Wednesday, July 9, 2014

ပဲခူးတိုင်းပြည်မြို့၊န၀ဒေးစက်မှုဇုံ(၂)ရက်ကွပ်ထဲကလမ်းတခုကိုဖြတ်ပြီးခြံခပ်ထားတာကြောင့်လမ်းပိတ်သွားပြီးဒေသ ခံတွေသွားလာရေးခက်ခဲ

Leave a Comment


ပဲခူးတိုင်းပြည်မြို့၊န၀ဒေးစက်မှုဇုံ(၂)ရက်ကွပ်ထဲကလမ်းတခုကိုဖြတ်ပြီးခြံခပ်ထားတာကြောင့်လမ်းပိတ်သွားပြီးဒေသ ခံတွေသွားလာရေးခက်ခဲ
**************************************************************************************

ပဲခူးတိုင်းပြည်မြို့၊န၀ဒေးစက်မှုဇုံ(၂)ရက်ကွပ်ထဲကလမ်းတခုကိုဖြတ်ပြီးခြံခပ်ထားတာကြောင့်လမ်းပိတ်သွားပြီးဒေသ ခံတွေသွားလာရေးခက်ခဲနေပါတယ်။

                 အဲဒီစက်မှုဇုံ(သဇင်လှ)ရွာထဲကလမ်းတလမ်းကို ဖြတ်ပြီးခြံရှင်တယောက်ကပိတ်ထားလိုက်တာကြောင့်သူ့ ခြံအနောက်ဖက်ပိုင်းက အိမ်(၁၆)အိမ် နဲ့ဖုန်းကြီးကျောင်းတကျောင်းအတွက်ထွက်စရာလမ်းမရှိတော့တာ ကြောင့် အိမ်တွေနောက်ဖက်ချောင်းထဲကနေ ပတ်ပြီးသွားလာရနေတာကြောင့်ဒေသခံကျေးရွာသားတွေဒုက္ခရောက်နေရပါတယ်။
 အဲဒီလမ်းကိုပိတ်ထားတာကြောင့်ဥပုဒ်သည်တွေလဲလာလို့မရဘူး၊ဆွမ်းခံထွက်ဖို့ကိုလဲ ချောင်ထဲကနေထွက် ရတာ မိုးရွာထားတဲ့အချိန်ဆိုရင် ချောင်းထဲမှာရေများနေရင် သွားလို့မရတော့ဘူး လို့ ချမ်းသာစံတောရဆရာတော်က မိန့်ကြားခဲ့.........
 
   ပြီးသွားတဲ့(မတ်လ)ကခလေးမီးဖွားဖို့အရေးပေါ်ဆေးခန်းကို လိုက်ပို့တာမှာ ချောင်းထဲကနေကွေ့ပတ်ပြီးသွား နေရင်းနဲ့ ချောင်ထဲမှာပဲခလေးမွေးလိုက်တယ်။တကယ်အရေးအကြောင်း ပေါ်ရင်မလွယ်ဖူးလို့ဒေါ်သီသီထွန်း(ချောင်းထဲမှခလေးမွေးတဲ့မိန်းခလေးရဲ့အမေ)က ပြောကြားခဲ့.....

  လမ်းကနဂိုကမရှိဘူး ကိုယ့်ရပ်ကွပ်မို့အရင်ကအသုံးပြုခွင့်ပေးထားတာ အခုတော့လိုအပ်လို့ ကိုယ့်ခြံကို ကိုပိတ်လိုက်တာ ဒါကိုသူတို့က မကျေနပ်လို့ အုပ်ချုပ်ရေးမှုး ဘာတို့ကိုတိုင်ထားတာဖြစ်တယ်လို့ လမ်းကိုပိတ်လိုက်တဲ့ ခြံရှင်က ။ဒေါ်အုံးမြင့်(ခြံရှင်)ပြောကြားခဲ့........

အဲဒီလမ်းက ဒီစက်မှုဇုံမလုပ်ခင်ကထဲက လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀/၄၀)လောက်ကထဲက ရှိခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့ (၁)လ လောက်ကမှ လမ်းကိုပိတ်ပြစ်လိုက်တာဖြစ် ပြီးကျေးရွာအုပ်ချုပ်ရေးမှုးကိုတိုင်ကြားထားခဲ့ပေမဲ့လည်း ဒီနေ့ထိတော့အရေးယူဆောင်ရွက်ပေးခြင်းမရှိသေးပါဘူး..

ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကလူကြီးတွေက တော့ ဒီကိစ္စကို အမြန်ဆုံးဆောင်ရွက်ရန်အတွက် ရပ်ကျေးစည်းဝေးတွေပြုလုပ်သွားပါမည်ဟုပြန်လည်ဖြေကြားခဲ့သည်။...

သတင်း..မင်းညို(DVB) နှင့် ပြည်သတင်းလူငယ်(ပြည်သတင်း
ဓါတ်ပုံ....ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page