Tuesday, September 3, 2013

ကန့်ကွက်တယ်

Leave a Comment
* ကန့်ကွက်တယ် *

အသက်(40) ရှိပြီဖြစ်သည့် လူပျိုကြီးသည် သူခေါ်ပြသည့် အမျိုးသမီးတိုင်းကို

သူ့မိခင်မှ မနှစ်မြို့ကြောင်း ပြောနေသဖြင့် သူငယ်ချင်းကို

ရင်ဖွင့်လိုက်နေလိုက်သည်။

“ဒါဆိုလည်း မင်းအမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြလိုက်ပေါ့ကွာ”

သူငယ်ချင်း၏ အကြံပေးချက်အတိုင်း ကြိုးစားဆောင်ရွက်လေတော့သည်။

ခြောက်လခန့်ကြာသောအခါ မူလ သူငယ်ချင်းနှင့် ပြန်ဆုံတွေ့ရလေသည်။

“ဘယ့်နှယ့်လဲ....... ငါပေးတဲ့ အကြံနဲ့ အိုကေသွားပြီလားကွ”

“ ဟင့်အင်း....... အမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြီး ခေါ်ပြပြန်တော့

အမေက သဘောကျပေမယ့် အဖေက အပြင်းအထန် ကန့်ကွက်တယ်ကွ”

0 comments:

Post a Comment

Facebook Like Page