Sunday, August 3, 2014

မြို့နယ်စာရေးဆရာအသင်း(ပြည်မြို့နယ်)မှ စာပေဟာပြောပွဲနှင့်ဝါဆိုသင်္ကန်း ကပ်လှုပူဇော်ရန်အစည်းအဝေး ပြုလုပ်

Leave a Comment
မြို့နယ်စာရေးဆရာအသင်း(ပြည်မြို့နယ်)မှ စာပေဟာပြောပွဲနှင့်ဝါဆိုသင်္ကန်း ကပ်လှုပူဇော်ရန်အစည်းအဝေး ပြုလုပ်

ပြည်မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှုးရ်ျ ၀ါတွင်းကာလ ၀ါဆိုသင်္ကန်း ကပ်လှုပူဇော်ရန်နှင့် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပုပြုလုပ်နိုင်ရန်အတွက် အမှုဆောင်ကော်မတီများနှင့် အဖွဲ့ဝင်များ ညှိနှိုင်းအစည်အဝေး ပွဲကို ၂.၈.၂၀၁၄ ရက်နေ့ နေ့လည် (၂)နာရီအချိန်တွင် စာရေးဆရာအသင်း၏ ဥက္ကဌ ဒေါက်တာယဉ်ဝေလွင်(ပြည်)၏ နေအိမ်ဖြစ်သော ဦစိန်ခိုဆေးတိုက် ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
အဆိုပါအစည်းအဝေးတွင် ဆွေးနွေးချက်(၄)ရပ် ဆုံးဖြတ်ချက် (၄)ရပ်ကိုချမှတ်ခဲ့ကြကြောင်း အဆိုပါဆုံးဖြတ်ချက်များမှာ ၀ါဆိုသင်္ကန်းကပ်လှူရန်အတွက် ၁၇.၈.၂၀၁၄ ရက်နေ့ နံနက်တွင် ပြုလုပ်ရန်။
စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို 23.11.2014 ရက်နေ့တွင်ကျင်းပပြုလုပ်ရန်
စာဆိုတော်နေ့အထိမ်းအမှတ်
စာစီစာကုံးပြိုင်ပွဲကို 10လပိုင်း အတွင်း ပြုလုပ်ရန်အကြမ်းဖျင်း ဆုံးဖြတ်ခြင်းနှင့် စာဆိုရှင် ပြည် န၀ဒေးကြီးအမှတ်တရ အထိမ်း အမှတ်ပွဲုကို စာစီစာကုံး ပြိုင်ပွဲနေ့ တွင် ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ ကြပြီး စာပေဟောပြောမည့် စာရေးဆရာများအဖြစ် ဆရာဖေမြင့် ဆရာမဂျုးနှင့်ဆရာမ. နု နုရည် (အင်းဝ)တို့ကို သတ်မှတ်ရွေးချယ်ထားကြောင်းနှင့် အဆိုပါဆရာများ အဆင်မပြေပါက အပြောင်းအလဲရှိနိင်ကြောင်း သိရသည်
မင်းယွန်း(ခေတ္တရာ)




0 comments:

Post a Comment

Facebook Like Page