----- ရွှေဆံတော်မှာ ကြွေ တဲ့အသည်း(အပိုင်း ၃ )
ဦးဘအေး = ဟေ့ မိမြရေ သားပြန်လာပြီးဟေ့ သားလူလေး လာလာ ငါသား
ကဘွဲ့ ရ ပညာတတ်ကြီးဖြစ်တော့မှာဆိုတော့ မိမြရေ ငါ့သား ကိုဟင်းကောင်းကောင်းချက်ကြွေးဟေ့
ဒေါ်မြ = အောင်မယ်လေး တော်မပြောလည်း ကျုပ်က ကျုပ်သားကို ဟင်းကောင်းကောင်းချက်ကြွေးမှာပါတော် လာ သားလေ သားပိန်လိုက်တာကွယ် အစားအသောက်တွေမမှန်ဘူးထင်တယ် နေကောကောင်းရဲ့ လားသားရယ်
ဦးဘအေး = ဒီမိန်းမတော့ သားက စာတွေ ကြိုးစားပြီး ဖတ်နေရတော့ ပိန်တာပေါ့ဟ သားမင်းအမေကဘာမှမသိပါဘူးကွာ လာသား အဖေနားလာပါဦးကွယ်
သက်မောင်ဦးည = အော် သနားစရာ မိဘတွေပလား ငါ့ပျော်ပါးပြီး လေလွှင့်နေတာ အပျော်ကြူးနေတာသာသိရင် အဖေနဲ့ အမေ ရင်ကျိုးမှာဘဲ အော် အဖေ့ သား ပိုက်ဆံ ပြတ်လားလို့ ဘာမှမပါဘူးနော် ၀ယ်ခြင်တာတွေကတော့အများကြီးဘဲ ငွေကမရှိတော့ဘူး လမ်းစရိတ်တောင်
ခင်စပယ် ကစရိတ်ခံလာတာ
ဦးဘအေး -= ပြောမနေပါနဲ့ သားရယ် သားကျန်းကျန်းမာမာနဲ့ ပြန်လာရင်
အဖေအမေကကျေနပ်တာပါဘဲ ဒါတွေမလိုပါဘူးသားရယ် သားသာ စာကြီုးစားပါ သားပညယတတ်ကြီးဖြစ်လို့ ရည်မှန်းချက်တွေအောင်မြင်ရင်
အဖေတို့ အမေတို့ ကကျေနပ်ပါပြီ အဖေတို့ ကအသက်လည်းကြီးပါပြီး အ
ဖေတို့ မရှိတော့ရင် သားဘ၀ သားရပ်တည်နိုင်ရင်ကျေနပ်ပါတယ်သားရယ်
အဖေတို့ မှာ ပြေးကြည့်မှ ဒီသားလေးတယောက်ရှိတာ သားရယ် သားဘွဲ့ ရ
ပညာတတ်ကြီးဖြစ်လို့  ငါ့သား ဘွဲ့ ဝတ်စုံ ၀တ်ပြီး မြင်ရရင် အဖေပင်ပန်းသမျှ
ကျေနပ်တယ်သား အဖေရဲ့ ချွေးတွေ မြေကြီးပေါ်ကြလို့ ဧရာဝတီ မြစ်ကြီးဟာ
ပြည့်လျှံသွားမယ်ဆိုရင် သား အဲ့ဒီ ဧရာဝတီ မြစ်ရေကိုသောက်ကြည့် အေးမျှ
ခြင်းက ဘ၀ အတွက်အားဆေးတခွက်ဖြစ်ပါလိမ့်မယ်သား တနေ့ တနေ့  အ
လုပ် လုပ်ရင်းနဲ့  လယ်ကွင်းပြင်ကြီးကိုကြည့်ပြီး ငါ့သား ဘွဲ့ ရပြီး ပြန်လာမဲ့
ဟိုအဝေး လယ်ပြင်လမ်းကြီးဟာ အဖေ့အတွက်တော့ အားဆေးတခွက်ပါသားရယ် ---
ဒေါ်မြ = ကဲဒီသားအဖတွေ စကားကောင်းနေတာ လာကြ ထမင်းတွေအေးကုန်ပြီ ပူပူစားလိုက်ကြအုန်း တော်ကလည်း သားကထွက်မပြေးပါဘူး နောက်မှအေးအေး ဆေးဆေးပြောပါတော် ကျုပ်သားက မြို့ မှာ စာတွေဖတ်ပြီးပင်ပန်းလာတာ တော်ပြောတာတွေနားထောင်ပြီး သားပြန်ပြေးသွားပါဦးမယ် လာလာသား ထမင်းပူ ဟင်းပူလေးစားလိုက်ဦး
သက်မောင်ဦး = စားလို့ ကောင်းသားအဖေရ အမေ့လက်ယာမစားရတာကြာ
ပြီဆိုတော့ သားတော့ ထတောင်မထနိုင်တော့ဘူး အဆောင်မှာက ကြုံသလိုစား ဆိုင်ကဟင်းနဲ့ က တနေ့ လာလည်းဒီဟင်း ဒီလက်ယာ သားတော့ ကတွင်းမတွေ့လှဘူးအမေရ အမေလက်ယာစားလိုက်ရမှ ကျောင်းမှာ ငတ်ပြတ်နေတာတွေခုမှအတိုးခြစားရတော့တယ် အော် အဖေ့ သားဒီနေ့ စောစောအိပ်မယ်နော် ပင်ပန်းလာလို့ လေ --
ဦးဘအေး = ဟုတ်တာပေါ့သားရယ် ငါ့သားပင်ပန်းလာတယ် မိမြနင်စကားတွေသားကိုပြောမနေနဲ့ နင်က ပစိပါးစပ်များတယ်
ဒေါ်မြ = တော်သာ ပါးစပ်ပိတ်ထား သားပြန်လာရင် တော့ပါးစပ်က ပုဏ္ဍား
ပါးစပ်ထက်ဆိုးတယ် တော်လည်းပိတ် ကျုပ်လည်းပိတ်မယ်
သက်မောင်ဦး = ကဲအိပ်ပြီနော်
နံနက်မိုးလင်း လိုမနားမနေ အလုပ်ရှုပ်နေသူက ဒေါ်ခင်မြင့် သမီးဖြစ်သူ
ကျောင်းပိတ်ရက်ခဏပြန်လာ၍ သမီးစားဖို့  မနက်ထဲက ချက်ပြုတ်နေလေယာ မမောနိုင် ချွေးတလုံးလုံးဖြစ် စားနိုင်သောက်နိုင် ရွာမှာ
သူဌေးစားရင်းဝင် ဖြစ်လေတော့ စားစရာအမယ်များ များပြားနေလေသည်
ဒေါ်ခင်မြင့် = ဟဲ့သမီးထတော့လေ ဒီမှာသမီးစားဖို့  ကောင်းညှင်းပေါင်းပဲပြုတ် နဲ့ နှမ်းထောင်း ငါးကွင်းရှပ်
ခြောက် မီးဖုတ်ကင်ရယ် ထမင်းပူပူစားရအောင်ဟေ့ထတော့
ခင်စပယ် = အမေစောစောနိုးလေပြီး ညကအိပ်မပြော သက်မောင်ဦး အကြောင်းစဉ်းစားရတာအတွေးတွေက ဟိုရောက်ဒီရောက် သက်မောင်ဦး လူဆိုးလေး တခါတခါ သူအဲ့ဒီလိုဆိုးတာကိုက ချစ်စရာ ဂျစ်ကန်ကန် ပြောပုံဆိုပုံက ခင်စပယ်အတွက်တော့
ကစားနေသလိုထင်မိခံစားမိသည် သက်မောင်ဦး သူငယ်ချင်းများနဲ့ အပျော်အပါးများ ညမအိပ်နေ့ မအိပ် သွားလာတတ်ပေမဲ့ သူကိုတော့ဂရုစိုက်သည် ဘယ်လောက်မူးမူး ညသူအိပ်ပြီလားမေးတတ်တာကိုကကို ချစ်စရာလေးပါကွယ် တခါတခါတလေ
သူဆီက မုန့် လုစားတတ်၏ တခါတလေ သနပ်းခါးတွေဖျက်ပြစ်တတ်၏ စိတ်ဆိုးမိသော်လည်း ကျေနပ်မိ၏ သာယာမိ၏ သတိရနေမိ၏ တမ်းတနေမိ၏ အော် သက်မောင်ဦးရယ် နင်ဟာလေ ငါဘ၀ ငါရဲ့ ရှင်သန်ရာ
ငါ့ရဲ့ အဖော်မွန် လက်တွဲဖော်ပါဟယ် ငါ့တနေ့ ဘ၀မှာ လက်တွဲဖော် အဖြစ်ရွှေးမှာပါ ငါ့ဆုံးဖြတ်ချက်ကခိုင်းမာပြီးသားပါဟယ် နင်ရောင့်တက်သွားမှာဆိုးလို ငါ့ရင်ထဲကစကား ငါရင်ထဲက ဆန္ဒတွေ ထုပ်ဖော်မပြတာပါဟယ် တနေ့ ငါ့ရင်ထဲမှာဘာတွေဖြစ်နေတယ်ဆိုတာနင့်ကို
ငါဖွင့် ---
ဒေါ်ခင်မြင့် = ဟဲ့သမီးနိုးနေတာကြာပြီး ဒီကောင်မလေးအိပ်ပုတ်ကြီးလိုက်တာ ထတော့ဟေ့ ဒီမှာစားစရာတွေအေးကုန်တော့မယ် လာသမီး သမီးစားပြီးရင် အမေ ပဲ ကြီး
ခင်ထဲသွားရဦးမှာ အလုပ်သမားတွေက လွှတ်ထာလို့ မရပါဘူးအေ စိတ်ကိုမခြရပါဘူး အော် သမီး စားသောက်ပြီး အမေယာထဲသွားရင် သမီးအိမ်မှာဘဲနေနော် ဘယ်မှမသွားနဲ့ တော့ အိမ်မှာနားနေ ဟို ကောင် လေးအိမ်သွားလည်မနေနဲ့ ဦး အမေစောစောပြန်လာခဲ့မယ်
အော် သမီး အ၀တ်တွေမလျှော်နဲ့ နော် ဒေါ်ပု ခေါ်ထားတယ် အေးအေးအမေသွားမယ်
အော် သမီး ဒေါ်ပု ကိုအ၀တ်တွေလျှော်ပြီးရင် ကြက်သွင်နီ ကြက်သွင်ဖြူတွေ
အခွင်နွာခိုင်းလိုက်ဦး ငရုတ်သီးတွေကို ညက်ညက်ထောင်ခိုင်း ဒါမှ သမီးကျောင်းပြန်ရင် အမေအကုန်ကြော်ပေးလို့ ရမှာ ကဲကဲ သွားပြီးသမီး
ဒေါ်ခင်မြင့် သမီးကိုချစ်တာတော့ပြိုင်စံရှားပါဘဲ ယာထဲသွားဖို့ အိမ်ကမထွက်နိုင် သမီးကိုစိတ်မခြ အိမ်အလုပ်တွေလည် မပြီးမှာဆိုး ယာထဲလည်း စိတ်ကပူ သုတ်သုတ်ပြာပြာနဲ့ ထွက်ခွါသွားလေသည်
သက်မောင်ဦး = ဟေ့ ခင်စပယ် ဟေ့ ယောက်ခမကြီး ယာထဲသွားပြီမဟုတ်လား ငါအိမ်ထည်ဝင်ခဲ့မယ်နော်
ခင်စပယ် = ဟယ်သက်မောင်ဦး နင်မွှေဖမ်းမနေနဲ့ အမေသိရင် မိုးမီးလောင်မယ် သွားပြန်တော့ ကျောင်းကြတွေ့ ရမှာကို ဘာဖြစ်နေလည်ဟ နင်ကလည်း
သက်မောင်ဦး = ညက မမြင်ရလို့ လေ လာကြည့်တာပေါ့ဟ အောင်မယ် မျက်နှာမှာလည်း သနပ်ခါးတွေ ဖွေးလို့ ပါလား လာစမ်းဒီအနားကို အာဘွားပေးရအောင်--
ခင်စပယ် = သေခြင်လို့ လား ငါတီးလိုက်ရ ခေါင်းကွဲတော့မယ် လက်သံပြောင်တာနင်သိတယ်နော်
သက်မောင်ဦး = အား အား ဟာလုပ်ကြပါဦး နာလိုက်တာ အားနာလိုက်တာ
ကြွတ်ကြွတ် အား
ခင်စပယ် = ဟင်ဘာဖြစ်တာလည်း ဘယ်လိုဖြစ်သွားတာလည်း တယောက်ယောက်က ခဲနဲ့ ပြစ်လိုက်တာလားဟယ်
သက်မောင်ဦး = မဟုတ်ဘူး နင်ရိုက်လိုက်လို့ ခေါင်းကွဲသွားတာဟ
ခင်စပယ် = နင်ကလည်းငါကဘာဖြစ်သွားတာလည်းလို့  လန့် သွားတာဘဲ
တယောက်ယောက်ကများ ခဲနဲ့ ပြစ်လိုက်တာလားလို့  ကဲနောက်မနေနဲ့  သွား
တော့အမေပြန်လာလို့ တွေ့ သွားရင် မလွယ်ဘူးဟ နောက်မှတွေ့ ကြရအောင်ဟယ် လိမ်မာပါတယ် ဒီကောင်လေးက ပြန်နော်
သက်မောင်ဦး = ငါပြန်မယ် နင်ကျောင်းပြန်ရောက်ရင် အတိုးနဲ့ ပြန်စပ်ရမယ်
အတိုးအရင်းပေါင်းလိုက်ရင် နင်ငါ့ကိုပေးရမှာကအများကြီးနော်
ခင်စပယ် = အောင်မာ ငါ့ကမိန်းကလေးဘဲ နင်ကို အတိုးနဲ့ ပြန်အဖက်ခံရမယ်ပေါ့ ဟင်း နင်တော့ ပြောလေကဲလေ မန်းလေးပြဲလေမလုပ်နဲ့ 
သက်မောင်ဦး = အော် စပယ် အရင်းကိုနောက်မှပေးလည်းရတယ် အတိုး
တော့ မပျက်မကွက်ဆပ်နော်( စကားမဆုံးလိုက်ပြေးထွက်သွားလေသည်)
ခင်စပယ် = နင်ဟာလေ အဲလို ဂျစ်ကန့် ကန့် ညစ်တူးတူးလုပ်တာကိုက ငါစွဲလမ်းနေတာထင်ပါတယ်ဟယ်------- ငါလိုယောင်္ကျားပြဿဒါးမရှိ --
အပိုင်း ၄ အားဆက်လက်ဖော်ပြပေးပါမည်

0 comments:
Post a Comment