Wednesday, October 2, 2013

အမှုတွင် သဲလွန်စအထောက်အထားခိုင်လုံစွာပေါ်ပေါက်ပါလျှက် မခိုင်မာဟုဆိုကာ တရားခံအား ရီမန်ယူပြီးနောက် တရားစွဲမတင်ဘဲ ပြန်လွှတ်ထားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအပေါ် စုံစမ်းဖော်ထုတ်ပေးပါရန်ကိစ္စ

Leave a Comment

သို့/

၂၇ ရက်နေ့ စက်တင်ဘာလ ၂၀၁၃ ခုနှစ်

တိုင်းရဲတပ်ဖွဲ့မှူး
ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
ပဲခူးမြို့

အမှုတွင် သဲလွန်စအထောက်အထားခိုင်လုံစွာပေါ်ပေါက်ပါလျှက် မခိုင်မာဟုဆိုကာ တရားခံအား ရီမန်ယူပြီးနောက် တရားစွဲမတင်ဘဲ ပြန်လွှတ်ထားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအပေါ် စုံစမ်းဖော်ထုတ်ပေးပါရန်ကိစ္စ။

ကျွန်မသည် စိုက်ပျိုးရေးရုံး၊သက်သာချောင်ချိရေးဆိုင်ခန်းတွင် ရိုးသားစွာ ထမင်းဆိုင်ဖွင့်လှစ်ရောင်းချနေသူ ပြည်သူတစ်ဦးဖြစ်ပါသည်။ (၁.၉.၂၀၁၃)ရက်နေ့ နံနက်(၁၀း၃၀)ခန့်အချိန်တွင် ကျွန်မပိုင်သော..
၁။MC ကြိုးအပြားပုံ(၁)ကုံး (၁)ကျပ်သားခန့်
၂။စက်ဖြတ်ကြိုး(၁)ကုံး (၅)မှုးသားခန့်
၃။အသဲပုံရိုက်ရွှေလက်ကောက်(၅)ကွင်း (၁)ကျပ်သားနဲ့(၆)ပဲခန့်
၎။ခြောက်ထောင့်လိမ်ရွှေလက်ကောက် (၂)ကွင်း (၁၀)ပဲနဲ့ (၆)ရွေးခန့်
၅။ရွှေကလစ်(၁)ခု (၁)မတ်သားနဲ့(၄)ရွေးခန့်
၆။ကာရာအိုကေပုံလက်စွပ်(၁)ကွင်း (၆)ပဲသားခန့်
၇။မောင်းကွင်း(၁)ကွင်း (၂)ပဲသားခန့်
၈။နှင်းဆီပုံ စိန်လက်စွပ်(၁)ကွင်း
၉။ဆနွင်းမကင်းပုံ ရွှေဆွဲကြိုး (၁)ခု (၃)ပဲ နဲ့ (၄)ရွေးခန့်
၁၀။၅..ထောင်ကျပ်တန်(၁)သိန်းအုပ် (၃)အုပ်
၁၁။နိုင်ငံသားစိစစ်ရေးကဒ်ပြား(၁)ခု ....စသည်တို့ကို လက်ဆွဲအိတ်တွင်ထည့်ပြီး ကျွန်မကိုယ်တိုင် ဆိုင်ကယ်ရှေ့ခြင်းထဲ၌ထည့်ကာ မိခင်အိမ်သို့သွားရာ ဆိုင်ကယ်ခြင်းထဲရှိ လွယ်အိတ်အားမယူမိဘဲ မိခင်အိမ်ပေါ်တက်သွားပြီး
(၅)မိနစ်ခန့်အကြာ သတိရပြီးလက်ဆွဲအိတ်ရှိရာသို့ပြန်လာပြီး အိတ်ကိုပြန်ယူလိုက်ပါသည်။ ထို့နောက်မိခင် နှင့်စကားပြောဆိုအပြီး မည်သည့်နေရာမှမချဘဲ ကျွန်မကိုယ်တွင်လွယ်ထားပြီး ပြန်ဆင်းလျှက်ဆိုင်သို့ပြန်လာခဲ့ပါသည်။
ဆိုင်ရောက်၍ ဘီဒိုထဲ၌ထည့်ထားပြီး (၁၀)မိနစ်ခန့်အကြာ ၅၀၀၀ိ/ကျပ်တန် ပြန်အမ်းလို၍ လက်ဆွဲအိတ်အား ဖြည်လိုက်ရာ ကျွန်မထည့်ထားသော ရွှေလက်ဝတ်လက်စားများ နှင့် ငွေကျပ်(၃)သိန်းမှာ မရှိတော့ဘဲ ပျောက်ဆုံးနေ
ကြောင်းသိရပါတယ်။ ပျောက်ပျောက်ခြင်း ရဲစခန်းသို့ အစ်မဖြစ်သူနှင့် သွားရောက်အမှုဖွင့်လှစ်ရာတွင် ကျွန်မလက်ဆွဲအိတ်ဆင်းယူစဉ်က ကျွန်မဆိုင်ကယ်အနီး၌ ကျွန်မနှင့် အခေါ်အပြောမရှိသော ညီမအရင်းဖြစ်သူ မအာဝါး ၏
ဆိုင်ကယ်မှာ ကျွန်မ၏ဆိုင်ကယ်အနီး၌တွေ့ရပြီး၊၄င်းကိုပါအနီး၌တွေ့ရကြောင်းပြောဆို အမှုဖွင့်လှစ်ခဲ့ပါသည်။ ပျောက်ဆုံးပြီး(၄)ရက်အကြာ၌ ကျွန်မဆိုင်ကယ်ရပ်သည့်နေရာနှင့် (၁၀)ပေခန့်အကွာရှိ မမိုးစန်းဘော်ဒါဆောင်မှ ကျောင်း
သားလေးနှစ်ဦးက ကျွန်မဆိုင်ကယ်ခြင်းထဲရှိ လက်ဆွဲအိတ်အား ညီမဖြစ်သူ မအာဝါးမှယူပြီး ခဏအခြားနေရာသို့ ခေတ္တခဏထွက်သွားကာ ချက်ခြင်းပြန်လာပြီး လက်ဆွဲအိတ်အား ဆိုင်ကယ်ခြင်းထဲသို့ပြန်ထားခဲ့ကြောင်း တွေ့မြင်
သည်ဟု သတင်းကြား၍ အဆိုပါကျောင်းသားလေးအား သွားရောက်မေးမြန်းရာ ကျောင်းသားလေးမှ အထက်တွင် ကျွန်မပြောခဲ့သည့်အတိုင်း အသေးစိတ်ပြန်ပြောပြခဲ့ပါသည်။ ထိုအကြောင်းအား (၄.၉.၂၀၁၃)နေ့တွင် ရဲစခန်းသို့
အမှုဖွင့်အကြောင်းကြားသည့်အတွက် ရဲစခန်းမှ မအာဝါးအား ချုပ်ရီမန်တောင်းကာ စစ်ဆေးခဲ့ပါသည်။ (၂၆.၉.၂၀၁၃)နေ့တွင် ရဲမှ မအာဝါးအားသက်သေအထောက်အထားမခိုင်လုံဟုဆိုကာ အာမခံဖြင့်ပြန်လွှတ်ခဲ့ကြောင်းသိရပါသည်။
သို့ပါ၍ ကျွန်မလက်ဝတ်လက်စား နှင့် ငွေများကိုခိုးယူသူ မအားဝါး အပေါ် ဥပဒေနှင့်တရားစွဲဆို ဖော်ထုတ်အရေးယူခြင်းမရှိဘဲ ပြန်လွှတ်ထားခဲ့သည့်အတွက် ကျွန်မအနေနဲ့ အလွန်အမင်းနစ်နာနေရပါသောကြောင့် အမှန်အတိုင်း ဖော်
ထုတ်ဆောင်ရွက်ပေးပါရန် အထက်လူကြီးမင်းများသို့ ရိုသေလေးစားစွာ အသနားခံတင်ပြတိုင်ကြားအပ်ပါသည်။

မပုချို(ခ)မအေးလှ
၇/ပခတ(နိုင်) ၀၄၂၁၇၈
အမှတ်(၂)ရပ်ကွက်၊ကွက်သစ်(၁)၊
ပေါက်ခေါင်းမြို့
အသနားခံတင်ပြသူ

မိတ္တူကို...

..ခရိုင်ရဲတပ်ဖွဲ့မှူး၊ပြည်ခရိုင်ရဲတပ်ဖွဲ့မှုးရုံး၊ပြည်မြို့ သို့အဆိုပါအသနားခံစာအားတင်ပြထားကြောင်းသတင်းရရှိခဲ့ပါသည်။ ။ပြည်သတင်း...


0 comments:

Post a Comment

Facebook Like Page