ပဲခူးတိုင်း၊ပြည်မြို့က နိုင်ငံရေးအင်အားစုတွေ က PR စံနစ် ကိုကန့်ကွပ်ကြောင်းဆန္ဒပြရန် ရန်ခွင့်ပြုမိန့်တင်တာကို မြို့နယ်ရဲတပ်ဖွဲ့မှုးက လက်မခံနိုင် ကြောင်းအကြောင်းပြန်ကြားလိုက်ပါတယ်
********************************************************************************************
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့က နိုင်ငံရေးအင်အားစုများက ဦးဆောင်ပြုလုပ်မဲ့(PR)စံနှစ်ကန့်ကွပ်တဲ့ ဆန္ဒပြပွဲကို သြဂုတ်လ(၄)ရက်နေ့တွင် ကျင်းပ ပြုလုပ်ရန်အတွက် ဆန္ဒပြခွင့် ကို သြဂုတ်လ(၁)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှုးထံကိုသွားရောက်တင်ပြတောင်းခံခဲ့ရာ သြဂုတ်လ(၂)ရက်နေ့တွင် အဆိုပါတင်ပြတောင်းခံထားတဲ့ ခွင့်တောင်းစာကို လက်မခံ နိုင်ကြောင်းအကြောင်းပြန်စာပို့ခဲ့ပါတယ်။ ခွင့်ပြုမိန့်တောင်းစာကိုလက်မခံရသည့်အကြောင်းအရာက အဲဒီသူတို့အကြောင်းပြန်စာက ဥပဒေနဲ့မညီဖူး မေလ(၂၄)ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တရားဝင်တင်ပြမယ်ဆိုရင်ငြင်းကွယ်ခွင့်မရှိဘူးလို့ ဆိုထားတာကိုဘယ်လိုနားလည်ရမှန်းမသိတော့ဘူးဒီ PR စံနစ်ကိုလုပ်လိုက်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုထိခိုက်မှာကိုလဲ ဆိုးတယ် နောက်ပြီး-ပြည်သူနားမလည်တဲ့ဒီစံနစ်ကြီးကို ကန့်ကွပ်တာဖြစ်တယ်လို့ ဦးဆောင်သူ ကိုကျော်ဆန်း(နိုင်ငံရေးအကျဉ်းသားဟောင်း)ပြည်မြို့ ကရှင်းပြပါတယ်။
သူတို့အနေနဲ့ဘာမှမသိပါဘူး၊ရဲစခန်းကခေါ်လို့သာသွားလိုက်ရတာ၊နိုင်ငံရေးလဲနားမလည်ပါဘူး၊လက်မှတ်ထိုးဆိုလို့ထိုးလိုက်ရတာဖြစ်တယ်လို့ ကန့်ကွပ်စာထဲမှာပါတဲ့ ဆံတော်ရပ်ကွပ် ရာအိမ်မှုး ဦးတင်ဝင်း(ရာအိမ်မှုး)ဆံတော်ရပ်ကွက် ကပြောပြပါတယ်။
သြဂုတ်လ(၂)ရက်နေ့က-ခွင့်မပြု ဆိုတဲ့စာထဲတွင် သတ်မှတ်ရက်(၅)ရက်ကြိုတင်ပြီးစာမတင်သည့်အတွက် ရယ်၊ပဲခူးတိုင်းဒေသကြီးအတွင်း PR စံနစ်ကိုထောက်ခံခြင်းဆွေးနွေးခြင်းမပြုလုပ်သေးတာကြောင့် အခုလိုဆန္ဒထုပ်ဖေါ်ခွင့်မပြုလို့ဖေါ်ပြထားပြီး၊မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့်အတူ ရပ်ကွပ်အုပ်ရေးမှုးရုံးကရာအိမ်မှုးများ၊ကလဲလက်မခံနိုင်တာလို့အကြောင်းပြန်ထားတာကိုတွေရပြီး စာထဲတွင်ပါသော ရပ်ကွပ်ရာအိမ်မှုးများကိုမေးကြည့်ရာ PR စံနစ်ကိုလဲ နားမလည်ကြောင်း၊အခုလိုနာမယ်ပါလာတာကိုလဲမသိကြောင်း၊ရဲစခန်းကခေါ်ထားတာကြောင့် အဲဒီမှာရောက်နေတာဖြစ်ကြာင်း ဘာမှနားမလည်မသိကြောင်းတို့ကိုလဲ ဆင်ဆုရပ်ကွပ်ကရာအိမ်မှုး ဦးသန်းထူးကလဲ ရှင်းပြပါတယ်။
ဓါတ်ပုံရိုက်ခွင့်တော့မပြုခဲ့ပါ အဲဒီမြို့နယ်မှုးကို ဖုံးနှင့်ဆက်သွယ်မေးမြန်းကြည့်ရာ၊ဖုံးခေါ်ဆိုလို့မရတာကိုလဲတွေ့ရပါတယ်။ အဲဒီဆန္ဒပြပွဲကို။ပြည်မြို့နယ်အတွင်းကဒီမိုကရေစီအင်အားစုများကပူးတွဲကော်မတီတရပ်ပြုလုပ်ပြီးဥိးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး ခွင့်ပြုမိန့်မရရင်လဲ ဆန္ဒပြပွဲကိုပြုလုပ်သွားမှာဖြစ်ကြာင်းသိရပါတယ်။ ဆန္ဒပြပွဲကိုသြဂုတ်လ(၄)ရက်နေ့ မနက်(၈)နာရီထိုးမှာ ဆံတော်ရပ်ကွပ်၊ ဘုရားနီလမ်း၊ ဦးကျော်ဆန်းတို့ နေအိမ်ရှေ့ကနေစတင်မှာဇြစ်ပြီး၊ဗိုလ်ချုပ်လမ်း၊ကိုးသောင်းမီးပှိုင့်၊ရွှေတချောင်းလမ်း၊လမ်းမတော်လမ်းတို့ကနေတဆင့်၊ဗိုလ်ချုပ်မြင်းစီးကျောက်ရုတ်တွင်အဆုံးသတ်မှာဖြစ်ပါတယ်။ အဲဒီပူးတွဲကော်မတီတွင်၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊NLD ပါတီဝင်များ၊လူ့ဘောင်သစ်ပါတီဝင်များ၊သခင်ကိုယ်တော်မှိုင်းကွန်ယက်၊သံလွင်ခက်၊CPRCG၊လက်တွဲကူမယ်ပြည်လူငယ်၊ဘာသာရေးအထိကရုံးများကာကွယ်တားစီးရေးကွန်ယက်၊တို့နှင့်အတူ၊ပြည်မြို့က နိုင်ငံရေးစိတ်ဝင်စားသူ၊PR စံနစ်ကို လက်မခံသူတွေ နဲ့အတူပူးပေါင်းဖွဲ့စည်းထားပြီး၊၀ိုင်းဝန်းစီစဉ်ကြတာဖြစ်ပါတယ်။
ပြည်သတင်းလူငယ်
0 comments:
Post a Comment