Tuesday, November 18, 2014
ကျောက် စုပ်သံထည်ရေယာဉ်သည် အင်ဂျင်အပူလွန်ကဲပြီး မီးလောင်ကျွမ်း မှုဖြစ်ပွား ပြည့်သဲမောင်(ပြည်)
ကျောက် စုပ်သံထည်ရေယာဉ်သည် အင်ဂျင်အပူလွန်ကဲပြီး မီးလောင်ကျွမ်း မှုဖြစ်ပွား
ပြည့်သဲမောင်(ပြည်)
၂၀၁၄ နို ၁၁ ရက်နေ့ ည ၁၀း ၀၀ အချိန်ခန့် ရွှေတောင်မြို့နယ်၊ မြို့မရဲစခန်းအနော
က်တောင် (၃)မိုင်ခန့် သာဇီကုန်းအုပ်စု၊ ထန်းလုံးချောင်းရွာအနီး၊ဧရာဝတီမြစ်လယ်တွင်
ရေယာဉ်တစ်စီးမီး လောင်မှုဖြစ်ပွားကြောင်းသတင်းအရတာဝန်မှူးဒုရဲအုပ် အောင်မျိုးဝင်း
မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းနှင့် အဖွဲ့သည် သက်သေများနှင့်အတူသွားေ
ရာက်ကြည့်ရှုစစ်ဆေးရာ ဦးမင်းဇော် (၃၃)နှစ်၊ (ဘ)ဦးအေးသိန်း၊ ဗမာ/ဗုဒ္ဓ၊ မြစ်ကျောက်
လုပ်ငန်း(ရေယာဉ်ပိုင်ရှင်)၊ ၀ဲကြီးရွာ၊ ကံမမြို့ နယ်၊ မကွေးတိုင်းဒေသကြီးပိုင်သော အ
လျား(၅၅.၅)ပေ၊ ဗျက်(၁၂)ပေ၊ အနက်(၈)ပေရှိ ကျောက် စုပ်သံထည်ရေယာဉ်သည်အင်
ဂျင်အပူလွန်ကဲပြီး မီးလောင်ကျွမ်း မှုဖြစ်ပွားရာ ၀ိုင်းဝန်းငြိမ်းသတ်သ ဖြင့်မီးငြိမ်းသတ်
နိုင်ခဲ့ပြီး မော်တော်လုပ်သားများမီးလောင် ခြင်းခံရပြီး ဆုံးရှူံးမှုတန်ဘိုး သိန်း (၂၀)ခန့်
ဖြစ်သည်ဟု ဆို၏။
မီလောင်ကျွမ်းမှုကြောင့် တူးနိုင်၊ (၃၃)နှစ်၊(ဘ)ဦးတင်မြင့်၊ ဗမာ/ဗုဒ္ဓ၊ မော်တော်လုပ်သား၊
ကမ်း နားလမ်း၊ ဆင်စုရပ် ကွက်၊ ပြည်မြို့နေသူတွင်တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာ (အ
တွင်းလူနာ) ၊ မောင်ဇော် (၃၇)နှစ်၊ (ဘ)ဦးဝိဇ္ဇာ၊ ဗမာ/ဗုဒ္ဓ၊ မော်တော်လုပ်သား၊ကမ်းနားလ
မ်း၊ဆင်စုရပ် ကွက်၊ ပြည်မြို့နေသူတွင် တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာ(အတွင်းလူနာ) နေ
မျိုးသူ(ခ)မိုးဒီ၊ (၂၁)နှစ်၊ (ဘ)ဦးဝင်းကျော် ဗမာ/ဗုဒ္ဓ မော်တော် လုပ် သား၊ ကမ်းနားလမ်း၊ ဆင်စုရပ် ကွက်၊ ပြည်မြို့ နေသူတွင် တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာ (အတွင်းလူနာ) အသီးသီးရရှိကြေင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။
ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဦးမင်းဇော်အားအရေးယူပေးပါ
ရန်ရွှေတောင်မြို့နယ်မီး သတ်ဦးစီးမှုးဦးထက်ဇော်မင်းမှ တရားလိုပြုလုပ်တိုင်တန်းချက်
အရရွှေတောင်မြို့မရဲစခန်း (ပ)၂၈၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်
ထားရှိကာအမှုစစ်ဒုရဲအုပ်အောင်မျိုးဝင်းမှ စစ်ဆေးကာအမှုအမြန်တရားစွဲတင်ပို့နိုင်ရေး
ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။
မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင်(ပြည်)
0 comments:
Post a Comment