Tuesday, October 22, 2013

------ ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ----( အပိုင်း ၁၀ )(ငါလိုယောင်္ကျားပြဿဒါးမရှိ)

Leave a Comment


------ ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ----( အပိုင်း ၁၀ )
@@@@@@@@@@@@@@@@@@@@@@@@@

ချစ်ခင်လေးစားရပါသော မိတ်ဆွေ သင်္ခါဟအပေါင်းတို့ ခင်ဗျာ ကျွန်တော်၏
ပြဇာတ်( ၀တ္ထု)တင်ဆက်မှု့ အား ရုံးတာဝန်များဖြင့်မအားလတ်ပါသဖြင့် ကြံ့ကြားသွား
ခဲ့ပါသည် သီးခံခွှတ်ပေးပါရန် အနုအညွှတ်တောင်းပန်ပါတယ် ခင်ဗျာ အစင်လေးစားလျှက် ဓည၀တီ စိုးပိုင် စီးပွါးရေးဘဏ် ပြည်မြို့ 
========================================
ဦးဘအေး - ဟဲ့မိမြ နင်သားက စာမေးပွဲဖြေဖို့ နည်းပြီသာပြောတယ် ဖုန်းလည်းမဆက် စာလည်းမပါး ဒီကလေးတော့ ဘာတွေလုပ်နေလည်းမသိပါဘူးဟာ နင့်သားတော့ ငါအနားမှာရှိရင်တွယ်ပလိုက်ပြီ ဒီကလေးတော့

ဒေါ်မြ = တော့မလည်း ဟိုနေ့ က ဒေါ်ခင်မြင့် သမီးကဖုန်းဆက်တယ်လေသူကော သားလေးကော စာမေးပွဲဖြေခွင့်ပါတယ်တဲ့တော် ကလေးတွေက စာကျက်နေလို့ နေမှာပေါ့
ဘယ်သူဖုန်းဆက်ဆက် သိရရင်ပြီးတာဘဲမဟုတ်လားတော် ဒေါ်မြ ပြောတာပြောလိုက်ရတယ် ကိုယ်
တိုင်လည်းသားဖြစ်သူကိုသဘောမကြလှ တကယ်ဆိုသူကိုတိုင် ဖုန်းဆက်စာရေး လိုအပ်တာမှာဖြင့်သင့်တာ ခုတော့သူများပြောသံကြားနဲ့ 
သာ ကြားရတာ ဃဃဏဏ မသိရ ဖအေ ဖြစ်သူစိတ်အေးအောင်သာပြောလိုက်တယ် အင်းမဖြစ်ပါဘူး စာမေးပွဲနည်းရင်တော့ ဒီကလေးနောက်လိုက်ဦးမှ

ဦးဘအေး- မိမြရေသားအတွက်မနက်ဖန် လူကြုံရှိတယ်ဟ စာစရာလေးဘာ
လေးထည့်ပေးလိုက်ပါဦးဟေ့ တော်ကြာသားမျက်နှာငယ်နေဦးမယ် ဒို့ ကသူများတွေလိုချမ်းသာတာမဟုတ်ဘူးဟ မြို့ မှာ သူများစားတာကြည့်ပြီး
ငါ့သားလေးအားငယ်နေတော့မယ်

ဒေါ်မြ -- တော့ကခုနတော့ အနားရှိရင်ရိုက်မယ်ဆို ခုတော့သားအတွက်ပူနေပြန်ပြီ ပြီးပါပြီတော် တော်ပြောတာကနောက်ကြနေသေး ကျုပ်ကအကုန်းအစင်သင့်
မနက် ကားထွက်ခါနည်းကြပေးလိုက်ရုံဘဲ

ဦးဘအေး-- ဟားဟား မိမြ တို့ များ ငါတော့ အကဲပိုသလေးဘာလေးနဲ့  သူ
ကြသားအတွက်လုပ်ထားတာ ဒီကအဖေတောင်ဘာမှမသိလိုက်ပလားဟေ့
ကောင်းတယ်ဟေ့ ဒါမှ ငါ့သားလေး စာအေးအေးဆေးဆေးကျက်နိုင်မှာကွ
အင်း ငါ့သား ပညာတတ်ကြီးဘွဲ့ ရဖြစ်လို့ ရွာပြန်လာရင် မိသားစု ဓါတ်ပုံရိုက်
ပြီး အိမ်ဦးခန်းမှာ အကြီး ကြီး ချိတ်ထားမယ်ကွ မိမြ နင်က အဲ့ကြရင် ငါ့သား
ဘွဲ့ ရကြီးနဲ့ လိုက်အောင် အ၀တ်အစားကောင်းကောင်းဝတ်နော် ငါကတော့ ငါ
သားဘွဲ့ ရကြီးကို ဖက်ပြီး ရိုက်မယ်ဟေ့ ဟားဟား တွေးပြီးပျော်စရာကောင်းလိုက်တာ ကဲမိမြ ငါ ပဲကြီးခင်းသွာကြည့်လိုက်ဦးမယ် အော် မိမြရေ သားစီကဖုန်းလာရင် အဖေ
အမေတို့ တွက်စိတ်မပူနဲ့ လို့  သူသာစာကြီုးစားပါလို့  ပြောလိုက်နော် မိမြ

ဒေါ်မြ-- သွားပါတော် စိတ်ခြ တော်သာ မိုးမချုပ်စေနဲ့  စောစောပြန်လာဦး
ပြန် မှောင်ရင် ခြေကင်းလက်ကင်းသတိထားပြန်လာဦး တော်ကနမော်နမဲ့ နဲ့ 

ဦးဘအေး-- အေးပါဟာ ကလေးကြနေတာဘဲ ဟုပြောကာထွက်သွားလေ၏

ဝဏ- ကဲစာမေးပွဲကလည်း ဖြေခွင့်မရ တော့ဘူးဆိုတော့ ဒီနေ့ ဒို့ အဖွဲ့  ရွှေဆံ
တော်ဘုရားသွားဖူးကြရအောင်ဟေ့ နေက်နှစ်တွေကြကံကောင်းလာအောင်ပေါ့ကွာ ဘုရားနဲ့ တရားနဲ့ နေရတော့မယ် ကဲအားလုံးလိုက်မယ်မဟုတ်လား ဟု
ပြောပြောဆိုဆို ဆိုင်ကယ်ကိုလက်ညှိုးထိုးပြလေ၏

သက်မောင်ဦး-- ငါမလိုက်ချင်ဘူးကွာ မင်းတို့ သွားကြ ငါဒီနေ့ စိတ်မပါလို့ ဘယ်မှမသွားခြင်ဘူး အဆောင်မှာဘဲနေခဲ့တော့မယ် မင်းတို့ သွားကြ ငါအတွက်ပိုပြီးဆုတောင်းခဲ့ကြ အစားအသောက်စားရင်လည်းငါ့အတွက်ပိုစားခဲ့ကြ ကဲသွားကြတော့


ထွန်းမင်းအောင်-- ဟာဒီလိုတော့ဘယ်ရမလည်းကွ စာအတူလာအတူ နေလာတာမင်းကခုမှမလိုက်ဖူးဆိုတော့ သစ္စာဖေါက်တာ
လား မရဘူးကွလိုက်ခဲ့ စာမေးပွဲတောင် အတူတူပျော်ကြပါးကြလုပ်ခဲ့လို့ ဖြေ
ခွင့်မပါခဲ့တာ သေအတူရှင်မကွာပေါ့ ရဲဘော်ရဲဘက်ဆိုတာ ဒုက္ခရောက်လေ
ခိုင်မြဲလေဖြစ်ရမှာကွ လာပါကွာ မင်းကလည်းသွေးကြောင်နေပြန်ပြီ ဟုပြောရင်း သက်မောင်ဦး လက်ကိုစွဲလေ၏

ဝေယံဟိန်းကျော်-- အေး ဟုတ်သားမင်းကလည်း ဒီနှစ်တော့မှားခဲ့ပြီးပြီ နော
က်နှစ်အတွက် ကြိုပြီးဆုတောင်းထားကြအောင် မင်းကလည်းမိုင်ထွေထွေနဲ့ 
ယောင်္ကျားဆိုတာ အောင်မြင်နေတဲ့အချိန်မှာ သာယာနေပြီး ကျဆုံးချိန်မှာ ဘ
ဝ ကိုအရှုံးပေးတာ ယောင်္ကျားမဟုတ်ဘူးကွ လာမဲ့ဘေးပြေးတွေ့  ရင်ဆိုင်ရဲတာယောင်္ကျား ဖြေရှင်းရဲတာ ယောင်္ကျားကွ ကျဆုံးခြင်းဆိုတာတက
ယ်တော့ အောင်မြင်မှု့ ရဲ့ လမ်းစပါဘဲ ဒီကျဆုံးခြင်းက ငါတို့  ဘ၀ တွေအတွ
က် အောင်မြင်မှု့ ရဲ့ လမ်းစကိုရှတွေ့ မှာပါကွာ လာလိုက်ခဲ့ဟု သက်မောင်ဦး အားမရမကခေါ်လေ၏

ရဲသီဟစိုး -- မင်းကလည်း ကွာ ငါတို့ လည်းစာမေးပွဲဖြေခွင့်မပါတာ ဘယ်သူ
က၀မ်းသာမှာလည်း ထိုင်ငိုနေ၀မ်းနဲနေလို့ ပြီးမလား နောက် ဆက်ရမဲ့ခရီးအ
တွက် ဘ၀ ကရှိသေးတယ်လေ လိုက်ခဲ့ပါသူငယ်ချင်းရာ မေ့မေ့ပျောက်ပျော
က်ဖြစ်သွားတာပေါ့ မင်းဘုရားရောက်ရင် စိတ်ကြည်လင်လာမှာပါ မင်းဘဲ
ပြောတာလေ ခင်စပယ် နဲ့  ရွှေဆံတော်ဘုရားမှာ ဆုတွေတောင်းခဲ့တယ်ဆို
ခုထပ်ပြီး ဆုတောင်းဦး ဘုရားတပည့်တော် စာမေးပွဲမဖြေရပါ ဘုရား ထို
သစ္စာစကားသည်မှန်ကန်ပါသောကြောင့် ခင်စပယ် နှင့်တပည့်တော် ယခု ဘ၀ မက နှောင် ဘ၀ အဆက်ဆက်မှာပါ စုံရပါလို့ ၏ဘုရားလို့ ဆုတောင်းကွာ


ဝဏ-- မင်းကလည်း နမိတ်မရှိကွာ သေမှာကြနေတာဘဲ ဘာလည်းကွ နောင်
ဘ၀ တွေဘာတွေလုပ်မနေနဲ့  ဒီ ဘ၀ လင်မယားဖြစ်ပါစေလို့ ဆုထပ်တောင်း
မင်းစိတ်မပါရင် မင်းကိုစားငါတောင်းပေမယ် သက်မောင်ဦး ကိုကျော်ပြီးတ
ပည့်တော်နှင့်သာညားပေးပါ ဘုရားလို့  ဟဲဟဲ

သက်မောင်ဦး-- ရပါတယ်ကွာ ဘ၀ ဆိုတာကိုကဆုံးဖြတ်လို့ မှမရတာ ကံကြမ္မာ
ကဆုံးဖြတ်မှာပါ ငါဖြစ်ချင်တာ သာကံတရားဖြစ်ပေးမယ်ဆိုရင် ငါလေ အဲ့ဒီကံကြမ္မာနတ်မင်းကြီးကို ငါရဲ့ သွေးတွေ ဘ၀ တွေနဲ့ ကျေးဇူးဆပ်လိုက်
မယ် တကယ်ပါ ငါတို့ က ဒီနှစ် သုံးနှစ်တကြိမ် စွယ်တော်လှဲ့ မဲ့နှစ်လေ ငါနဲ့ ခင်စပယ် အတူတူစွယ်တော်ဖူး ဆုတောင်းမဲ့လိုပြောထားတာ ခုတော့ကွာ


ဝဏ-- ကဲပါကွာစိတ်မကောင်းစရာတွေဖြစ်နေပြီ ဘုရားမြန်မြန်သွားကြရအောင် ပြောပြောပြီးဆိုင်ကယ်ကိုစီဖြင့်ထွက်ခဲ့ကြလေ၏

ေ၇ွှဆံတော်ဘုရားပေါ်မှာသူငယ်ချင်းတွေတပျော်တပါး ဘုရားဖူးပြီး စိတ်ကြည်လင်လန်းစမ်းနေလေပြီး ဘုရားပေါ်တနေကုန်နေကြပြီး ပျော်နေကြလေသည်

ဝေယံဟိန်းကျော်-- ဒိုံဒီကအပြန် သီးချင်းဆိုကြမယ်ကွာ ဘယ်မှာဆိုရင်ကောင်းမလည်းအကြံပြုကြပါဦးဟ ငါတယောက်ထဲနေရာရွှေး
ရတာမကောင်းဘူး

ဝဏ-- ဘုရားကြီးနားက အောင်နှင်းကြည် အဆောင်ရှေ့မှာဆိုမယ်ကွာ အဲဒီ
နားမှာက ဒို့ သူငယ်ချင်းတွေလည်းရှိတယ်လေ

ထွန်းမင်းအောင်-- အေးကောင်းသားကွ အေးချမ်း တို့ နေတဲ့အဆောင်က အဲ့
ဒီနားမှာကွ ဒီကလေးမတွေအဖွဲ့ ခေါ်ပြီး သီးချင်းဆို ဧည့်ခံခိုင်းရမယ် ဒို့ သူင
ယ်ချင်းတွေထဲမှာ အေးချမ်း တို့ ကလေးမလေးတွေက ရီုးသားတယ်ခင်ဖို့ 
ကောင်းသားကွ အော်နေဦးဟ မိအေးချမ်း ကလေ ဟိုနေ့ က ငါကိုပြောပြ
တယ် သူကိုတိုင် သီးချင်း ရေထားတယ်တဲ့ ကြုံရင်ဆိုပြမယ်တဲ့လေ အတော်ဘဲ ကဲအဲ့ဒီကိုသွားကြရအောင်ကွာ ဟုပြောရင် ဘုရား ပေါ်မှစဆင်းလေသည်

ရဲသီဟစိုး-- ကဲ ဝေယံ ကြီး အေးချမ်း တို့ အိထွေးမွန် တို့  သွားခေါ်ကွာ မြန်မြန်လာလို့ စားစရာတွေရှိတာအကုန်ယူခဲ့လို့  မြန်မြန်လာခဲ့နော် မှောင်
နေပြီ ညင့်နက်သွားရင်မကောင်းဘူး

ဝဏ -- ကဲ သူငယ်ချင်း မင်းကစဆိုကွာဟု သက်မောင်ဦး အားပြောလေသ
ည သက်မောင်ဦး ဘာမှမပြော သူတခါမှမဆိုဘူးတဲ့ ၀ိုင်းဝိုင်း ရဲ့  စည်း
သီချင်းအားဆိုလေသည် ကောင်းလိုက်တာ ၀ိုင်းဝိုင်း ကိုယ်တိုင်အလားပါဘဲ
ဒီကောင်တခါမှမဆိုဘူးတဲ့သီချင်းပါလား ခုလို ဒီသီချင်းမျိုးဆိုတတ်သည်မထင် အတွေးမဆုံးခင် ဆိုပြီးသွားလေသည်

သက်မောင်ဦး-- ဆိုကြဦးကွာ ငါမောသွားပြီ အေးချမ်း နင်ကိုတိုင်ရေထားတဲ့
သီချင်းရှိတယ်ဆို ဝေယံကြီးက ဂစ်တာတော်တယ် သူနဲ့ ဆိုပြပါလား


ဝေယံ -- လုပ်ပြန်ပြီး ငဖွ မင်းကလက်သံပိုကောင်းတာပါကွာ မင်းနဲ့ ဆိုပါ

ဝဏ-- နောက်ဆုံးတော့ ၀ဏ ဆိုရလေပြီ------***** ကျောင်းကြီးဖွင့်လို့ 
ဒို့ တွေ့ ခဲ့ပေမဲ့ ကျောင်းကြီးပိတ်လို့  ဒို့ တတွေခွဲရမယ်ကြိုသိထားလည်း
ရုန်းမထွက်နိုင်တာက နှောင်ကြိုးများကြောင့်လား-----


ရဲသီဟစိုး -- မဆိုနဲ့ တော့ကွာ ၀မ်းနဲစရာကြီး ငါငိုခြင်လာပြီ

အေးချမ်-- ကဲနင်တို့ ပြန်ပါတော့ဟယ် ကျောင်းကြီးပိတ်တော့မှာ ထပ်ထပ်မတွေ့ တော့ရင်ကောင်းမယ်ဟာ

( အပိုင်း ၁၁ ) ဆက်လက်ဖေါ်ပြပါမည်

(ငါလိုယောင်္ကျားပြဿဒါးမရှိ)

အထက်ဖေါ်ပြပါ အဖြစ်အပျက်သည် မောင်ဝဏ-- သက်မောင်ဦး(ခေါ်)ရဲထွဋ်ကျော်(ကွယ်လွန်) တကယ်သီဆိုခဲ့သော မအေးချမ်း ကိုတိုင်ရေသီချင်းပါခင်ဗျာ

0 comments:

Post a Comment

Facebook Like Page