Thursday, October 10, 2013
ဈေးကြီးတဲ့ Memory Card နဲ့ ဈေးပေါတဲ့ Memory card တူတူပဲလား?
ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပြောတယ် သူMemory card ၀ယ်တာ ဈေးအရမ်းသက်သာတယ်တဲ့။ကုမ္မဏီတစ်ခုက လျော့ဈေးချလို့ ၀ယ်တဲ့။အဲဒါ ဘယ်လိုကွာ သလဲ လို့မေးပါတယ်။
ဟုတ်ကဲ့ပါ အဓိက ကတော့ မမ်မိုရီကဒ် တွေရဲ့ မြန်နှုန်းနိမ့်လေလေ ဈေးပေါလေလေဖြစ်ပါတယ်။ဆိုလိုတာကတော့ 4 GB တစ်ကဒ်ကို အပြင်မှာ သောင်းကျော် ဈေးပေါက်တယ်ဆိုရင် မြန်နှုန်းနိမ့်တဲ့ 4 GB တစ်ကဒ်ရဲ့ ပေါက်ဈေးဟာ ၂၀၀၀ ကျော်ကျော်ပဲရှိပါတယ်။
မြန်နှုန်းနိမ့်တာ ဘာကွာသွားလဲ?
မြန်နှုန်းနိမ့်တာကတော့ သာမန်ဖုန်းနဲ့ အသုံးပြုရင်မသိသာပေမယ့် ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး သီချင်းတွေ သွင်းတဲ့အခါ၊အချက်အလက်တွေ ထည့်တဲ့အခါ သိသိသာသာ အချိန်ကြာတတ်ပါတယ်။
ပုံမှာဖော်ပြထားတာကတော့ အမျိုးအစားအလိုက် မြန်နှုန်းပြောင်းလဲသွားပုံလေးတွေပါ
မောင်စိုင်း (ကနောင်)
Scientist Myanmar
0 comments:
Post a Comment