ရန်ကုန် နာရေးကူညီမှုအသင်း မှ နိဗ္ဗာန်ယာဉ်ကားအား ပြည်မြို့ မိုးမေတ္တာပရဟိတလူငယ်သွေးအလှုရှင်များအသင်း(ပြည်)ကိုလှုဒါန်းမည်
*************************************************************************************
ရန်ကုန် နာ/ကူအသင်းမှ ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ ရတနာမာန်အောင်ကျောင်းဝန်းအတွင်းတည်ရှိသော မိုးမေတ္တာပရဟိတလူငယ်သွေးအလှုရှင်များအသင်းကို နာရေးတင်မည့် နိဗ္ဗာန်ယာဉ်ကားတစ်စီး
ကိုလှုဒါန်းသွားမည်ဟု သတင်းရရှိခဲ့ပါသည် အဆိုပါနိဗ္ဗာန်ယာဉ်ကားအား (၂၉.၉.၂၀၁၃)ရက်နေ့တွင် ရန်ကုန် နာ/ကူ ရုံးချုပ်တွင် ပြည်မြို့ မိုးမေတ္တာပရဟိတလူငယ်သွေးအလှုရှင်များအသင်း(ပြည်)အား လွဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်
ပါတယ်။ အဆိုပါ နာရေးကူညီမှုအတွက် ရန်ကုန် နာ/ကူရုံးချုပ်အသင်းမှ ပေးအပ်သွားမည့် နိဗ္ဗာန်ယာဉ်အကြောင်းကို မိုးမေတ္တာပရဟိတလူငယ်သွေးအလှုရှင်များအသင်း(ပြည်)မှ ဦးညီညီအောင် မှ ပြည်သတင်းသို့ယခုလိုပြန်လည်
ဖြေကြားခဲ့ပါသည်။ ။....
ဒီကားကို ရန်ကုန် နာ/ကူအသင်းရုံးချုပ်မှ ဥက္ကဌ ဦးကျော်သူတို့အဖွဲ့မှ 29.9.2013 ရက်နေ့က ရန်ကုန် နာ/ကူအသင်းရုံးချုပ်မှာ အခမ်းအနားနဲ့ လွဲပြောင်းပေးအပ်ပွဲပြုလုပ်ခဲ့ပြီးပါပြီ ကားရဲ့တန်ဖိုးက အဖိုးမဖြတ်နိုင်ပါဘူး လို
အပ်တဲ့နေရာတစ်ခုမှ အသုံးပြုဖို့ဆိုတော့ ဘာနဲ့မှ အစားထိုးလို့မရနိုင်ပါဘူး ဒါ့ကြောင့် ကားကတန်ဖိုးဖြတ်လို့မရတာပါ အခုလာမဲ့ (၄.၁၀.၂၀၁၃)ရက်နေ့မှ ဒီကားကိုကျွန်တော်တို့ အသင်းအားပေးအပ်လှုဒါန်းပွဲကျင်းပပြုလုပ်
သွားမှာပါ အဲနေ့မှာ ရန်ကုန် နာ/ကူ အသင်းရုံးချုပ် ဥက္ကဌ ဦးကျော်သူကိုယ်တိုင်လာရောက်ပေးအပ်လှုဒါန်းသွားမှာဖြစ်ပါတယ် အဲနေ့ကားပေးအပ်လှုဒါန်းပွဲအပါအ၀င် (မိုးမေတ္တာ နာရေးကူညီမှုအသင်း)ကိုပါ နာမည်ပေးအပ်
ပွဲပြုလုပ်ပြီး ရေစက်ချလှုဒါန်းမှုတွေကို ခမ်းနားစွာ ကျင်းပပြုလုပ်သွားမှာပါ အဲနေ့ကစပြီးအခုပြည်ကိုရောက်ရှိနေတဲ့ နာရေးတင် နိဗ္ဗာန်ယာဉ်ကားကိုပါ စတင်အသုံးပြုသွားမှာပါ ပြီးတော့ ကျွန်တော်တို့ မိုးမေတ္တာနာရေးကူညီ
မှုအသင်းအနေနဲ့ ကျွန်တော်တို့ ပြည်မြို့မှာ မီးသဂြိုလ်စက် ပြုလုပ်လှုဒါန်းသွားဖို့လည်းရှိပါတယ် ရန်ကုန်နာရေးကှုညီမှုအသင်းရုံးချုပ်ကိုပါအကူအညီတောင်ခံထားတာတွေရှိပါတယ် အခုလက်ရှိအချိန်အထိ ကျွန်တော်တို့
ပြည်မြို့မှာ နာရေးတစ်ခုဖြစ်ခဲ့လျှင် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို နာရေးမီးသဂြိုလ်စရိတ်အနေနဲ့ ဒီဇယ်(၅)ဂါလံ နှင့် ညီမျှသော ပိုက်ဆံ(၂၀၀၀၀ိ/)ကျပ်လက်ရှိပေးဆောင်နေရပါတယ် အကယ်၍သာ ကျွန်တော်
တို့ မိုးမေတ္တာနာရေးကူညီမှုအသင်းအနေနဲ့ နာရေးအတွက် မီးသဂြိုလ်စက်ကိုသာ ပြုလုပ်လှုဒါန်းခဲ့လျှင် ပိုက်ဆံ(၂၀၀၀၀ိ/)ကုန်ကျငွေသက်သာသွားမှာပါ ဒါ့ကြောင့်လည်းအခု ကျွန်တော်တို့ အသင်းက ပြည်မြို့နယ်စည်ပင်
သာယာရေးအဖွဲ့ကို စာတွေတင်ထားပါတယ် ကျွန်တော်တို့ မိုးမေတ္တာနာရေးကူညီမှုအသင်းအနေနဲ့ နာရေးကိစ္စအ၀၀ကို အခမဲ့ ကူညီမှုတွေရရှိအောင် အကောင်အထည်အမြန်ဆုံးဖော်ဆောင်ချင်နေကြပါတယ် ကျွန်တော်
အပါအ၀င် မြို့ခံပြည်သူ ပြည်သားတွေပါ ဒီကိစ္စကို အားလုံးတက်ကြွလှုပ်ရှားစွာ စည်ပင်ကို တင်ပြထားတဲ့စာအကြောင်းကို စိတ်ဝင်စားနေကြပါတယ် နာရေးကိစ္စတွေအားလုံးအခမဲ့ ဖော်ဆောင်နိုင်တော့မှာပါ ဟု.............
မိုးမေတ္တာပရဟိတလူငယ်သွေးအလှုရှင်များအသင်း(ပြည်)မှ ဦးညီညီအောင် မှ ပြည်သတင်းသို့ ပြောကြားသွားခဲ့ပါသည်။ ။ပြည်သတင်း....

0 comments:
Post a Comment