HIV -ရောဂါရှိသောတနှစ်ခွဲခလေးငယ်လေးကို-ရောဂါမရှိဟုဆိုပြီး-မိဘမဲ့သီလရှင်ကျောင်းသို့လာပို့သွား
*******************************************
ပေါင်းတည်၊ကြို့ကုန်းရွာမှအုပ်ချုပ်ရေးမှုးနဲ့(ပြည်)လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးဦးစီးဋ္ဌာနှအဖွဲ့တို့မှ-အသက်တနှစ်ခွဲ ခလေးငယ်ကလေးငယ်လေး တယောက်ကို- ရတနာမဉ္ဖူသီလရှင်ကျောင်းသို့-လာရောက်အပ်နှံခဲ့ပြီး(၄)ရက်အကြာမှာခလေးမှာကျမ်းမာရေးချို့ယွင်းလာခဲ့သဖြင့်ဆေးရုံပို့ပြီးဆေးကုသတော့မှ-ခလေးမှာ HIV-ပိုးရှိကြောင်းသိခဲ့ရပြီးထိုခလေးငယ်ကိုပို့စဉ်က-သူ့တွင်-ထိုရောဂါရှိကြောင်းကိုလျို့ဝှက်ထားခဲ့ပါတယ်လို့-ဆရာလေးကပြောပြပါတယ်။
ထိုအကြောင်းနဲ့ပတ်သတ်ပြီး-ကြို့ကုန်းကျေးရွာအုပ်ချုပ်ရေးမှုးကိုဖုန်းနှင့်အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လဲ-ဖုန်းပိတ်ထားခဲ့ပါတယ်
ရတနာမဉ္ဖူသီလရှင်ကျောင်းတွင်ရင်ခွင်ပိုက်(၇)လသားနဲ့-တနှစ်အရွယ်(၅)ယောက်နဲ့-သက္ကသိုလ်ဘွဲ့ရပြီးသူအထိရှိပြီး-လွန့်ခဲ့သော(၄)လခန့်က-ကချင်စစ်ဘေးဒေသမှ-ပို့လိုက်သောခလေးငယ်(၅၀)ကျော်ခန့်ရောက်ရှိလာခဲ့ပြီးအခုဆိုမိဘမဲ့ခလေးငယ်ပေါင်း(၁၈၀)ထိရှိပြီး-ထိုခလေးငယ်အားလုံးကို-ဆေးစစ်မှတ်တန်းတွေလုပ်ထားကြောင်းနဲ့-ရောဂါရှိပြီးသူနဲ့အတူ-ထားရင်မသင့်ကြောင်း-ဆရာလေးကပြောပြပါတယ်။
ထိုခလေးငယ်ကလေးသည်ပေါင်းတည်မြို့၊ကြို့ကုန်းရွာမှဖြစ်ပြီး-သူမကိုမမွေးမှီ(၃)လန့်က-အဖေသေသွားပြီးမွေးပြီး(၁)လခန့်မှာ-အမေပါသေသွားသဖြင့်-ဒေသခံအာဏာပိုင်အဖွဲ့အစည်းနှင့်၊ပေါင်းတည်မြို့မှ-လူမှု အဖွဲ့တို့က-၀ိုင်းဝန်းစောင့်ရှောက်ထားခဲ့ကြပြီး-အသက်တနှစ်ခွဲကြမှ- ရတနာမဉ္ဖူသီလရှင်ကျောင်းသို့လာပို့ခဲ့ပြီး-ဘာရောဂါမှ-မရှိကြောင်း ပြည်သတင်းသို့ ရတနာမဉ္ဖူသီလရှင်ကျောင်းမှ ဆရာလေးကပြောကြားသွားခဲ့ပါတယ်။
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
www.pyaynews.blogspot.com

0 comments:
Post a Comment