Thursday, February 6, 2014

ပျိုကျပျက်စီးနိုင်သည့် န၀င်းချောင်းကူးတံတား အဆင့်မြှင့်တင်တည်ဆောက်ရန် ရံပုံငွေမရသေး

Leave a Comment


ပဲခူးတိုင်းပြည်ခရိုင်ပြည်မြို့တွင်ပြီးခဲ့သည့်မိုးရာသီရေမြုပ်ခဲ့သည့် န၀င်းချောင်းကူးတံတားကိုကွန်ကရစ်တံတားအဖြစ်အဆင့်မြှင့်တင်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပြည်ထောင်စုလွှတ်တော်သို့ရံပုံငွေ တင်ပြတောင်းခံခဲ့သော်လည်းရံပုံငွေမရသေးကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦး ကျော်ကျော်လင်းကပြောပါသည်။

အဆိုပါအန္တရယ်ရှိတံတားသည် ဌါနဆိုင်ရာအပိုင်မဟုတ်သည့်အတွက် ရံပုံငွေမရခြင်းဖြစ်ပြီးရံပုံငွေရရှိရန် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ ၄င်းတံတားကို လွှဲပြောင်းရန်လိုအပ်သည်ဟု ဦးကျော်ကျော်လင်းကပြောပါသည်။

“စည်ပင်ပိုင်တံတားလည်းမဟုတ်ဘူး။ ပြည်သူ့ဆောက်လုပ်ရေးပိုင်တံတားလည်းမဟုတ်ဘူး။ အဲဒါအ တော်လေးအခက်အခဲဖြစ်နေတာ။ ဘယ်ကပြင်မလဲ။ ဘယ်ဌါနမှမပိုင်တော့အားလုံးလက်လွှဲနေကြတယ်။ အခုအရင်ဆုံးလုပ်ရမှာက စည်ပင်ကမနိုင်ရင်ပြည်သူ့ဆောက်လုပ်ရေးကိုလွှဲစေချင်တယ။် ဆောက်လုပ်ရေးအမည်ပေါက်ဖြစ်လို့ ရံပုံငွေချပေးရင်ရာသီမရွေးသွားလာနိုင်တဲ့ ကွန်ကရစ်တံတားဖြစ်ပြီ”ဟု ဦးကျော် ကျော်လင်းကဆိုသည်။

၎င်းတံတားကို အဆင့်မြှင့်တင်ရေးရံပုံငွေရရှိရန်ပြည်ထောင်စုလွှတ်တော်နာယက သူရရွှေမန်း၏ခရီးစဉ် နှင့် DliveryUnitဆွေးနွေးပွဲများတွင်တင်ပြခဲ့သေးကြောင်း သူကပြောပါသည်။

တံတားအလယ်တိုင်(၉)တိုင်မှာအောက်ခြေမှပြုတ်ထွက်ကာ ရေတိုက်စားကမ်းပါးပျိုမှုများကြောင့် ချဉ်းကပ်တံတားမှာလည်းအောက်သို့နိမ့်ဆင်းလျှက်ရှိပြီး တံတားမှာယိမ်းယိုင်နေသဖြင့်ပျိုကျနိုင်သည့်အခြေအနေတွင်ရှိရာလက်ရှိအချိန် ကားကြီးများသွားလာခွင့်ပိတ်ထားကြောင်း ဦးကျော်ကျော်လင်းက ပြောပါသည်။

“ဖိုးခေါင်ဘက်ကမြေပျိုကျလာတဲ့အပိုင်းကြောင့်တံတားကနိမ့်ကျနေပြီး။ အကယ်၍များရေပြင်းပြင်းထန်ထန်စီးမယ် ၊နောက်သစ်တုံးတွေမျောလို့ရှိရင် ဒီတံတားကအခြေအနေမကောင်းတော့ဘူး ။မြစ်ပြင်ကလည်းရေအကျယ်ဆုံးဖြစ်သွားပြီး ။ရေတိုက်စားမှုနောက်ဆုံးဒဏ်ခံရတဲ့အပိုင်းဖြစ်သွားပြီ။ သူ့ရဲ့ခံနိုင်ဝန်အားနည်းတယ်။ဒီတံတားကမိုးတွင်းအမှီကွန်ကရစ်တံတားမဖြစ်ရင်မလွယ်တော့ဘူး”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းက ဆိုသည်။

တံတားကိုပြုပြင်ရန်ရံပုံငွေမရသေးသည့်အတွက် အခြေအနေဆိုးဝါးလာပါကတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ်ရံပုံငွေမှအသုံးပြုရန် တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်လင်းကပြောပါသည်။

“အကယ်၍များတစ်ခုခုဖြစ်လာရင် လက်တလောလက်ပူတိုက်ရမယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှာသ ဘာဝဘေးအန္တရယ်ရံပုံငွေဆိုတာရှိတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးပြင်ဆင်စရိတ်တင်ပြ တောင်းခံသွားမယ်”လို့ သူကဆိုသည်။

၎င်းတံတားသည်ပြည်မြို့နယ် သဲဖြူ၊ကျောက်အိုးကြီး ၊ကျောက်အိုးလေး၊ ကုန်းသလင်း၊မြရွာ၊ လက်ခုပ်ပင်၊ အုတ်ဖို၊ဖိုးခေါင်၊ ဇရစ်ချောင်၊ရှမ်းစု၊ ဥယာဉ်စ၊ုရှမ်းကုန်း ၊ချောင်းနားတန်း ၊ဗိုလ်ကုန်းစသည့်ကျေးရွာများအ ပြင်၊ ရဲတပ်ရင်း(၁၀)၊န၀ဒေးသကြားစက်၊ သံချပ်ကာတပ်ရင်းနှင့် ပြည်မြို့ပေါ်အကြားဆက်သွယ်ပေးထား ပြီးပြည်အောင်လံကားလမ်းဟောင်းတွင် ပါဝင်ကြောင်းသိရပါသည်။

အဆိုပါန၀င်းချောင်းကူးတံတားသည်အလယ်ခေါင်သံဘီလီ(၈၉)ပေဘေးတစ်ချက်စီသစ်သားတံတား (၁၆၈)ပေ၊ စုစုပေါင်း(၂၅၇)ပေရှည်လျှားပြီး ခန်းဖွဲ့အကျယ်(၁၄)ပေရှိကာ ငွေကျပ်(၂၈၇)သိန်း အကုန်အကျခံကာ၂၀၀၃ခုနှစ်တွင်တည်ဆောက်ခဲ့ကြောင်း သိရပါသည်။

ပြည့်သဲမောင်(ပြည်) 
 
ပြည်သတင်း

0 comments:

Post a Comment

Facebook Like Page