Friday, July 11, 2014

လူသားအချင်းချင်းအမုန်းမပွားပို့ငါတို့နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့ပန်းစကား လှုပ်ရှားမှုတခုပြုလုပ်ခဲ

Leave a Comment


လူသားအချင်းချင်းအမုန်းမပွားပို့ငါတို့နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့ပန်းစကား လှုပ်ရှားမှုတခုပြုလုပ်ခဲ့
*********************************************************************
 
      ဇူလိုင်လ(၁၀)ရက်နေ့ညနေက ပဲခူးတိုင်း၊ပြည်မြို့တွင်
လူသားအချင်းချင်းအမုန်းမပွားပို့ငါတို့နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့ပန်းစကား လှုပ်ရှားမှုတခုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

  အဲဒီလှုပ်ရှားမှုကို ပြည်မြို့က လက်တွဲကူမယ်ပြည်လူငယ် အဖွဲ့က ဦးဆောင်လုပ်ခဲ့ကြတာဖြစ်ပြီး ၊ဘာသာရေးအထိကရုံးများကာကွယ်တားစီးရေးကွန်ယက် တို့နဲ့အတူတွဲပြီးလုပ်ခဲ့ကြတာဖြစ်ပါတယ်။
     ဇူလိုင်လ(၁၀)ရက်နေ့ညနေ(၅)နာရီထိုး ရုံးလမ်းနဲ့ ပန်းဘဲတန်းလမ်းဒေါင့်လက်တွဲကူမယ်ပြည် လူငယ် ရုံးခန်း ကနေစတင်ခဲ့ကြပြီး လမ်းရှည်လမ်းတလျှောက်လူစည်ကားတဲ့နေရာတွေနဲ့ စားသောက်ဆိုင်တွေ လမ်းဆုံလမ်းခွတွေ မှာ လမ်းသွား လမ်းလာတွေကို ကမ်ပိန်းစာရွက်များဝေငှခြင်း၊စတစ်ကာတွေကပ်ခြင်း စတာတွေကိုလုပ်ဆောင်ခဲ့ကြပြီး 

န၀င်း ရွှေပုလ္လင်မှော်ဘုရားထိပ်၊နောက်လမ်းမတော်လမ်းတလျှောက်၊ နောက်ဗိုလိချုပ်မြင်းစီးကျောက်ရုပ်၊
ညဈေး၊ဆင်ဆုရပ်ကွပ်၊ဗိုလ်ချုပ်လမ်းတလျှောက်၊ ရွှေဆံတော် ဘုရား ဓါတ်လှေခါးပတ်ဝန်းကျင်၊နာရီစဉ်၊ နောက်အဝေးပြေးကားကွင်း၊နောက် မြို့သစ်၊စတဲ့နေရာအနှံအပြားတွင် ပိတောက်ပန်းကလေးတွေကို ပါးစပ်မှာကိုက်ပြီး ကမ်ပိန်း လုပ်ခဲ့ကြတာဖြစ်ပါတယ်။
       လတ်တလောမန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ ကိစ္စနှင့်ပတ်သတ်ပြီး Hate speech တွေကနေ Dangerous speech အသွင်ကိုကူပြောင်းလာမှာစိုးတာကြောင့် တတ်နိုင်သလောက် အမုန်းစကားတွေမပြောဖို့ အချင်း ချင်းမေတ္တာထားဖို့လိုအပ်တဲ့အကြောင်းတွေကို 

နိုင်သလောက်ဝင်လုပ်ပေးတာဖြစ်တယ်။နိုင်ငံတော်တည်ဆောက်ရေးအတွက်လဲလိုအပ်လို့ လုပ်တာဖြစ်တယ်လို့ လက်တွဲကူမယ်ပြည်လူငယ် အဖွဲ့က တာဝန်ရှိသူတယောက်က ပြည်သတင်း ကိုယခုလိုပြောကြားခဲ့.......

  ။ကိုမျိုးသူထွဋ်(လက်တွဲကူမယ်ပြည်လူငယ် အတွင်းရေးမှုး)

  အခုတခါနဲ့ဆိုရင် ပြည်မြို့မှာ လုပ်လာခဲ့တာ(၂)ကြိမ်ရှိပါပြီ မျှော်လင့်တာကတော့ လူတွေအားလုံးငြိမ်းငြိမ်းချမ်းချမ်းချိုချိုသာသာနဲ့စကားပြောဆိုကြဖို့နဲ့ ပြသနာတွေမဖြစ်ဖို့အတွက် ကို မျှော်လင့်ထားပါတယ်လို့လက်တွဲကူမယ်ပြည်လူငယ် အဖွဲ့ဝင်တစ်ဦးက ပြည်သတင်းကိုယခုလိုပြောကြားခဲ့.............

။ကိုမြတ်ကို(လက်တွဲကူမယ်ပြည်လူငယ်)

 ပြည်မြို့မှာ ပန်းစကားလှုပ်ရှားမှုပြုလုပ်ခဲ့တာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အခုလိုညနေဖက်ကို အချိန်ရွေးပြီးပြုလုပ်ခဲ့ကြတာကလဲ အလုပ်တွေပြီးသွားလို့ အေးအေးလူ လူ နေတဲ့အချိန်တခုကိုရွေးခဲ့တာဖြစ်တယ် ။ပြီးခဲ့တဲ့အပတ်ကထဲကပြုလုပ်ဖို့ကြံရွယ်ခဲ့ပေမဲ့လဲ မန္တလေး ပရိပက္ခ ကြောင့် မလုပ်ဖြစ်ခဲ့ပဲ ပြည်မြို့မှာရှိတဲ့ ကွန်ယက်တွေနဲ့NGOအဖွဲ့(၃၂)ဖွဲ့ပေါင်းပြီး ပရိပက္ခတွေနဲ့ပတ်သတ်ပြီး အဖိနိုပ်ခံရတဲ့ဒုက္ခရောက်တဲ့သူတွေကိုစာနာထောက်ထားကြောင်းနဲ့ ပရိပက္ခ ဖနိတီးသူတွေကိုရှုံ့ချကြောင်း ပူတွဲကြေငြာချက်တခုထုပ်ပြန်ခဲ့ပြီး အဲဒီကွန်ယက်ပေါင်းစုံပူတွဲအဖွဲ့ကနေပြီး ပြည်မြို့ကို ပဋိပက္ခ မီးမကူစပ်နိုင်အောင် လုံခြုံရေးတွေစီမံခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ကူညီတားဆီးခဲ့ကြပါတယ်။

သတင်း နှင့် ဓါတ်ပုံ
ကိုမင်းညို(DVB) နှင့် ပြည်သတင်းလူငယ်(ပြည်သတင်း)



0 comments:

Post a Comment

Facebook Like Page