Sunday, December 22, 2013

၂၀၀၈-အခြေခံဥပဒေ ပြင်သစ်အရေးတော်ပုံကြီးတွင်.......ဖိုးကျောက်(ပြည်)

Leave a Comment

၂၀၀၈-အခြေခံဥပဒေ ပြင်သစ်အရေးတော်ပုံကြီးတွင်
*********************************
မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂)ခုရှိခဲ့ဘူးပါတယ် ၁၉၄၇-ခုနှစ်နဲ့ ၁၉၇၄-ခုနှစ် အခြေခံဥပဒေများဖြစ်ပါတယ်။ ၁၉၄၇-ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်တာကိုတော့ မခံခဲ့ဖူးပါဘူး။ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တာကိုတော့ အပြည့်
အ၀ မိမိရရ တိတိကျကျကြီး ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ၁၉၇၄-ခုနှစ် အခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပတဲ့အချိန်မှာ မဲ
မပေးခဲ့ဖူးပါဘူး။ မဲပေးရမယ့်ရက်မှာ ဦးသန့်အရေးအခင်းနဲ့ မော်စကိုထဲရောက်နေတယ်။ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့မှီ
ပါရဲ့။ သို့ပေမယ့်.....အဲဒိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွန်ဆန္ဒခံယူတော့ ဆန္ဒမဲမပေးခဲ့ရပြန်ဘူး။ ၂၀၀၇-စက်တင်ဘာ ရွှေဝါ
ရောင်တော်လှန်ရေးနဲ့အတူ ကေတုမတီတောရမှာ(၂)၀ါဆိုလိုက်ရလို့ပါ....။

အခု ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား..အသစ်ရေးဆွဲမလားဆိုတဲ့အချိန်ကျမှ ပြည်သူ့ဆန္ဒခံယူတော့မယ်ဆိုလာတော့မှ
ဆန္ဒပြုရတော့မယ် အခြေအနေကိုရောက်လာတယ်။(မဲပေးရဖို့တော့မဟုတ်သေးပါ) ဒါကြောင့် မိမိရဲ့ တစ်ကိုယ်တော်ဆန္ဒကိုဖော်ထု
တ်ပြလိုက်ပါတယ်။ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်ပါ။ အဲဒိလိုလက်မခံတဲ့အတွက် NLD ဟာ၂၀၁၀ ရွေးကောက်
ပွဲမ၀င်ခဲ့ပါ။ သို့ရာတွင် ၂၀၁၂-ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၀၈-ဖွဲ့စည်းပုံကိုပြင်ဖို့ဆိုတဲ့အချက်ကို အဓိကထားပြီး ကြားဖြတ်ရွေးေ
ကာက်ပွဲဝင်ခဲ့ပါတယ်။ လွှတ်တော်သက်တမ်း(၃၀)နီးပါးအထိ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းမှာ အသံမထွက်
ခဲ့ပါ။ သူရဦးရွှေမန်းလား၊သမ္မတကြီး ဦးသိန်းစိန်လားတော့ အသေအချာမမှတ်မိပါဘူး။ သူကပြင်သင့်ရင် ပြင်ရမှာပေါ့လို့ဆိုတဲ့ အသံပေး
လိုက်တော့မှ ဖွဲ့စည်းပုံ ပြင်မလား၊အသစ်ရေးဆွဲမလားဆိုတဲ့ ဂယက်ကတစ်နိုင်ငံလုံး ရိုက်ခတ်သွားပါတော့တယ်။

၈၈-မျိုးဆက်အဖွဲ့(၈-လေးလုံး)ကလည်း ပြင်/သစ်၊NLDကလည်း ပြင်/သစ်ဆိုပြီးဖြစ်လာတယ်။ ပြည်သူ့ဆန္ဒခံယူဖို့ ဖုတ်ပူမီးတိုက်အပြေး
အလွှားလုပ်လာကြတာတွေ့ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာမှန်းမသိ၊၂၀၀၈-ဖွဲ့စည်းပုံစာအုပ်တောင်မမြင်ဖူးတဲ့ လက်လုပ်လက်
စား အလုပ်သမား နင်းပြား၊လယ်သမားလူထုကို ရက်တိုတိုနဲ့ ဖွဲ့စည်းပုံဥပဒေသင်တန်းပေးပြီး ပြင်မလား အသစ်ဆွဲမလားဆိုတဲ့မေးခွန်း
ကို အမြန်ဖြေခိုင်းနေတယ်။ ကျွန်တော့ဆန္ဒပြောရရင် ကြားဖြတ်ရွေးကောက်ပွဲ NLD ၀င်မယ်လို့ စတင်ကတည်းက ပြည်သူ့ဆန္ဒကိုခံယူပြီး
လွှတ်တော်ထဲဝင်သွားသင့်တယ်။ လွှတ်တော်ထဲရောက်မှတော့ လွှတ်တော်ထဲမှာရအောင်ပြင်တော့လို့ပဲပြောချင်တယ်။ ၂၀၀၈-အခြေခံဥပ
ဒေအရ ပြင်ဆင်ဖို့ခက်တာအမှန်ပါ။ ခက်အောင်လည်းလုပ်ထားတယ် ခက်ပြီးရင်းခက်အောင်ကို စနစ်တကျနှစ်ရှည်လများ အချိန်ယူရေးဆွဲ
ထားခဲ့တာဖြစ်ပါတယ်။ ဒေါက်တာဆလိုင်းငွန်ကျုံးလန် ပြောသလို ပြည်သူလူထုကို HIJACK မလုပ်သင့်ပါဘူး။ ၂၀၀၈-ဖွဲ့စည်းပုံဆိုတာကို
ဘာတွေမှန်းမသိတဲ့ ပြည်သူအများစုကြီးက ပြင်မလား/သစ်မလား ဆိုတဲ့အမေးကို နံဖိုနံမထောက်ပြီး ဖြေရမလိုပါပဲ။

ပြင်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်မယ်။ အသစ်ဆွဲရင် ဘယ်လိုအကျိုးဆက်တွေရင်ဆိုင်ရမယ်ဆိုတာကို အနီးကပ်သင်တန်းပေးပြီး ဖြေ
ခိုင်းဖို့မသင့်ပါဘူး။ ကျွန်တော်လေ့လာမိသလောက် ၂၀၀၈-ဖွဲ့စည်းပုံဥပဒေစာအုပ်ကို ပြည်သူအများစုကြီး မဖတ်ဖူးပါဘူး။ ပြင်ဆိုလည်း သူ
တို့ ဘာကိုပြင်ရမှန်းမသိရှာကြပါဘူး။ အသစ်ရေးဆွဲဖို့ဆိုလည်း သူတို့ဘာကိုအသစ်ရေးဆွဲရမှန်း မသိရှာပါဘူး။ သူတို့သိတာက သူတို့စားဝ
တ်နေရေး၊လူမှုဘ၀တွေဟာ လွှတော်သက်တမ်း တစ်ဝက်သာကျိုးသွားခဲ့တယ် ဘာမှတိုးတက်မလာဘူးဆိုတာတော့ သေချာသိနေကြပါတယ်

ဒုတိယ(ဇာတ်သိမ်း)ဆက်လက်ဖတ်ရှုပါရန်...လေးစားစွာဖြင့်...ဖိုးကျောက်(ပြည်) မှ ပြည်သတင်းသို့ ပေးပို့ထားပါသည်။..........

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

0 comments:

Post a Comment

Facebook Like Page