စာဖတ်သူဟာတပည်.လား သရ၀ဏ်(ပြည်)
စာဖတ်သူဟာတပည်.လား
သရ၀ဏ်(ပြည်)
“ဆရာကတော. ဒီထက်ဒီတိုးတက်အောင် ကြိုးစားသွားပါ.မယ် “
“ ဆရာအမေရိကမှာ ဘွဲ.လွန်သင်တန်းသွားတက်တုန်းကဆိုရင် “
“ အခုတော.ဆရာ.အနေနဲ. တည်ငြိမ်တဲ.စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဘ၀ကို သွားနေပြီဆိုတော.ကာ”
“ ဆရာဖြည်.စွက်ပြောချင်တာကတော. “
ဂျာနယ် မဂ္ဂဇင်းအင်တာဗျူးများတွင်မကြာခဏကြားနေဖတ်နေရသည်မှာ မေးသူကဆရာခေါ်ပြီးမေးသည်ကိုအမေးခံရသူ (အင်တာဗျူးခံရသူကသံယောင်လိုက်ကာ ကိုယ်.ကိုယ်ကိုယ် ဆရာနေရာမှာထားလိုက်ခြင်းဖြစ်သည် ) ဥပမာ
“ ဆရာတို. ဘောလုံးအသင်းကိုဒီထက်ပိုပြီးအောင်မြင်အောင်ဘယ်လိုလုပ်မလဲသိပါရစေ”
“ ဆရာတို.ကတော. သေသေချာချာပြင်ဆင်ထားပါတယ် ။ စလုပ်ကတည်းကဆရာတို.အရှုံးအမြတ်ကိုမတွက်ပါဘူး ။ ဆရာ.စီးပွားရေးလုပ်ငန်းထဲကနေပြီးတော. ဘောလုံးအသင်းအတွက်ကုန်ကျတဲ.ငွေကို အဖက်ဖက်ကပံ.ပိုးထားတဲ.အတွက် ဒီနှစ်တော.ချန်ပီယံဖြစ်ဖို.မျှော်လင်.ပါတယ် “ ဟူသည်ကတစ်မျိုး
“ UNESCO ကပဲရစ်မှာ ရုံးချုပ်ရှိတယ် ။အခုမြန်မာနိုင်ငံ နဲ.လည်းသူတို.ရှေးဟောင်းထိန်းသိမ်းရေးလုပ်ငန်းတွေ
တွဲပြီး လုပ်ကိုင်နေတာတွေ ရှိတယ် ။ တစ်ကမ္ဘာလုံးမှာ သူတို.ရဲ.စင်တာတွေ
ကခုနစ်ခုရှိတယ် ။အိန္ဒိယမှာ UNESCO နဲ.တွဲဖက်ပြီးစင်တာတစ်ခုရှိတယ်
။အဲဒိစင်တာမှာ တစ်ကမ္ဘာလုံးကအုပ်ချုပ်သူ ၁၀ ယောက်ရွေးတယ် ။ဒီနေ.မှာ
ဆရာလည်းအရွေးခံခဲ.ရတာပါ “ ဟုတစ်ဖုံ စကားပြောရာတွင်မိမိကိုယ်ကို ဆရာဟု
နာမ်စားသုံးပြောသည်ကိုကြားရတတ်သည် ။ အချို.ကျတော. ကိုယ်.ကိုကိုယ် ဆရာခေါ်ရုံနှင်.အားမရကြတော.ပဲ စစ်တပ်ထဲတွင်နေခဲ.စဉ်ကအလေ.အထတွေ ၊ အာဏာရှင်ဆန်ဆန်မြှောက်လုံးတွေဖြင်. မိမိကိုယ်ကို ရှက်စဖွယ်ရည်ညွှန်းကြသည်လည်းရှိသေးသည် ။
“ အဘက နိုင်ငံရေးနားလည်တဲ. နိုင်ငံရေးသမားကြီးမဟုတ် ပါဘူး ။စစ်သားပါ ၊
စစ်တပ်မှာ ၄၂ နှစ်လုပ်လာတယ် ။သူ.ဟာသူဖြစ်လာတဲ.ကိစ္စ ။သူ.ဟာသူ
ကံစီမံဖန်တီးပြီးတော.ဖြစ်လာတာ။ ဒါလည်းကံတိုက်ဆိုင်မှုပဲ ။အဘက
ကိုယ်.အတွက်ပြောတာမဟုတ်ဘူး ။ လုပ်တာမဟုတ်ဘူး
။စိတ်ထဲမှာယုံကြည်တာကိုပြောလိုက်တာ ။ဒါတွေက အချိန်နဲ.တိုင်းတာတဲ.အခါနောင်တစ်ချိန်မှားရင်လည်းမှားမယ် “ စသည်ဖြင်.နားဒုက္ခရောက်အောင်ဖတ်ရကြားရပေသည် ။
ဤနေရာ၌ မိမိကိုအင်တာဗျူးလာမေးသော ဂျာနယ်လစ်သမားလေးတွေသည် မိမိ မေးခွန်းထုတ်ရမည်.သူ၏ ရာထူးစည်းစိမ် ဂုဏ်သိမ်များကိုလေးစားသောအားဖြင်. ဆရာဟု ၀ိသေသတတ်၍မေးမြန်းလိုကမေးမြန်းနိင်ပါသည်
။သို.သော် အင်တာဗျူးပြန်ဖြေသူအနေနှင်.မူ၊ လာမေးသူသည် တူအရွယ် သားအရွယ် ၊
တပည်.အရွယ်လေးတွေပဲဟုဆိုကာ (ကိုယ်.တပည်.ဖြစ်နေသည်.တိုင် ) ဆရာဆိုသော
တင်စီးသည်.နာမ်စားကိုမသုံးသင်.ပေ ။ မိမိသည် မိမိကျင်လည်နေသောပါတ်ဝန်းကျင်တွင်ဆရာတစ်ဆူဖြစ်ချင်ဖြစ်မည်
။ မိမိအုပ်စီးနေရသော သင်တန်း ၊ ကုမ္မဏီ စသည်တွင် အရှင်သခင်
ပိုင်ရှင်တစ်ယောက် ဆရာတစ်ယောက်ဖြစ်ချင်ဖြစ်မည် ။သို.သော် ဤစာ ဤစကားသည်
သင်.ရှေ.တွင်ရောက်နေသော ချာတိတ်တစ်ယောက်ကို အလွတ်သဘော
လက်ချာပေးရင်းပြောသောစကား များမဟုတ် ။ စာမျက်နှာထက်တွင် ပုံနှိပ်ကာ
(သို.မဟုတ် ) အသံလွှင်.မီဒီယာတစ်ခုခုမှ ထုတ်လွှင်.ကာ တစ်နိုင်ငံလုံး
(တစ်ခါတစ်ရံ တစ်ကမ္ဘာလုံး) သို.လွှင်.ထုတ်ဖော်ပြနေခြင်းဖြစ်၍
သင်စကားပြောနေသူ မှာ သန်းပေါင်းများစွာသော စာဖတ်ပရိသတ်ကိုဖြစ်သည် ။
သို.မဟုတ် T.V ကြည်.ပရိသတ်ကိုဖြစ်သည် ။သီချင်းဆိုပြိုင်ပွဲများ၏ဒိုင်လူကြီးများလည်းဤအထဲတွင်ပါဝင်ပေ၏ ။
ထိုအခါစဉ်းစားစရာရှိလာသည်မှာ စာဖတ်သူ၊ ရုပ်သံကြည်.သူသည် သင်.တပည်.လားဟူသောမေးခွန်းဖြစ်သည် ။ ဟောပြောပွဲများဆက်တိုက်ဟောလာရသောအခါ ၊အဖွဲ.အစည်းတစ်ခုတွင် ဥက္ကဌရာထူးရသောအခါ ၊ လုပ်ငန်းတစ်ခုတွင် ပိုင်ရှင်အဖြစ် မိမိလက်အောက်ခံအလုပ်သမားအာလုံးက ပစားပေးကြသောအခါ ၊ လူသည် မိမိကိုယ်ကိုဆရာတစ်ဆူပါရဂူဟုထင်လာတတ်ကြသည်
။ လုပ်ငန်းခွင်ထဲ၌ တပည်.တပန်းများ က ဖား၍ ခေါ်ကြသော
ဆရာဆိုသည်.ဂုဏ်ပုဒ်သည် မိမိမွေးလာကတည်းက အချင်းနှင်.အတူဒရွတ်ချိတ်၍ ပါလာသော
ဝိသေသဂုဏ်ထူးကြီးသဖွယ် ထင်မြင်လာသည် ။ ထိုအခါစကားပြောသောအခါ
လူရှေ.မရှောင်သူရှေ.မရှောင် ဆရာဟူသောနာမ်စားကိုပါးစပ်မှမချတော.ပေ ။ ကျောင်းဆရာများသည် သူ.တပည်.နှင်.တွေ.ရာ၌ ဆရာက ဟုသူ.ကိုယ်သူရည်ညွှန်းပြောခြင်းကိုမဆိုလိုပါ ။မီဒီယာနှင်.တွေ.ဆုံနေသည်.တိုင် ဆရာ ဟုကိုယ်.ကိုယ်ကိုယ်ရည်ညွှန်းကြသူများကိုဆိုလိုပါသည် ။
စာဖတ်သူသည် နယ်ပါယ်စုံအလွှာအသီးသီးမှဖြစ်၏ ။ စာဖတ်ပရိသတ်ထဲတွင်
နှပ်ချေးတွဲလောင်း အရွယ်မှစကာ ပိဋကတ်သုံးပုံအာဂုံဆောင်ထားသော
ဆရာတော်သမားတော် ကြီးများပင်ပါဝင်၏ ။ ထိုဆရာတော်ကြီးများက ၎င်း ဆရာခေါ
်ခံပုဂ္ဂိုလ်များ၏ အင်တာဗျူးကိုဖတ်မိသောအခါ “ ဆရာကလေ ၊ ဆရာကတော. ၊အဘကတော. “
ဆိုသည်.စကားများမှာ မည်မျှရိုင်းပျလိုက်ပါသနည်း
။မည်မျှအဂါရ၀ဖြစ်လိုက်ပါသနည်း ။သူတို.လုပ်ပေါက်မှာ စာဖတ်နေသူ ရဟန်းသံဃာ ၊
ဆရာတော်ကြီးများကပင်လျင် အနှီဆရာခေါ်ခံပုဂ္ဂိုလ်ကြီးများကိုပြန်၍
ရှိခိုးကန်တော.ရမည်.အပေါက်ဖြစ်နေပေသည်။
မြန်မာလူမျိုးတို.သည် တိုက်ပုံအင်္ကျီဝတ်သည်ကို ဂါရ၀ ၊လက်အုပ်ချီမှ
ဂါရ၀ဟုထင်နေကြသည် ။အမှန်စင်စစ် လေးစားသင်.သူကို
လေးစားခြင်းသည်ဂါရ၀တရား၏အခြေခံဖြစ်သည် ။ ဘုရားဟောသုံးဆယ်.ရှစ်ဖြာမင်္ဂလာတရားတော်တွင်လည်း ( နိဝါတ )မိမိကိုယ်ကိုနှိမ်.ချခြင်းသည်မင်္ဂလာ ဟုဟောကြားပါရှိပါသည် ။ လောကတွင် မိမိလောက်ဂုဏ်ကြီးမြတ်သူမရှိဟုထင်နေသူလောက် အသိဥာဏ်နုံနဲ.သူကားရှိမည်မဟုတ်ပေ ။လောက၌ လူပညာရှိ ရဟန်းပညာရှိ ၊လေးစားလောက်ဖွယ်ပုဂ္ဂိုလ်တို.သည် နေရာတိုင်းမှာရှိကြောင်းသတိမူသင်.ပေသည် ။
များသောအားဖြင်.ပြည်.သောအိုးသည်ဘောင်ဘင်မခတ် ။ မပြည်.သောအိုးကဘောင်ဘင်ခတ်၏ ။ ဗိုလ်ချုပ်အောင်ဆန်းသည်မိမိကိုယ်ကိုယ်ရည်ညွှန်းပြောဆိုသောအခါ အဘက ဟုတင်တင်စီးစီးဘယ်တုန်းကမျှမပြောခဲ.
။ သမ္မတကြီးဦးသိန်းစိန်ပင် ကိုယ်.ကိုယ်ကို ကျွန်တော်ကဟူ၍ပင်ပြောသည် ။ ဒေါ
်အောင်ဆန်းစုကြည်သည်လည်း သူ.ကိုယ်သူဘယ်တော.မှ ဆရာမက ဟုမသုံး ကျွန်မက ဟူသော
နာမ်စားကိုပင်သုံးသည် ။ စာရေးဆရာကြီးဒဂုန်တာရာ သည် သူ.ထက်မည်မျှအသက်ငယ်သော
လူနှင်.စကားပြောသည်ဖြစ်စေ ခင်ဗျားကျွန်တော်နှင်.သာ လေးလေးစားခေါ
်ပြောဆက်ဆံသည် ။ မင်းက ၊ငါက ၊ တပည်.တို. ၊ ဆရာက စသည်ဖြင်. မခေါ
်မပြောခဲ.ပါလေ ။ မြန်မာစာပေလောက၌ နေလိုလလိုထင်ရှားသော ဆရာဇော်ဂျီ
၊ဆရာမင်းသုဝဏ် တို.သည်လည်း တက္ကသိုလ်တွင်ဆရာများဖြစ်ကြသည်.တိုင်ကိုယ်ကိုယ်ကို
ဆရာက ဟုတစ်ခါမျှ ရည်ညွှန်း၍မပြောဖူးပေ ။ ကျွန်တော်
ဟူသောနာမ်စားကိုပင်သုံးပေသည် ။သိပ္ဖံမောင်ဝ ၊ ဆရာကြီးဦးဖိုးကျား
၊သခင်ကိုယ်တော်မှိုင်း၊ပီမိုးနင်း၊ေ၇ွှဥဒေါင်း
တို.လည်းထိုနည်းနှင်နှင်ပင် ကျွန်တော် ၊ကျွန်ုပ် ဟူ၍သာသုံးပါသည် ။
မြန်မာစာသည် ဝေါဟာရပေါကြွယ်ဝသော ဘာသာစကားတစ်ခုဖြစ်သည် ။
အင်္ဂလိပ်ဘာသာ၌မိမိကိုယ်ကိုရည်ညွှန်းရာ၌
I တစ်လုံးသာ ရှိသော်လည်း မြန်မာဘာသာ၌ ကျွန်တော် ၊ကျွန်မ ၊ ငါ ၊ ကျွန်ုပ် ၊
အကျွန်ုပ် ၊ မိမိ ၊ ကျုပ် ၊ စသည်ဖြင်. ယဉ်ကျေးမှုအဆင်.ကိုလိုက်၍သုံးသောစာလုံးများစွာရှိရာ
အများနှင်.ဆိုင်သော စကားတစ်ခွန်းအတွက် ဆရာ ၊ အဘ စသည်ဖြင်.သုံးနေခြင်းသည်
မိမိ၏ ယဉ်ကျေးမှု နိမ်.ကျနေခြင်းကိုပြဆိုနေပါကြောင်း အသိပေးတင်ပြလိုက်ရပေသည် ။ စာဖတ်သူသည် သင်တို.၏တပည်.များမဟုတ်ပါလေ ။
သရ၀ဏ်(ပြည်)
၁၆.၄.၂၀၁၄ (သင်္ကြန်အတက်နေ.)
0 comments:
Post a Comment