Friday, October 3, 2014

မြန်မာ့ဆက်သွယ်ရေး၏ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲနေသည်ဟုဆို

Leave a Comment


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုနှင့် ပူးပေါင်းခဲ့သည့် နောက်ပိုင်း ဆက်သွယ်ရေးလုပ်ငန်းများကို စီးပွားရေးပုံစံသစ်အနေဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံ အသစ်ကို ရေးဆွဲခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖွဲ့စည်းပုံသည် ယခင်က စီးပွားရေးပုံစံ မဟုတ်ဘဲ အစိုးရ၏ လမ်း ညွှန်ချက်များ အတိုင်းသာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဆက်သွယ်ရေးမှာဆိုရင် Marketing (ဈေးကွက်ရှာဖွေရေး) မရှိဘူး။ ဖြန့်ချိရေး မရှိဘူး။ HR (လူ့စွမ်းအား) ဆိုရင်လည်း အားနည်းတယ်”ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

ဖွဲ့စည်းပုံအသစ်သည် အားနည်းချက်များကို ဖြည့်ဆည်း၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို စီးပွား ရေးဆန်ဆန် လုပ်ကိုင်သွားမည်ဟု ဦးမျိုးဆွေက ဆိုသည်။ စက်တင်ဘာလအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သည် ဒါရိုက်တာအဖွဲ့ကို ပထမဦးဆုံးအနေဖြင့် ရွေးချယ်ခဲ့ပြီး လုပ်ငန်းစဉ် ၃ ခုကို ချဲ့ထွင်သွားမည်ဟု ကြေညာခဲ့သည်။

ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုမှ လူပုဂ္ဂိုလ် ၅ ဦးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိ ၅ ဦး တို့သည် မြန်မာ့ဆက်သွယ်ရေး၏ စီးပွားရေးပုံစံ အသစ်၌ ဒါရိုက်တာများအဖြစ် ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းကွန်ရက်၊ ဖိုက်ဘာကွန်ရက်နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်မှုတို့ကို လုပ်ကိုင်သွားမည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဒါရိုက်တာအဖွဲ့အသစ်မှ ဦးဆောင်ခဲ့သည့်နောက်ပိုင်း ဝန်ထမ်းများကို စီမံရေးခန့်ခွဲရေး ကိစ္စရပ်များ၊ ဘဏ္ဍာရေး ကိစ္စရပ်များနှင့် နည်းပညာပိုင်းဆိုင်ရာများ ပို့ချပေးခဲ့ သည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်နှင့် ပူးပေါင်း၍ ဆက်သွယ်ရေး အော်ပရေလုပ်ငန်းကို အကျိုးတူ လုပ် ကိုင်ဆောင်ရွက်ရာ၌ နည်းပညာပိုင်း ဆိုင်ရာများကိုလည်း ပြည်တွင်းမှ လွှဲပြောင်းရရှိနိုင်မည်ဟု မျှော်မှန်း ထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောဆိုထားသည်။

http://www.internetjournal.com.mm

0 comments:

Post a Comment

Facebook Like Page