ရေခဲ (ပြည်)
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဖွဲ့စည်းထားသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့အတွင်း အလှူခံထွက်သည့် ကိစ္စရပ်ပေါ်တွင် သဘောကွဲလွဲမှုများဖြစ်နေသည်ဟု အဖွဲ့ဝင်တို့က ပြောသည်။
အစည်းအဝေးဆုံးဖြတ်ချက်မရှိဘဲ အောက်တိုဘာ ၁ ရက်တွင် အဖွဲ့ဝင် လူငယ် ၂၀ ဦးခန့်က ရွှေဘဏ္ဍာဘုရား ဂေါပက အဖွဲ့နှင့် အတူ အလှူခံလိုက်ပါခြင်းအပေါ် သဘောကွဲလွဲနေခြင်းဖြစ်သည်။
“အလုပ်တစ်ခု လုပ်တယ်ဆို ဘာသာရေးလဲ မထိခိုက်စေနဲ့။ ဘယ်နေ့ ဘယ်ရက် အလှူခံထွက်မယ်ဆိုတာ အစည်းအဝေးမှာတင်ပြရမယ်” ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ နာယက ဆရာတော် ဘဒ္ဒန္တဝီရိယ က မိန့်သည်။
အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုဘိုဘိုကမူ “ဘုရားအလှူခံထွက်ဖို့ ကျွန်တော် တိုက်ဖြူဗလီ အစည်းအဝေးမှာ အကူအညီတောင်းတယ်။ အဖွဲ့က စီစဉ်ပေးမယ်လို့ တရားဝင်ပြောတယ်။ အသံဖမ်းထားတာရှိတယ်” ဟု ပြောသည်။
ဗုဒ္ဒဘာသာကိုယ်စားပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဇော်သည် ရွှေကူရပ်ကွက်ရှိ ထူပါရုံဘုရားတွင် ဂေါပက ဥက္ကဋ္ဌ ဖြစ်ပြီး ကိုဘိုဘိုမှာ ရွှေဘဏ္ဍာဘုရား နိဗာန်ဆော်အဖွဲ့တွင် ပါဝင်သည့်အတွက် လုပ်အားဒါန ပြုခြင်းသာဖြစ်သည်ဟု စုံ/ငြိမ်းအဖွဲ့ နာယက အစ္စလာမ်ဘာသာဝင် ဦးခင်မောင်သိန်းကပြောသည်။
ယင်းအရေးကို အောက်တိုဘာ ၂၃ ရက်တွင် ပြုလုပ်မည့် အစည်းအဝေးတွင် ကန့်ကွက်မည်ဟု ဆရာတော်က ဘဒ္ဒန္တဝီရိယ က မိန့်သည်။
Mizzima - News in Burmese
အလှူခံထွက်ခြင်းနှင့် ပတ်သက်၍ သဘောထားကွဲလွဲနေသည့် ဘာသာပေါင်းစုံ ငြိမ်ချမ်းရေးအဖွဲ့ဝင် အချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ရေခဲ (ပြည့်)၊ မဇ္ဈိမ)
0 comments:
Post a Comment