော်သူကနံမယ်ကြီးချင်လို့ လုပ်တာပါတဲ့။
အဲဒီ သူတွေ. . သူတွေ
အခု ပြည်သူကချီးကျူးအားပေးကြတော့
သူတို့ ကဘဲစတင်ပြီး ဒီအလုပ်တွေကိုစတင်အကောင်အထည်ဖေါ်ခဲ့သလိုလိုနဲ့ပေါ့ဗျာ။
တော်တော်မျက်နှာပြောင်တတ်ကြပါရဲ့။
ထားလိုက်ပါတော့. . ပြည်သူကိုကူညီတဲ့သူတွေ အဖွဲ့တွေများလာ
တာကိုကြိုဆိုရမှာပေါ့။
ကဲ. . ဒီတစ်ခါ ကျော်သူ ကမစင်ကြုံးပေးဖို့ စတင်နေပြီ။
စည်းကမ်းမဲ့ စွန့် ပစ်မှု အချိန်မှန်မသိမ်းဆီးမှုတွေ
ကြောင့် ပါတ်ဝန်းကျင်မသန့်ရှင်းမှု ရောဂါဘယထူပေါမှု
ဆိုးကျိုးတွေဖြစ်ပေါ်မှုကိုကာကွယ်တားဆီးဖို့ အတွက်ပြည်မြို့
မိုးမေတ္တာနာရေးကူညီမှုအသင်းနဲ့ပူးပေါင်းပြီးမစင်စုတ်တဲ့မော်တော်ယာဉ်နဲ့

စတင်အကောင်အထည်ဖေါ် သယ်ဆောင်ကြဖို့  ကြိုးစားနေကြပြီ။
အဲဒီတော့ ခင်ဗျားတို့ ဘာပြောဦးမလဲ?
ဘာဝေဖန်ဦးမှာလဲ?
ဘာအတင်းချဦးမှာလဲ?
ဒါမှမဟုတ် ကျွန်ုပ်နဲ့အတူ မစင်လိုက်ကြုံးကြမှာလား?
သေချာတာတစ်ခုကတော့ ကျော်သူ နံမည်ကြီးချင်လို့ မစင်ကြုံးခြင်း မဟုတ်ဘူးဆိုတာပါ။
မည်သူမျှမလုပ်လိုသော အများအတွက်အကျိုးရှိစေမည့်အလုပ်ကို
စေတနာရှေ့ထားပြီြးှဗဟ္မစိုရ်တရားလက်ကိုင်ပြုကာအနစ်နာခံလုပ်ကိုင်သောသူသာလျှင်

ပေးဆပ်သူပရဟိတသမားစစ်စစ်ဖြစ်သည်ဟူ
သောစကားကိုလက်ကိုင်ပြုလျက်. .
( ကျော်သူ )
ဟုရေးသားထားပါသည်။
ပြည်သတင်း - ၀၉ ၄၃၀ ၄၇၈၆၂
Pyae Phyo Pyay
သောစကားကိုလက်ကိုင်ပြုလျက်. .
( ကျော်သူ )
ဟုရေးသားထားပါသည်။
ပြည်သတင်း - ၀၉ ၄၃၀ ၄၇၈၆၂
Pyae Phyo Pyay
0 comments:
Post a Comment