Tuesday, December 17, 2013

အနန္တသဗ္ဗသိဒ္ဓိ ရွှေလက်ရစေတီတော် သမိုင်းမှတ်တမ်း

Leave a Comment


မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မှုပြီး သာသနာ သက္ကရာဇ်(၆၂၇)ခုနှစ်တွင် သရေခေတ္တရာ
ပြည်ကြီးကို ထီးနန်းအုပ်ချုပ် စိုးစံတော်မူသော(သုပညာနဂရဆိန္ဒ)မင်းကြီးသည် ကမ်းယံပြည်မှ
ပင့်ဆောင်လာသော ဥာဏ်တော်အမြင့်(၈၈)တောင်ရှိသည့်(ဗျာဒိတ်ပေး ရွှေဆင်းတုတော်)ကြီး
၏ (လင်္ကျာ ရွှေလက်တော်ကြီး)ကို သိကြားမင်းအိမ်မက်ပေးသော ယခုစေတီတည်ထားရာကုန်း
မြေမြတ်တွင် သမီးတော်(စန္ဒာဒေ၀ီ နှင့် သာသနာရေးဝန်ကြီး (ပညာဗလ) အမတ်ကြီး)တို့ကို ဦး
ဆောင်စေလျှက် ကျောက်သေတ္တာ နှင့် မြေအောက် ဌာပနာပြု၍ (ရွှေလက်ရ)စေတီဘွဲ့အမည်ဖြင့်
တည်ထားတော်မှုခဲ့ပါသည်။

ဒုတိယအကြိမ် စေတီတော်အား ပုဂံခေတ် ပုပ္ပါးစောရဟန် မင်းမှ၎င်း၊တတိယအကြိမ် စေတီတော်အား
သမုဒ္ဒရာဇ် မင်းမှ၎င်း၊စတုတ္ထအကြိမ် စေတီတော်အား (အင်းဝခေတ်)ပြည်ဘုရင် သတိုးမင်းစော မှ၎င်း၊
ပဉ္စမအကြိမ် စေတီတော်အား (ပြည်မြို့စား)ဦးမှုန် မှ၎င်း၊အဆက်ဆက်မွမ်းမံပှုဇော်ခဲ့ပါသည်။ နှစ်ပေါင်း
များစွာ ပျက်စီးယိုယွင်းနေသော(ရွှေလက်ရ)စေတီတော်အား သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ ညွှန်ကြားစေ
ချက်အရ သာသနာပြု(ဆရာဦးခင်ဝင်း)မှ ဦးဆောင်လမ်းညွှန်၍ သက်ဆိုင်ရာပစ္စည်းဆက်၊ပဌာန်းဆက်၊
ရွှေဆက် မျိုးဆက်များကို စုစည်းလျှက် သာသနာ(၂၅၃၈)ခုနှစ်၊ ကောဇာ(၁၃၅၆)ခုနှစ်၊တန်ဆောင်မုန်း
လပြည့် ကြာသပတေးနေ့ နံနက်တွင် ရွှေပန္နက်တင် အခမ်းအနားကို ကျင်းပခဲ့ပါသည်။

ကောဇာ ၁၃၅၆ ခုနှစ် ပြာသိုလပြည့် စနေနေ့ နံနက်တွင် သာသနာဝန်း၊ဒေ၀ါဝန်း၊ရာဇာဝင်း၊ရွှေပြည်ဝန်း
ခင်းကျင်းလျှက်၊ရွှေအုတ်၊ငွေအုတ်၊ပတ္တမြားအုတ်တို့ဖြင့် အုတ်မြစ်တင် မင်္ဂလာအခမ်းအနားကျင်းပခဲ့ပါသည်။
သာသနာ ၂၅၃၉ ခုနှစ် ကောဇာ ၁၃၅၇ ခုနှစ် တန်ဆောင်မုန်းလပြည့် တနင်္လာနေ့ နံနက်တွင် ဓါတ်တော်၊
မွေတော်၊အောင်မြေတော်များ၊ရတနာပစ္စည်းများဖြင့် ဌာပနာပိတ်ပွဲကျင်းပခဲ့ပါသည်။ကောဇာ ၁၃၅၇ ခုနှစ်
ပြာသိုလပြည့် ကြာသပတေးနေ့ နံနက်(၈)နာရီ (၂၅)မိနစ်တွင် ရွှေထီးတော်မြတ်တင်လှူ၍ ဗုဒ္ဓဘိသေက
မင်္ဂလာ အခမ်းအနားဆင်ယင်ကျင်းပခဲ့ပြီး အောင်မြင်စွာတည်ထားပူဇော်ခဲ့ပါသည်။ဤစေတီတော်အား ယခင်
က (ရွှေလက်ရ စေတီ)တော်ဟုဘွဲ့အမည်ခေါ်တွင်စေခဲ့သော်လည်း ယခုအသစ်တဖန်ပြန်လည်တည်ထား
ပှုဇော်ခဲ့ရာတွင် (အနန္တ)အတိုင်းအဆမရှိ (သဗ္ဗ)အလုံးစုံတို့ကို (သိဒ္ဓိ)ပြီးမြောက်စေခဲ့ခြင်းကြောင့်
(အနန္တသဗ္ဗသိဒ္ဓိ ရွှေလက်ရစေတီ) ဟု ဘွဲ့အမည်တော်တွင်စေလျှက်(၃၁)ဘုံ စေနေယျများ ကြည်ညိုသဒ္ဓါပွား
များနိုင်စေရန် ဤစေတီတော်ကြီးသည် ကမ္ဘာအဆက်ဆက် တည်တံ့ပါစေသော်။.....................................

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပြည်မြို့ရဲ့ အထင်ကရစေတီတော်မြတ်ကြီးတစ်ဆူဖြစ်ပါကြောင်း
(ပြည်သတင်း)မှ ကိုကျော်ဝင်းခိုင်(ပြည်သတင်းလူငယ်) နှင့် (ပြည်သတင်း)မှ ကိုပြည့်ဖြိုး(pyae
phyo pyay) တို့မှ အဆိုပါစေတီတော်အတွင်းရှိ သမိုင်းကျောက်စာတိုင်မှ ကူးယူဖော်ပြအပ်ပါသည်။

ကိုကျော်ဝင်းခိုင်(ပြည်သတင်းလူငယ်)...၀၉၄၀၁၆၁၆၃၂၃
ကိုပြည့်ဖြိုး (pyae phyo pyay) ....၀၉၄၃၀၄၇၈၆၂

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page