Monday, September 2, 2013

ကမ္ဘာ့အသည်းမဟာမိတ်အသင်း၏ ဥက္ကဋ္ဌစက်တင်ဘာလအတွင်း မြန်မာနိုင်ငံကိုလာမည်

Leave a Comment

ကမ္ဘာ့အသည်းမဟာမိတ်အသင်း၏ ဥက္ကဋ္ဌစက်တင်ဘာလအတွင်း
မြန်မာနိုင်ငံကိုလာမည်

**********************************************
(2.9.2013, Monday)

ကမ္ဘာ့ အသည်းမဟာမိတ် အသင်း(World Hepatitis Alliance)၏ ဥက္ကဋ္ဌ
Mr.Charles Gore စက်တင်ဘာ(၁၆)ရက်မှ (၂၁)ရက်အတွင်းမြန်မာနိုင်ငံကို
လာမည်ဖြစ်ကြောင်း သိရသည်။Mr.Charles လာရောက်နေစဉ်ကာလ
အတွင်း နေပြည်တော်၏ ရန်ကုန်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး
ဝန်ကြီးနှင့် တာဝန်ရှိသူများ တွေ့ဆုံပြီး အသည်းရောဂါနှင့် ပတ်သက်ပြီး
ကာကွယ်ရေး၊ ထိန်းချုပ်တာရေးစသည်များကိုဆွေးနွေးသွားမည်ဖြစ်သည်။
ထို့ပြင်အသည်းဖောင်ဒေးရှင်း၊မြန်မာသွေးရောဂါအဖွဲ့၊အသည်းရောဂါဆရာဝန်များ၊သုတေသီများ၊ဝေဒနာရှင်များနှင့် တွေ့ဆုံပြီး ဟောပြောပွဲများ ပြုလုပ်ရန်
လည်း စီစဉ်ထားခြင်းဖြစ်သည်။ ထို့ပြင်ကာကွယ်ဆေး အခမဲ့ထိုးပေးရန်လည်း
စီစဉ်ထားကြောင်း အသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါ်ခင်ပြုံးကြည်ထံမှ
သိရသည်။ ကမ္ဘာ့အသည်းမဟာမိတ်အဖွဲ့သည် နိုင်ငံတိုင်းအတွက်
အသည်းရောဂါနှင့် ပတ်သက်သော ကာကွယ်ရေး၊ကုသရေး၊ထိန်းချုပ်ရေး
စသည်များအတွက် တွန်းအားပေးကူညီနေသော အသင်းတစ်သင်း
ဖြစ်ကြောင်း သိရသည်။.ပြည်သတင်း (Sky Net) မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Facebook Like Page