Thursday, September 19, 2013

ပြည်မြို့မြစ်ရေ လပြည့်ကျော်ရင်ကျသွားနိုင်ဖွယ်ရှိဟုခန့်မှန်း

Leave a Comment

ပြည်မြို့မြစ်ရေ လပြည့်ကျော်ရင်ကျသွားနိုင်ဖွယ်ရှိဟုခန့်မှန်း
**************************************

18.9.2013ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန်တွင် ပြည်သတင်း မှ မိုး/ဇလ ပြည်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်မြင့်ထံသို့သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ကျွန်တော်တို့ တစ်နာရီ(၁)ကြိမ်မြစ်ရေတိုင်းတာခြင်းများကိုဆောင်ရွက်လျှက်ရှိပါတယ် ဒီနေ့က မြန်မာလို(၁၄)ရက်နေ့ပါ ဒီကနေ့ နေ့လည်(၁၂း၃၀)မှာရေတန့်နေပါတယ်
ကျွန်တော်တို့ ဒီကနေ့ မြန်မာလို(၁၄)ရက်နေ့ မနက်ပိုင်း(၆း၃၀)အချိန်တိုင်းတာချက်အရ မြစ်ရေဟာ(2871...စင်တီမီတာ)ရှိနေခဲ့ပြီး ဒီကနေ့နေ့လည်(၁၂း၃၀)အချိန်
တိုင်းတာချက်အရ (2872...စင်တီမီတာ)မှာရေတန့်နေပါပြီ လပြည့်နေ့အထိတော့ ရေတောင့်ခံနိုင်ခြေရှိနေပါသေးတယ် လပြည်ကျော်ရင်တော့ အောက်ရေဆင်းနိုင်တော့မှာ
ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိသေးပါဘူး ကျွန်တော်တို့ ပြည်မြို့ရဲ့ စိုးရိမ်ရေအမှတ်က(2900...စင်တီမီတာပါ) လပြည့်နေ့အထိတော့ရေကတောင့်ခံနေအုံးမှာပါ ပင်လယ်
ရေပြင်မှာ လ ရဲ့ဆွဲငင်အားကြောင့်ရေတောင့်ခံနေတာပါ လပြည့်နေ့အထိတော့ရေတောင်ခံနေအုံးမှာဖြစ်ပြီး လပြည့်ကျော်မှ သာ ရေလျော့ကျသွားနိုင်မယ်လို့ခန့်မှန်းပြောဆိုပါတယ်
ပြည်သူတွေအနေနဲ့ ဘာမှမစိုးရိမ်ကြဖို့ပြောချင်ပါတယ်ကျွန်တော်တို့လည်း တစ်နာရီ(၁)ကြိမ်တိုင်းတာချက်များပြုလုပ်နေပါတယ်ဟု မိုး/ဇလ ပြည်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်မြင့်
မှ ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။....ပြည်သတင်း....

0 comments:

Post a Comment

Facebook Like Page