Monday, October 14, 2013

ပြည်မြို့ပေါ်ရှိ ရပ်/ကျေး အုပ်ချုပ်ရေး ရုံးများမှာ ရုံးပိုင်အထိုင်ဖုန်းများလိုအပ်နေသေး

Leave a Comment


ပြည်မြို့ပေါ်ရှိ ရပ်/ကျေး အုပ်ချုပ်ရေး ရုံးများမှာ ရုံးပိုင်အထိုင်ဖုန်းများလိုအပ်နေသေး
*****************************************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင်ပြည်မြို့ပေါ်ရှိ ရပ်ကွက်၊ကျေးရွာများတွင် ရုံးအထိုင်ဖုန်းများလိုအပ်နေသေးကြောင်းသိရှိခဲ့ရသည်။
ဒီသတင်းဟာ ကျွန်တော်တို့ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်နေတာတွေထဲကတစ်ခုပါ ကျွန်တော် ကျော်ဝင်းခိုင်(ပြည်သတင်းလူငယ်) နှင့် ကိုပြည့်ဖြိုး(Pyae Phyo Pyay)တို့ တိုင်ပင်ပြီး နောက်(၃)ရက်လောက်အတွင်းမှာ
ထုတ်တော့မဲ့ (APK)ဆော့ဝဲလ် တစ်ခုမှာ ပြည်သတင်း(Blog)၊ ပြည်သတင်း(Facebook)၊ပြည်အရောင်းအ၀ယ်၊ပေါက်ခေါင်းသတင်း၊ဌာနဆိုင်ရာဖုန်းနံပါတ်များ၊ကားဂိတ်ဖုန်းနံပါတ်များ၊ဆေးရုံ/ဆေးခန်းဖုန်းနံပါတ်များ၊ရထား
ထွတ်ချိန်ဖုန်းနံပါတ်များကို နှင့် ပည်သတင်းဆော့ဝဲလ်အသစ်တစ်ခု ပြုလုပ်ထားပြီးဖြစ်ပါတယ် အဲမှာလိုအပ်နေသေးတဲ့ ဖုန်းနံပါတ်တွေထဲမှ ရပ်ကွက်/ကျေးရွာ ဖုန်းနံပါတ်များကို လိုချင်၍ရှာဖွေခဲ့ရာ အစဉ်မပြေခဲ့ပါသဖြင့် ပြည်
မြို့နယ် အုပ်ချုပ်ရေးမှုးရုံးတွင် ကျွန်တော်ပြည်သတင်းလူငယ် သွားရောက်စုံစမ်းခဲ့ရာမှာတော့ ရပ်ကွက်/ကျေးရွာ များအတွက် ရုံးအထိုင်ဖုန်းများလိုအပ်နေသေးသည်ကို သိခဲ့ရပါတယ် ရင်ထဲကအမှန်ပြောရရင် ကျွန်တော်တကယ်
စိတ်မကောင်းဖြစ်မိပါတယ် အရင်တုန်းကအချိန်အခါတွေကို ကျွန်တော်မေ့ထားပါတယ် အခုလက်ရှိကျွန်တော်တို့ ပြည်မြို့မှာ လမ်းတွေဆိုလည်းတော်တော်များများ ပြုပြင်နေပြီးပါပြီ၊အရင်ကရှိခဲ့ပြီးပျောက်ကွယ်သွားခဲ့တဲ့ ကျွန်တော်
တို့ ပြည်မြို့က မီးပ္ပိုင့်တွေဆိုလည်း လမ်းဆုံလမ်းခွများမှာ အစဉ်ပြေချောမောစွာတပ်စင်ပြီးပါပြီ ပျက်စီးဟောင်းနွမ်းနေတဲ့ ပြည်မြို့က လျှပ်စစ်မီးတိုင်တွေဆိုလည်း အသစ်တည်ဆောက် အဟောင်းများပြုပြင်နေမှုတွေလည်းရှိနေပါပြီ
ဒီလိုလေးတွေ ပြောင်းလည်းတိုးတက်လာတဲ့ (အနည်းငယ်) ကျွန်တော်တို့ ပြည်မြို့ လေးမှာ ကျွန်တော်တို့ ရပ်ကွက်/ကျေးရွာနေ ပြည်သူတွေ အခုဆိုရင် (၁၅၀၀)တန် တန်ဖိုးနည်းဖုန်းဆင့်ကဒ်တွေကိုလည်း ရပ်ကွက်/ကျေးရွာတွေကို
မဲစနစ်ဖြင့်သော်၎င်း၊ တစ်အိမ်ထောင်တစ်ကဒ်နူန်းဖြင့်သော်၎င်း၊ ရပ်ကွက်/ကျေးရွာတိုင်းမှာ (ဖုန်းလိုင်းမိတဲ့) ချထားပေးထားတာတွေလည်းရှိနေပါပြီ ဒါတွေဟာ ကျွန်တော်တို့ ပြည်မြို့ရဲ့ လိုအပ်တာလေးတွေထဲကတစ်ခုတွေပါ အခုလို
ကျွန်တော်တို့ပြည်သူတွေ လိုအပ်တာလေးတွေကို မိမိတတ်နိုင်သမျှ ဖြေရှင်း၊အကှုအညီပေးခဲ့ကြတဲ့ ပြည်မြို့ပေါ်က တာဝန်ရှိလူကြီးတွေ အားလုံးကို ကျွန်တော်တို့ ပြည်မြို့သား/သူ တွေမှ ကျေးဇူးတင်မိပါတယ် (သို့ပါသော်လည်း)
ကျွန်တော်တို့ မှာဆက်သွယ်ရေးကွန်ယက်အတွက် ရပ်ကွက်/ကျေးရွာတွေမှာ ရုံးအထိုင်ဖုန်းလေးတွေ ပြည်သူတွေမှ အချိန်မရွေးဆက်သွယ်ဖို့ အခွင့်အရေးရနိုင်အောင် ကျွန်တော်(ပြည်သတင်းလူငယ်) နှင့် ကိုပြည့်ဖြိုး(Pyae Phyo Pyay)
တို့မှ ပြည်သူတွေကိုယ်စား မိမိဝါသပါတဲ့(သတင်းမီဒီယာ) မိမိဝါသပါတဲ့(နည်းပညာ)တွေနဲ့ မိမိတို့ နှစ်ဦးတတ်နိုင်သမျှ လုပ်ဆောင်ပေးနေချိန်မှာ ပြည်မြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာ ရုံးအထိုင်ဖုန်းစာရင်းမှာ ပြည်မြို့တစ်မြို့လုံးမှာမှ(၇)လုံးသာ
ကောက်ယူရရှိခဲ့ပါသည်။ ရရှိတဲ့ရပ်ကွက်/ကျေးရွာတွေကတော့...ကျောင်းကြီးအိုးတန်း၊ရွာဘဲ၊ဆင်စု၊ရွှေတံခါး၊ခေတ္တရာရပ်ကွက်၊ရွှေကူ၊ပေါက်တောကျေးရွာ ဆိုတဲ့အခုလက်ရှိသုံးလို့ရတဲ့ ရပ်ကွက်ကျေးရွာတွေရဲ့ရုံးအထိုင်ဖုန်းတွေပါပဲ
ဒါဆိုရင် ကျွန်တော်တို့ပြည်မြို့မှာ လိုအပ်နေတာတွေထဲက တစ်ခုအပါအ၀င်ဖြစ်နေတဲ့ ရပ်ကွက်/ကျေးရွာတွေမှာ ရုံးအထိုင်ဖုန်းတစ်လုံးစီလိုအပ်နေပါတယ် ဒါတွေကို တာဝန်ရှိတဲ့လူကြီးတွေ(ဌာနဆိုင်ရာ)တွေက အမြန်ဆုံးဒီကိစ္စတွေကို
အကောင်အထည်ဖော်ပေးလိုပါတယ် အဲဒိနေရာမှာလည်း ကျွန်တော်တို့ ပြည်မြို့သား/သူ တွေအတွက် ချထားပေးတဲ့ ဖုန်းဆင့်ကဒ်တွေထဲမှ မဟုတ်ဘဲ သီးခြားစီမံစေလိုပါသည်။ ဒါမှမဟုတ်ပါလျှင်လည်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုး
များမှ မိမိတို့အုပ်ချုပ်ရာ ရပ်ကွက်/ကျေးရွာ မှာရှိတဲ့ ရပ်ကွက်နေ/ကျေးရွာနေ သူများအားလုံးကို (ပွင့်လင်းမြင်သာစွာ) တိုင်ပင်ပြီး ပွင့်ပွင့်လင်းလင်းဆောင်ရွက်စေလိုပါတယ် သို့မှာသာ ကျွန်တော်တို့ လိုချင်တဲ့ ဆက်သွယ်ရေးတွေ ပြည်သူ
တွေရဲ့ အခက်အခဲတွေကို အချိန်နှင့် တပြေးညီ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ် ဒါ့ကြောင့် ကျွန်တော်၏ သတင်းများကို ဖတ်ရှုနေကြသော ဌာနဆိုင်ရာမှ လူကြီးများက ဒီကိစ္စကို အမြန်းဆုံးဖြေရှင်းပေးပါရန် လေးစားစွာ တင်ပြချင်ပါတယ်။
ကျွန်တော်၏ လေးစားစွာတင်ပြမှုမှာအရောင်သွေးတစ်စုံတစ်ရာ မရှိခဲ့ပါ နောက်လည်းရှိလာမည်မဟုတ်ပါ ရိုးသား မှန်ကန်စွာတင်ပြမှုကို ဌာနဆိုင်ရာများမှ ကြိုးစားမြန်ဆန်စွာ အကောင်အထည်ဖော်ပေးပါရန်တင်ပြအပ်ပါသည်။.....

ပြည်သတင်းလူငယ်..(၇/ပမန(နိုင်)၁၇၈၄၂၂) ဆက်သွယ်ရန်ဖုန်း(၀၉၄၀၁၆၁၆၃၂၃)ပြည်မြို့......

0 comments:

Post a Comment

Facebook Like Page