Saturday, September 13, 2014

ပြည်-တောင်ကုတ်ကားလမ်းတွင် မြန်မာ့သစ်လုပ်ငန်းမှ ကားတစ်စီး ချောက်ထဲထိုးကျ (၂)ဦးသေ (၂၃)ဦးဒဏ်ရာရ

Leave a Comment


 ပြည်-တောင်ကုတ်ကားလမ်း ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေ ဆင်လန်ရွာ မိုင်တိုင် ၃၃အနီးတွင် စက်တင်ဘာလ ၁၁ရက် ည ၁၁နာရီခန့်က ချောက်ထဲထိုးကျကာ လူနှစ်ဦး သေဆုံးပြီး ၂၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုနေ့ည ၁၁နာရီအချိန်က ရွှေတောင်မြို့နယ် မြန်မာ့သစ်ထုတ်လုပ်ရေးစခန်း ပိတောက်မြိုင် ၀န်ထမ်းအိမ်ယာမှ TE ခြောက်ဘီးစိမ်းပြာရောင် မော်တော်ယာဉ်သည် တောင်ကုတ်မှ ပြည်ဘက်သို့ မောင်းနှင်လာစဉ် အဆိုပါနေရာအရောက် အနက်ပေ (၂၀၀)ခန့်ရှိသည့် ချောက်ထဲသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

တီအီးကား ချောက်ထဲထိုးကျခြင်းကြောင့် ပိတောက်မြိုင် ဝန်ထမ်းအိမ်ရာနေ ယာဉ်မောင်း ဦးမောင်မောင်အေး (၅၆)နှစ် နှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် သံတွဲမြို့နယ် ညောင်ပင်ဈေး သစ်ထုတ်လုပ်ရေးစခန်းနေ (၂)နှစ် အရွယ်ကလေးငယ် မောင်ဇော်ပိုင် တို့မှာ အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထို့အပြင် အခြားယာဉ်ပေါ်ပါ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၆)ဦး၊ ကလေးငယ် (၁၄)ဦး စုစုပေါင်း(၂၃)ဦးမှာလည်း ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ပြီး မစိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်ကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ ယာဉ်မောင်း ဦးမောင်မောင်အေးအား ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၁၆/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က) ၃၃၈ / ၃၃၇ အရ အမှုဖွင့်ထားသည်။

ရေခဲ(ပြည်)

0 comments:

Post a Comment

Facebook Like Page