(ရန်ကုန်၊ စက်တင်ဘာ ၃ဝ)
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို မည့် သူများ အတွက် အထောက်ကူ ဖြစ် စေရန် မေးခွန်း သုံးစုံဖြင့် အွန်လိုင်းတွင် ပထမဆုံး လေ့ကျင့် ဖြေဆိုနိုင်ပြီ ဖြစ် ကြောင်းသိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ များ အတွက် အွန်လိုင်းတွင် သင်ထောက် ကူဆိုင်ရာ မေးခွန်းများ၊ ဗဟုသုတ ပိုင်း ဆိုင်ရာ ဆောင်းပါး များကို လေ့လာနိုင် ရန် အတွက် www.mmcloudschooling ဆိုက်မှ တစ်ဆင့် သင်ကြား ဖြေဆို နိုင်ပြီဖြစ်ကြောင်း ယင်းဆိုက် တည် ထောင်ထားသော Jupiter Myanmar Education(JME) မှ ဆရာအောင် ကျော်မျိုးက ပြောသည်။
”ဘယ်သူမဆို ဖုန်းတစ်လုံးနဲ့ အင် တာနက် ချိတ်ထားရင် အဆင်ပြေပြီ။ နယ်တွေမှာ ဆရာရှားလို့ သင်ကြားရတဲ့ အခက်အခဲတွေ မရှိတော့ဘူး” ဟု ၄င်းက ပြောသည်။
အဆိုပါ ဆိုက်တွင် ဆယ်တန်းဖြေ ဆို မည့် ကျောင်းသားများ အတွက် ဗဟု သုတနှင့် လေ့ကျင့်ခန်း ဆိုင်ရာများကို လေ့လာနိုင်ပြီး သီအီုရီ များနှင့် စာ မေးပွဲဖြေဆို ရန် အကြောင်းအရာ များပါ ဝင်မည်ဖြစ်သည်။ လေ့ကျင့်ခန်း ဆိုင်ရာများကို ဖြေဆိုလေ့ကျင့် သူများ အတွက် မေးခွန်း များကို တင်ပြထားပြီး မေးခွန်း သုံးစုံကို ဒီဇင်ဘာလ လယ်ခန့် တွင် စာအုပ်ထုတ် ရောင်းချမည် ဖြစ်ပြီး အဆိုပါမေးခွန်း များကို အွန်လိုင်းတွင် လေ့လာ ဖြေဆိုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
”လေ့ကျင့်ခန်းတွေ လုပ်ချင်ရင်တော့ Register လုပ်ထားမှရမယ်။ ကလေးတွေ အတွက် စီစဉ်ထားတာ ဖြစ်တဲ့ အတွက် သူတို့စာမေးပွဲဖြေရာ မှာများ စွာအထောက် ကူဖြစ် မှာ ပါ” ဟုဆရာ အောင်ကျော်မျိုး ကပြောသည်။
ဆယ်တန်းဖြေဆိုမည့် ကျောင်းသားများ အတွက် ကြုံတွေ့နေရသည့် မြို့နှင့် အလှမ်းဝေးသော နယ်များတွင် သင်ကြားပေးမည့် ဆရာ ရှားပါးခြင်း ကိုလည်း ယခုဆိုက် တွင် ဝင်ရောက် လေ့လာခြင်းဖြင့် မြို့နှင့် နယ်များတွင် ဆရာ ကွာဟချက် ရှိသည့် အခက်အခဲမှ ကင်းဝေးမည် ဖြစ်သည်ဟု ၄င်းကဆိုက် တည်ထောင် သင်ကြားရခြင်း ကို ပြော သည်။
”အင်တာနက်က တစ်ဆင့်ဖြစ်တဲ့ အတွက် ဒါကတော့ စိန်ခေါ်မှု တစ်ရပ် ပေါ့။ ဒါပေမဲ့ ပညာရေး အတွက် ဆိုရင် တော့ နောက်ပိုင်း လိုင်းတွေ မြန်လာ မယ် လို့တော့ မျှော် လင့် ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။
JME မှ အွန်လိုင်းတွင် လေ့ကျင့် ဖြေဆိုချင် သူများ အတွက် မေးခွန်းများ ကို လေ့ကျင့်ခန်း ၉ ခန်းဖြင့် ဖြေဆိုမှု ကိုငွေကျပ် နှစ်ထောင်ဖြင့် ခဲခြစ်ကတ် များကို စာပေလော ကဖြင့် ချိတ်ဆက် ရောင်းချ ပေးသွားမည် ဖြစ်ပြီး ယင်းခဲခြစ် ကတ်တွင် ဘာသာစုံ မေးခွန်းများ လေ့ ကျင့် ဖြေဆိုနိုင်မှု အတွက် ၂ လတာ ပါဝင်ကြောင်း သိရသည်။
မေးခွန်း သုံးစုံအတွက်ကို လည်း စာပေလောကနှင့် ချိတ်ဆက် ကာ နယ် များတွင်ပါဖြန့်ဝေ ရောင်းချပေးသွားမည် ဟု သိရသည်။
ခိုင်နွယ်ဦး

0 comments:
Post a Comment