Friday, November 15, 2013
ပြည်မြို့နယ် နှောကုန်းရွာ သုဿန်မြေပေါ်ချဲ့ထွင်ကျူးကျော်ဝင်ရောက်နေထိုင်သူများဟု ဆိုသော (၃.၁၁.၂၀၁၃)ရက်နေ့ ညနေ (၅း၀၀)အချိန်ခန့်က ပြည်သတင်း(အင်တာနက်သတင်းလွှာ)တွင် လွှင့်တင်ခဲ့သည့် သတင်းနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းချက်
ပြည်မြို့နယ် နှောကုန်းရွာ သုဿန်မြေပေါ်ချဲ့ထွင်ကျူးကျော်ဝင်ရောက်နေထိုင်သူများဟု ဆိုသော (၃.၁၁.၂၀၁၃)ရက်နေ့ ညနေ
(၅း၀၀)အချိန်ခန့်က ပြည်သတင်း(အင်တာနက်သတင်းလွှာ)တွင် လွှင့်တင်ခဲ့သည့် သတင်းနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းချက်
********************************************************************************************
၃.၁၁.၂၀၁၃)ရက်နေ့ ညနေ
(၅း၀၀)အချိန်ခန့်က ပြည်သတင်း(အင်တာနက်သတင်းလွှာ)တွင် လွှင့်တင်ခဲ့သည့်ပြည်မြို့နယ် နှောကုန်းရွာ သုဿန်မြေပေါ်
ချဲ့ထွင်ကျူးကျော်ဝင်ရောက်နေထိုင်သူများဟု ဆိုသောကြောင့် သဂြိုလ်ကိစ္စများ အသုံးပြုရာ အခက်အခဲကြုံတွေ့နေရဟု၎င်း
ကျေးရွာ(၄)ရွာမှ ပြည်သူတွေသမ္မတ ထံတိုင်ကြားကြဟု၎င်း တရားရုံးကိစ္စများရင်ဆိုင်နေရဟု၎င်း တရားရုံးမှ အကြောင်းပြချက်
အမျိုးမျိုးဖြင့် ချိန်းဆိုနေကြဟု၎င်း အကြောင်းပြချက်အမျုးမျိုးဖြင့် စွပ်စွဲပြီး အသေးစိတ်သိလိုတာများရှိလျှင် ဖုန်းနံပါတ်(09254031
892) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်ဟု လွင့်တင်ထားခြင်းမှာ အဆိုပါဖုန်းနံပါတ်ပိုင်ရှင် ကိုယ်တိုင်သိရှိကြုံတွေ့ရသည်တို့ကို
တင်ထားခြင်းမဟုတ်မဟုတ်ပဲ ကျွန်တော်နှင့် ကျွန်တော်၏ဖုန်းနံပါတ်တို့အား သိရှိထားသည့် ကြားလူတစ်ဦးမှ ကျူးကျော်သည်ဟုဆို
သူတို့အား ပါတ်ဝန်းကျင်မှ အထင်မှား အမြင်မှားစေရန် မဟုတ်မမှန်သတင်းအမှားများဖန်တီးပေးပို့ခဲ့တာဖြစ်ပြီး ကျွန်တော်နှင့် မည်သို့မျှ
သက်ဆိုင်ပါတ်သက်မှုမရှိပါကြောင်း ပြန်လည်ရှင်းလင်းပါသည်။ ပြန်လည်ရှင်းလင်းသူ ၊ကိုနိုင်ဝင်း(၇/ပမန(နိုင်)၀၀၀၆၅၄)နှောကုန်းရွာ
ပြည်မြို့ .....အဆိုပါသတင်းနှင့်ပတ်သတ်၍ ကိုနိုင်ဝင်း(၇/ပမန(နိုင်)၀၀၀၆၅၄)နှောကုန်းရွာပြည်မြို့ အား
လေးစားစွာလိုက်နာဆောင်ရွက်စေရန် သတိပေးအကြောင်းကြားစာ များဖြင့် ခေါ်ယူရှင်းလင်းမှု့များလည်းပြုလုပ်ခဲ့ရ
**********************************************************************************
ဦးမောင်မောင်အုန်း(LL.B)တရားလွှတ်တော်ရှေ့နေ အမှတ်(၈၆) ကသည်းတန်းလမ်း ဆံတော်ရပ်ကွက် ပြည်မြို့ ရက်စွဲ ၂၀၁၃
ခုနှစ် နိုဝင်ဘာ (၆)ရက် နေ့စွဲပါစာအရလည်းယခုလို (ပြည်သတင်းလူငယ်မှ သိရှိမြင်တွေ့ခဲ့ရပါသည်။)
သို့/
ဦးနိုင်ဝင်း(စာရေးဝန်ထမ်း၊ပြည်နည်းပညာတက္ကသိုလ်)
နှောကုန်းရွာလယ်လမ်း၊နှောကုန်းရွာ၊ပေါင်းတမော့အုပ်စု၊ပြည်မြို့
ဖုန်း..၀၉.၂၅၄၀၃၁၈၉၂
ပြည်မြို့နယ် ပေါင်းတမော့အုပ်စု နှောကုန်းရွာတွင် နေထိုင်ကြသော (၁)ဦးစန်းအေး ၊ (၂)ဦးမျိုးလွင် ၊ (၃)ဦးညီညီထွေး ၊ (၄)ဒေါ်ခင်
အေးစန်း တို့၏ လွှဲအပ်ညွှန်ကြားချက်အရ လူကြီးမင်းလေးစားစွာလိုက်နာဆောင်ရွက်စေရန် အောက်ပါအတိုင်းသတိပေးအကြောင်း
ကြားလိုက်သည်။
၁။ ပြည်မြို့နယ် ပေါင်းတမော့အုပ်စု နှောကုန်းရွာ သုဿန်မြေပေါ် ကျူးကျော်ဝင်ရောက်မှုဟု စွပ်စွဲချက်ဖြင့်(ပြည်သတင်း..အင်တာနက်)
ပေါ်တွင်(၃.၁၁.၂၀၁၃)ရက်နေ့ ညနေ(၅း၀၀)အချိန်ခန့် ၌ အများပြည်သူသိရန် လွှင့်တင်ခဲ့ကြောင်း ဖမ်းယူသိရသည် အသေးစိတ်သိလို
တာများရှိသေးရင်လည်း ၀၉.၂၅၄၀၃၁၈၉၂ ဖုံးသို့မေးမြန်းလို့ရပါတယ် ....ဟုညွှန်းဆိုထားမှုအရ (၅.၁၁.၂၀၁၃)ရက်နေ့နေ့လည်(၁)နာ
ရီ ခန့်တွင် ကျွန်တော်၏အမှုသည်များက ကျွန်တော်၏ ရှေ့တွင်ပင် အထက်ဖော်ပြပါဖုန်းနံပါတ်( ၀၉.၂၅၄၀၃၁၈၉၂ )သို့ ဆက်သွယ်စုံ
စမ်းမေးမြန်းသောအခါ ယင်းဖုန်းပိုင်ရှင်မှာ လူကြီးမင်းဖြစ်ကြောင်းသိရသည်။လူကြီးမင်းအားတိုက်ရိုက်မေးမြန်းသောအခါတွင် လူကြီး
မင်းက ယင်းသတင်းပေးပို့ထုတပ်ပြန်မှုကို ၄င်းမပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခြင်းလည်းမရှိကြောင်း ၄င်း၏ ဖုန်းနံပါတ်ကိုသိသူများမှ အသုံး
ချထားခြင်းသာဖြစ်ကြောင်း ပြောရာ ယင်းဖုန်းပိုင်ရှင်အမည်၊နေရပ်၊လိပ်စာတို့အား မေးမြန်းရာ လူကြီးမင်း ကိုယ်တိုင် နှင့် လူကြီးမင်း၏
နေရပ်လိပ်စာတို့အားသိရှိခဲ့ရသည်။
၂။ အင်တာနက်သတင်းလိုင်းပေါ်တွင် လူကြီးမင်း၏ ဖုန်းနံပါတ် အတိအကျဖြင့်၎င်း၊လူကြီးမင်းကိုယ်တိုင် နေထိုင်ရာလိပ်စာမှာလည်း အချင်း
ဖြစ်ပေါ်ရာနေရာတွင် ရှိနေ၍လည်းကောင်း၊ပြန်လည်ရှင်းလင်းရန်တာဝန်မှာ လူကြီးမင်းတွင်ရှိနေကြောင်း ခိုင်လုံစွာတွေ့ရှိရသည်။
၃။ သို့ဖြစ်ပါ၍ အချင်းဖြစ်နှောကုန်းရွာရှိ ၊ သုဿန်မြေကိစ္စ နှင့်ပတ်သက်ပြီး လွန်ခဲ့သော(၆)နှစ်ခန့်က တရားရင်ဆိုင် ဖြေရှင်းဆောင်ရွက်ပြီး
ပြတ်ခဲ့မှုတို့ရှိထားသည်ကို လေ့လာမစုံစမ်းဘဲနှင့်လည်းကောင်း ယခုတွင်လည်းတရားလို ၊တရားခံ၊သက်သေ၊နှင့်အုပ်ချုပ်ရေးအရတာဝန်ရှိသူ
တစ်ဦးအဖြစ်ပါဝင်ပတ်သက်ခဲ့သူမဟုတ်ဘဲ တရားစီရင်ရေးတာဝန်ရှိသည့် ရုံးတို့ကိုပါ ထင်ယောင်ထင်မှား ဖြစ်အောင်အင်တာနက် သတင်းလွှင့်ထုတ်
ပြီး ကျွန်တော်၏အမှုသည်များနစ်နာအောင်ဆောင်ရွက်နေကြောင်းတွေ့ရှိရသည်။
၎။သို့ဖြစ်ပါ၍ ဖုန်းနံပါတ်အတိအကျဖြင့် တာဝန်ယူထားပြီးအင်တာနက်သတင်းထုတ်လွှင့်ခဲ့သော လူကြီးမင်း၏ (၃.၁၁.၂၀၁၃)ရက်နေ့ ညနေ
(၅း၀၉)မိနစ်အချိန်ခန့် သတင်းအားစုံစမ်းမေးမြန်းသော်လည်း ငြင်းကွယ်မဖြေကြားသည့်အပေါ် ကျွန်တော်၏ အမှုသည်များ တရားရင်ဆိုင်ပြီး
ပြတ်လွတ်မြောက်ခဲ့ပြီး ယခုတဖန် ထပ်မံတရားရင်ဆိုင်ဆဲကာလတွင် အများပြည်သူထင်ယောင်ထင်မှားဖြင့် နစ်နာအောင်နှင့်တရားစီရင်ရေး
ယန္တရားကိုပါ အထင်အမြင်လွဲမှားအောင် အင်တာနက်သတင်းလွင့်တင်ထားမှုအား(၁၄.၁၁.၂၀၁၃)ရက်နေ့နောက်ဆုံးထား၍ အဆိုပါအင်တာနက်
(ပြည်သတင်း)တွင်ပြန်လည်ရှင်းလင်းထုတ်လွင့်စေရန်သတိပေးအကြောင်းကြားလိုက်သည်။
အဆိုပါသတိပေးအကြောင်းကြားမှုအပေါ် လူကြီးမင်းက အချိန်မီလေးစားစွာလိုက်နာဆောင်ရွက်မှု မရှိခဲ့ပါက ဥပဒေအရ ဆောင်ရွက်နိုင်မှု ကိစ္စ
အရပ်ရပ်တို့အား ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိစေအပ်သည်။ ဟု ပြန်လည်ရှင်းလင်းထားကြောင်းသတင်းရရှိ
ခဲ့ပါသည်..(ပြည်သတင်းလူငယ်)
0 comments:
Post a Comment