Friday, October 3, 2014

ဗိုလ်ချုပ်ရာပြည့်ပွဲ ဇာတိနတ်မောက်မြို့တွင် သိန်းတစ်ထောင်ကျော် အကုန်ကျခံ ကျင်းပမည်

Leave a Comment


 ၂၀၁၅ ခုနှစ် ဖေဖော်ဝါ ရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့် ပွဲကို ဗိုလ်ချုပ်၏ဇာတိချက်မြှုပ် မွေးရပ်မြေနတ်မောက်မြို့၌ ကျပ် သိန်းတစ်ထောင်ကျော် အကုန် အကျခံ၍ ကျင်းပသွားမည်ဖြစ် ကြောင်း ဗိုလ်ချုပ်ရာပြည့်ပွဲ ဖြစ် မြောက်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးဇော်မင်းက ပြောသည်။

ဗိုလ်ချုပ် ရာပြည့်ပွဲကို လာ မည့်နှစ် ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အထိ ရက်သတ္တတစ်ပတ် ကြာ ကျင်းပသွားရန် သတ်မှတ်ထားပြီး နေ့လယ်ပိုင်းတွင် ပြပွဲ ပြိုင်ပွဲများ၊ ညပိုင်းစာပေဟောပြောပွဲများ၊ ဖျော်ဖြေပွဲများပြုလုပ်သွားမည်ဟု ဦးဇော်မင်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတွင် ဗိုလ်ချုပ်နှင့် မိသားစု၏ အသုံးအဆောင်ပစ္စည်းများ၊ သမိုင်းဝင်အထောက်အထားစာ ရွက်စာတမ်းများ၊ ဓာတ်ပုံမြေပုံ များ၊ ဗိုလ်ချုပ်နှင့်ပတ်သက်သည့် နေရာ၊ ဒေသ၊ အဆောက်အအုံ များ၏ ပုံစံငယ်များ၊ ဗိုလ်ချုပ် အကြောင်း ရေးသားထုတ်ဝေ သည့် စာအုပ်များ၊ ရိုက်ကူးထား သည့် ရုပ်ရှင်များကို စုဆောင်းရှာ ဖွေပြသမည်ဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်အောင် ဆန်းရာပြည့်ပွဲမှ ပိုလျှံလာမည့် ဘဏ္ဍာငွေများကို အောင်ဆန်း ဖောင်ဒေးရှင်းတစ်ရပ်ထူထောင် ကာ ပညာသင်ကြားမှုအတွက် အခက်အခဲဖြစ်နေသူများ၊ လယ် ယာမြေပြဿနာများကြောင့် နစ်နာနေသူများအား ထောက်ပံ့သွားရန် စီစဉ်ထားသည်ဟု ဦးဇော်မင်းက ပြောသည်။

ဗိုလ်ချုပ် အောင်ဆန်း၏ ရာပြည့်ပွဲကို မွေးဖွားရာဇာတိမြေ ဖြစ်သော နတ်မောက်မြို့တွင် ခမ်း ခမ်းနားနားကျင်းပရန် စီစဉ်ထား ခြင်းသည် နောင်လာနောက်သား  လူငယ်များအနေဖြင့် ဗိုလ်ချုပ် အောင်ဆန်းကို မေ့လျော့မှုမရှိစေ ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် သည်ဟု ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုဖြစ်သူ ဦးအောင်သန်း၏ သား ဦးချိုအောင်သန်းက ဆို သည်။ ဗိုလ်ချုပ်ရာပြည့်ပွဲဖြစ် မြောက်ရေးအတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ချိတ် ဆက်လုပ်ဆောင်မည်ဖြစ်ပြီး ခွင့် ပြုချက်တင်ရန် လုပ်ဆောင်ထား ပြီး ခွင့်ပြုချက်မရပါကလည်း လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ရာပြည့်ပွဲဖြစ်မြောက်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဇော်မင်းက ပြောသည်။

မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် နတ်မောက်မြို့၌ မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် မသမာသူလူတစ်စု၏ လုပ်ကြံခြင်းကိုခံရကာ ကျဆုံးခဲ့သည်။

7Day News Journal

0 comments:

Post a Comment

Facebook Like Page