Thursday, November 14, 2013

ပြည်ဘိုးဘွားရိပ်သာမှ အဖိုး၊အဖွားများအား စွယ်တော်ဘုရားဖူးနိုင်ရေး ခေတ္တရာလူငယ်သာရေးနာရေးကူညီမှုအသင်းသားများနှင့် မျိုးဆက်သစ် Express ကားဂိတ် အဖွဲ့တို့ ကုသိုလ်ပြုဆောင်ရွက်

Leave a Comment

ခေတ္တရာလူငယ်သာရေးနာရေးကူညီမှုအသင်းသားများနှင့် မျိုးဆက်သစ် Express ကားဂိတ် အဖွဲ့တို့ရဲ့ ကုသိုလ်ပါ။ ပြည်ဘိုးဘွားရိပ်သာက အဖိုးအဖွါးတွေက ငယ်စဉ်က ရွှေဆံတော်တန်ဆောင်တိုင်ပွဲတော်မှာ ပျော်ခဲ့၊ ကုသိုလ်ပြုခဲ့၊ ကုသိုလ်ယူခဲ့ကြဘူးသူတွေပါ ။ ဒီအချိန်ရောက်ရင် ငယ်စဉ်ကိုမှန်းပြီး လွမ်းနေကြမှာပါ ။

ဒီအတိုင်းလွမ်းနေကြတဲ့ ပြည်သူပြည်သားအဖိုးအဖွါးတွေကို ပြည်မြို့သားလူငယ်တွေက အလွမ်းလည်းပြေ ကုသိုလ်လဲပြု ကုသိုလ်ယူလို့ရနိုင်အောင် တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက် စွယ်တော်မပိတ်ခင်မှာ မျိုးဆက်သစ် ပြည်ရန်ကုန်အမြန်ယာဉ်ကားသင်းရဲ့ ကုသိုလ်ပြုမှုနဲ့ ရွှေဆံတော်စေတီတော်မြတ်ဘုရားဖူးခရီးစဉ်ကလေးတစ်ခု စီစဉ်ပြီး ကုသိုလ်ယူနေတာ ခြောက်နှစ်(6)ရှိပါပြီခင်ဗျာ ။

အဖိုးအဖွါးများအတွက် အဟာရဒါနကို ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့နဲ့အတူ အသင်းသားများဖြစ်ကြတဲ့ ဦးသန်းထွန်းဦး၊ ဦးမောင်မောင်စိုး၊ ဦးထွန်းလှအောင်တို့က ကုသိုလ်ပြုလှူကြပါတယ် ။ အဖိုးအဖွါးများ ဘုရားဖူးခရီးစဉ်က ဒီနှစ် ရွှေဆံတော်ဘုရား နှင့် ရွှေဘုံသာဘုရား ခရီးစဉ်ပါ ။ (18.11.2013)တနင်္လာနေ့ နံနက်(8)နာရီမှာ ကုသိုလ်ပြုလိုသူများ ရွှေဆံတော်စေတီတော်မြတ်သို့ ကြွရောက်ပြီး စေတီတော်မြတ်ကြီးအားဖူးမျှော်ရင်း ကုသိုလ်ပြုနိုင်ကြဖို့ စိတ်စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ ။

ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်း

0 comments:

Post a Comment

Facebook Like Page