Saturday, September 13, 2014

ပြည်-တောင်ဂုတ်လမ်းတွင် TE ကား ချောက်ထဲပြုတ်ကျ

Leave a Comment

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် 11.9.2014  ညနေ 6 နာရီ ခွဲခန့်အချိန်တွင် ပြည် - တောင်ကုတ်လမ်း မိုင်တိုင်အမှတ် 33 တွင် တီအီးအမျိုးအစားကားမှာ ချောက်ထဲပြုတ်ကျပြီး တိမ်းမှောက်သွားခဲ့ပါသည်။ အဆိုပါကားသည် သံတွဲကြိုးဝိုင်းမှ ဆင်အဖွဲ့သယ်ဆောင်လာပြီး ညောင်ခြေထောက် ဆင်ဝိုင်းသို့ မရောက်မီ 9 မိုင်ခန့် အလိုတွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပါသည်။ မိသားစုဝင် စုစုပေါင်း 24 ဦးပါဝင်ပြီး 2 ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရပါသည်။ ကျန်ရှိခရီးသည်များမှာ ဒါဏ်ရာအသီးသီးရရှိပြီး အ၀တ်အထည်၊ စောင်များကို ဥသျှစ်ပင် ပရဟိတ လူငယ်များမှလည်းကောင်း၊ အစားအစာနှင့် ရေသန့်များးကို စေတနာရှင်များက လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဖိုးအေး (ပန်းတောင်း)

0 comments:

Post a Comment

Facebook Like Page