Friday, November 15, 2013

ဗုဒ္ဓမြတ်စွယ်တော်အားနေ့စဉ် ပြန်လည်ပိတ်သိမ်းဆည်းပုံအဆင့်ဆင့်

Leave a Comment
ပြည်သတင်းသို့ မေးမြန်းထားသည့် မိတ်ဆွေများအတွက် စုံစမ်းရသလောက်ဖော်ပြပေးလိုက်ပါသည်။

ဗုဒ္ဓမြတ်စွယ်တော်အားနေ့စဉ် ဖွင့်လှစ်အပူဇော်ခံခြင်း၊ ပြန်လည်ပိတ်သိမ်းဆည်းခြင်းတွင်

(၁) ပတ္တမြားစေတီတော်အား ဦးစွာပထမ သိမ်းဆည်းခြင်း၊ (၂) ရွှေကလပ်တော် (ရွှေ ၁၇ ကျပ်သား)၊ (၃) သီဟိုဌ်ကျွန်းမှ ပင့်ဆောင်လာသော မူလစေတီတော်၊ (၄) သီဟိုဌ်ကျွန်းမှ ပင့်ဆောင်လာသော စနံ့ကူးကျုပ်တို့ကို အစဉ်လိုက် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပိတ်သိမ်းပါသည်။ ထိုသို့ပိတ်သိမ်းရာတွင် အာဏာပိုင်အဖွဲ့များ၊ ဂေါပကအဖွဲ့လူကြီးများ၊ မြတ်စွယ်တော်အဖွဲ့ လုံခြုံရေးများနှင့်တကွ စစ်ဆေးပိတ်သိမ်းကြောင်း သိရှိရပါသည်။
ဗုဒ္ဓမြတ်စွယ်တော်အားနေ့စဉ် နံနက် (၅) နာရီ နရီးတီးပြီး အပူဇော်ခံ ပလ္လင်ထက်သို့ အထက်ပါ အစီအစဉ်အတိုင်း ပင့်ဆောင် ပူဇော်ခံပါသည်။

ယခုသတင်းအားရယူနိုင်ရေးအတွက် အဖက်ဖက်မှကူညီပေးကြသော ဂေါပကအဖွဲ့ဝင်များနှင့် အာဏာပိုင်အဖွဲ့များအား ပြည်သတင်းမှ ကျေးဇူးတင်အပ်ပါသည်။

ပြည်သတင်း

https://www.facebook.com/pyaynews





























0 comments:

Post a Comment

Facebook Like Page