Friday, December 13, 2013
ရှေးဟောင်းအမွေအနှစ်တူးဖော်နေမှု့ကိုလက်ရှိတူးဖော်နေသူများအားမေးမြန်းခြင်း
ရှေးဟောင်းအမွေအနှစ်တူးဖော်နေမှု့ကိုလက်ရှိတူးဖော်နေသူများအားမေးမြန်းခြင်း
*****************************************************
မှော်ဇာရှေးဟောင်းဇုံအတွင်း လက်ရှိရှေးဟောင်းအမွေအနှစ်များ တူးဖော်လျှက်ရှိရာ အဆိုပါလက်ရှိတူးဖော်နေသူ ကျောင်းသားအဖွဲ့ဝင်
တစ်ဦးအား ပြည်သတင်း မှမေးမြန်းကြည့်ရာ ယခုလိုပြန်လည်ဖြေကြားခဲ့..
ကျွန်တော်တို့က ရှေးဟောင်းသုသေသနမှ အမှတ်စဉ်(၉)က ကျောင်းသား/သူတွေပါ စာတွေ့ရောလက်တွေ့ပါလာရောက်လေ့လာတူးဖော်
နေတာပါ ကျွန်တော်တို့အခုတူးဖော်နေတဲ့ကုန်းအမှတ်ကတော်(၅၅)ပါ တူးဖော်နေဆဲပါပဲ မပြီးသေးပါဘူး ၃.၁၂.၂၀၁၃ ရက်နေ့ကစတင်
တူးဖော်နေတာပါ အမည်တော့မရှိပါဘူး ကုန်းအမှတ်(၅၅)လို့ပဲခေါ်ရမှာပါ နှစ်စဉ်ပုံမှန်တူးဖော်မှု့တွေရှိနေပါတယ် လာရောက်တူးဖော်တဲ့
ကျောင်းသား/သူ ဦးရည်စုစုပေါင်းကတော့ (၃၄)ယောက်ရှိပါတယ် ခေါင်းဆောင်ဆရာကတော့ ဦးကျော်မျိုးဝင်း(ရှေးဟောင်းသုသေသန)
လက်ထောက်ညွှန်ကြားရေးမှုးပါ ဟု အဆိုပါကုန်းအမှတ်(၅၅)တွင် တူးဖော်နေသူ အဖွဲ့ဝင်တစ်ဦးမှ ပြည်သတင်း သို့ ပြန်လည်ဖြေကြားသွား
ခဲ့ပါတယ်......
ထို့အပြင် လက်ရှိတူးဖော်နေမှု့ကုန်းများထဲမှ (ဖိုးခေါင်ကျောက်ချပ်ရုံ) တူးဖော်နေမှု့တွင် လက်ရှိတူးဖော်နေမှု့အခြေအနေအား ပြည်သတင်း
မှမေးမြန်းကြည့်ရာ ယခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်....
ကျွန်တော်က မှော်ဇာရွာသားတစ်ဦးပါ တနေ့ကိုတူးဖော်လုပ်အားခအနေနဲ့ (၂၅၀၀)ကျပ်ရရှိပါတယ် မိန်းကလေးတွေကိုတော့ (၂၀၀၀)ပေး
ပါတယ် လုပ်အားခပါ တူးဖော်မှု့အတွက် သင်တန်းတွေပို့ချတာတော့မရှိပါဘူး ဒီလိုပဲ အလုပ်လုပ်ရင်းနဲ့ သင်ရတာပါ တူးဖော်မှု့သင်တန်း
တော့မရှိပါဘူး တူးဖော်တတ်တဲ့ဆရာတွေနဲ့ အတူတူတွဲလုပ်ရင် သင်သွားရပါတယ် ပုံမှန်အရဆိုရင်တော့ လေ့လာသူတွေတနေ့ကို(၁၀)
ယောက်ဝန်းကျင်ခန့်တော့ပုံမှန်လာပါတယ် နိုင်ငံခြားဧည့်သည်တွေလာရောက်လေ့လာခဲ့ရင်တော့ များတဲ့အခါတွေလညးရှိပါတယ် ပုံမှန်
အနေနဲ့ဆိုရင်တော့ တနေ့ကို(၁၀)ယောက်လောက်ပဲရှိမယ် ဒါတွေကလည်း ဒေသခံ အနီးနားက မြို့တွေကဧည့်သည်တွေလို့ပဲထင်ပါတယ်
ဟု (ဖိုးခေါင်ကျောက်ချပ်ရုံ)တွင်တူးဖော်နေမှု့ထဲတွင်ပါဝင်သူ တစ်ဦးမှ ဖြေကြားသွားခြင်းဖြစ်ပါတယ်။
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
www.pyaynews.blogspot.com
0 comments:
Post a Comment