Monday, November 11, 2013

ပြည် ရွှေဆံတော် ဘုရားပွဲတော် ဖူးမြော်နိုင်ရေး RBE ရထား ပြေးဆွဲ

Leave a Comment

ပြည် နိုဝင်ဘာ ၁၁

ပြည်ရွှေဆံတော်ဘုရားပွဲတော်ကို အများပြည်သူစိတ်ချမ်းမြေ့စွာဖြင့် လွယ်ကူစွာ သွားရောက်ဖူးမြော်နိုင်ရန် RBE ရထားကို နိုဝင်ဘာ ၁၀ ရက်မှ ၁၉ ရက်အထိ ပြည်ဘူတာမှ နံနက် ၇ နာရီ စတင်ထွက်ခွာပြီး လက်ပံတန်းဘူတာသို့ နံနက် ၁၁ နာရီ ဆိုက်ရောက်ကာ လက်ပံတန်းဘူတာမှ မွန်းတည့် ၁၂ နာရီ ပြန်လည်ထွက်ခွာပြီး ပြည်ဘူတာသို့ ညနေ ၄ နာရီ ဆိုက်ရောက်မည်ဖြစ်သည်။ အဆိုပါ RBE ရထားခရီးစဉ်တစ်လျှောက် စစ်ကွင်း၊ မင်းလှ၊ အိုးသည်ကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ မှော်ဇာဘူတာများတွင် ခေတ္တရပ်နားပေးပြီး ခရီးစဉ် စဆုံးအထိ ရထားလက်မှတ်ခ ငွေကျပ် ၁၃၀၀ ကျသင့်၍ လမ်းပိုင်းဘူတာများအတွက် မိုင်နှုန်းနှင့် တွက်ချက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

MAL12112013
Pyay City

0 comments:

Post a Comment

Facebook Like Page